#Local_News
Published 23 February 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ရွှေတောင်ကြား(၂)ရပ်ကွက်၊ ရွှေတောင်ကြားလမ်းတွင် နေအိမ်မီး
လောင်မှုအပါအဝင် ရန်ကုန်မြို့၌ တစ်ရက်ထဲမီးလောင်မှုငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ရွှေတောင်ကြားလမ်းတွင် ယမန်နေ့ည ၁၀နာရီခွဲကျော်အချိန်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
▪️ အဆိုပါ မီးလောင်သည့်နေရာသို့ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ခဲ့ရာ ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ရန်ကုန်တိုင်းအတွင်း ဖေဖော်ဝါရီလ ၂၂ရက်နေ့တစ်ရက်တာအတွင်း မီးလောင်မှု ၅ကြိမ် မီးလောင်ကျွမ်းခဲ့ပြီး လူတစ်ဦး မီးလောင် ေ-သဆုံးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မော်လမြိုင်မြို့ရဲ့ ဓာတ်ဆီ 92 နဲ့ 95 တစ်လီတာကို ၂၅ ကျပ် ကနေ ၆၀ ကျပ်အထိ ကျဆင်းလာပြီး ဒီဇယ်ဈေးနှုန်းတွေကတော့ပြီးခဲ့တဲ့အပတ်က တစ်လီတာကို ၃၅ ကျပ်အထိကျဆင်းလာပါတယ်။
#Local_News
Published 21 February 2025
#စက်သုံးဆီ #မော်လမြိုင်
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့သိရပါတယ် ။
#Local_News
Published 21 February 2025
#ရွှေစာရံဘုရားပွဲတော် #မန္တလေးတိုင်းဒေသကြီး
#YMG/NN #Yangon_Times
ဆန်ဈေးနှုန်းများကြီးမြင့်မှုမရှိစေရေးအတွက် ဈေးကွက်အတွင်းရောင်းချနေတဲ့ ဆန်ဈေးကို ဈေးနှုန်းအဆမတန်မြင့်တင်ရောင်းချတာတွေမရှိစေဖို့ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးနေတယ်လို့ စားသုံးသူဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 21 February 2025
#ဆန် #ဆန်ဆိုင်
#YMG/NN #Yangon_Times
#Local_News
Published 21 February 2026
■ မြန်မာနိုင်ငံတွင် အီးစီးကရက် (Vape) များ သုံးစွဲခွင့်ကို ယခု ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ကာတားမြစ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
■ အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများသည် ပြည်သူ့ကျန်းမာရေးအတွက် ထိခိုက်နိုင်ခြေ မြင့်မားကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ်များအကြား သုံးစွဲမှုတိုးပွားလာခြင်းကို ထိန်းချုပ်ရန် လိုအပ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် အီးစီးကရက် (Vape) များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်းအားလုံးကို တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
■ ထို့အပြင်တားမြစ်ချက်ကို ချိုးဖောက်သူများအား သက်ဆိုင်ရာ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများပြသခြင်းများ ကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီကထုတ်ပြန်တဲ့ ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များ(Private Cinema) ဖွင့်လှစ်ပြသနေမှုနဲ့ပတ်သက်ပြီး အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
#Local_News
Published 21 February 2025
#လိုင်စင် #Private_Cinema
#YMG/SW #Yangon_Times
#Daily_News
Published 21 February 2025
၁။ ရွှေစာရံဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်
၂။ ဆန်ဈေးနှုန်းများ ကြီးမြင့်မှုမရှိစေရေး ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးနေ
၃။ လိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများပြသခြင်းများကို အရေးယူမည်
၄။ စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့သော သမ္မတဟောင်းယွန်ဆော့ယောကိုပုန်ကန်မှုဖြင့် ဆိုးလ်တရားရုံးမှတသက်တစ်ကျွန်းထောင်ဒဏ်ချမှတ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 107 of 2419