ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဆန်စက်တွေနဲ့ ဆန်သိုလှောင်ရုံတွေကို တရားမဝင် သိုလှောင်ထားခြင်းရှိ/မရှိနဲ့ ဈေးကွက်စောင့်ကြည့် စစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ တရားမဝင်ကုန်သွယ်မှု အထူးတိုက်ဖျက်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 29 January 2025
#ဆန်သိုလှောင်ရုံ #တရားမဝင်ကုန်သွယ်မှု
#YMG/SW #Yangon_Times
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)နဲ့ စားသောက်ကုန်လုပ်ငန်းစနစ်တကျ တည်ထောင်လုပ်ကိုင်ဆောင်ရွက်လိုသူေတွအတွက် တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ သင်တန်း (၁၅) ကြိမ် ဖွင့်လှစ်ပေးသွားမယ်လို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (နေပြည်တော်ရုံးချုပ်)မှ သိရပါတယ်။
#Local_News
Published 29 January 2025
#မဲခေါင်-လန်ချန်း #အသေးစားစက်မှုလက်မှုလုပ်ငန်း
#YMG/SW #Yangon_Times
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၄ ရက်အထိ စကျင်းပသွားမှာဖြစ်ရာ ပြိုင်ပွဲမှာတော့ ဆုအမျိုးအစားပေါင်း ၃၁မျိုးအထိပေးအပ်ချီးမြင့်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 29 January 2025
#MSMEထုတ်ကုန်ပြပွဲ #ဆုပေါင်း၃၁ခု
#YMG/SW #Yangon_Times
(၁၇) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အရှေ့ဘက်အောက်ပစ္စယာမှာရှိတဲ့ ထန်းပင်ကုန်းကွင်းမှာ လာမယ့်လအတွင်းမှာကျင်းပသွားမယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 29 January 2025
#ရွှေတိဂုံစေတီတော် #မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ
#YMG/NN #Yangon_Times
#World_News
Published 29 January 2025
▪️ အမေရိကန်မှာ အစိုးရဝန်ထမ်းအင်အား သိသိသာသာ လျှော့ချသွားမယ့် အစီအစဉ်အစိတ်အပိုင်းအနေဖြင့် အရပ်သားအချိန်ပြည့် အစိုးရဝန်ထမ်းအားလုံးနီးပါးအတွက် အလုပ်နုတ်ထွက်ရင် များပြားတဲ့ ငွေကြေးပေးသွားမယ်လို့ မက်လုံးပေးကမ်းလှမ်းထားကြောင်း ဒေါ်နယ်ထရမ့် စီမံအုပ်ချုပ်ရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောသွားပါတယ်။
▪️ ရက်ရွှေ့ဆိုင်းနုတ်ထွက်ခြင်း ပရိုဂရမ်အရ အစိုးရဝန်ထမ်းတွေဟာ စက်တင်ဘာ ၃၀ အထိ အလုပ်လုပ်စရာမလိုဘဲ လစာရရှိနေမှာဖြစ်တယ်လို့ ဝန်ထမ်းတွေထံပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။
▪️ အစိုးရဝန်ထမ်းတွေ အလုပ်နုတ်ထွက်ခြင်းအတွက် ငွေကြေးမက်လုံးက များသောအားဖြင့် ဒေါ်လာ ၂ သောင်းခွဲ အများဆုံးအထိရှိပါတယ်။
▪️ ဒီအစီအစဉ်မှာ ပါဝင်ခြင်းရှိမရှိ ဆုံးဖြတ်ဖို့ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ အချိန်ပေးထားပါတယ်။
▪️ စိတ်ပါဝင်စားတဲ့ ဝန်ထမ်းများက အစိုးရအကောင့်တစ်ခုရဲ့ အီးမေးလ်ကို စာပြန်ပြီး 'နုတ်ထွက်မည်'ဆိုတဲ့ စာလုံးရေးသားဖို့ အမေရိကန်အစိုးရက ညွှန်ကြားထားပါတယ်။
▪️ ဒီဝန်ထမ်းတွေထဲမှာ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံတော် လုံခြုံရေးနဲ့ ဆက်စပ်နေရာများ၊ အမေရိကန်စာတိုက်မှာ အလုပ်လုပ်တဲ့ သူတွေကလွဲပြီး အရပ်သားဝန်ထမ်းတွေ အကျုံးဝင်နေပါတယ်။
▪️ စာတိုက်လုပ်ငန်း မပါဘဲနဲ့ဆိုရင် အမေရိကန်အရပ်သားဝန်ထမ်းပေါင်း ၂.၃ သန်းရှိနေပါတယ်။
▪️ စစ်တပ်နဲ့ အချို့အေဂျင်စီတွေက ဝန်ထမ်းအင်အား တိုးချဲ့သွားဖွယ်ရှိပေမယ့် အများစုကတော့ အင်အားလျှော့ချသွားဖွယ် ရှိနေကာ ဝန်ထမ်းများအတွက် အလုပ်အာမခံချက် မပေးနိုင်ဘူးလို့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။
▪️ ဒါပေမဲ့ ရာထူးမှ ဖယ်ရှားခံရပါက ဂုဏ်သိက္ခာရှိရှိဖြင့် ဆက်ဆံခံရမှာဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းအင်အား ပြန်လည်ဖွဲ့စည်းရာမှာ သိသာထင်ရှားစွာ လုပ်ဆောင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
▪️ အစိုးရဝန်ထမ်း အများအပြားဟာ အလုပ်သမားသမဂ္ဂတွေကို ကိုယ်စားပြုပြီး အလုပ်ခန့်အပ်ခြင်းဆိုင်ရာ ကာကွယ်မှုများ ရှိထားပါတယ်။
▪️ ထရမ့်အစိုးရအဖွဲ့ဟာ ဖက်ဒရယ်အစိုးရကြီးကို အဆိပ်သင့်ဝန်းကျင်ဖြစ်အောင် လုပ်နေပြီး ဝန်ထမ်းတွေဟာ ဆက်ပြီးနေချင်ရင်တောင် မနေနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ အမေရိကန် အစိုးရဝန်ထမ်းအဖွဲ့ချုပ်ဥက္ကဌ အဲဗရတ်ကယ်လီက ဆိုလိုက်ပါတယ်။
▪️ အစိုးရဝန်ထမ်းများအနေနဲ့ အခြားအလုပ်တစ်ခု ဝင်လုပ်နိုင်ပြီး စက်တင်ဘာ ၃၀ အထိ အငြိမ်းစားခံစားခွင့် ဆက်လက်ရရှိနိုင်မယ်လို့ သိရပါတယ်။
#Source: Reuters
#Local_News
Published 29 January 2025
▪️ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ သတင်းမီဒီယာတစ်ခုလျှင်နှစ်ဦးနှုန်းတက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC-1 တွင်ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါအခမ်းအနားကျင်းပမည့် နေရာကန့်သတ်ချက်အရ သတင်းမီဒီယာသမားဦးရေအား A Zone ၊ B Zone ခွဲခြားသတ်မှတ်ကာ သတင်းရယူစေမည်ဖြစ်ရာ အခမ်းအနားသို့တက်ရောက် သတင်းရယူလိုသောလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူထားသည့် သတင်းမီဒီယာများအနေဖြင့် သတင်းမီဒီယာတစ်ခုလျှင် (၂) ဦးနှုန်းဖြင့် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် တက်ရောက်သတင်းယူမည့် သတင်းမီဒီယာများအနေဖြင့် အမည်၊နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊ ရာထူးတာဝန်၊ သတင်းဌာနအမည်စသည့် သတ်မှတ်လျှောက်လွှာပုံစံပါ အချက်အလက်များကိုဖြည့်စွက်ကာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ(နေပြည်တော်)၊ ၀၆၇-၃၄၁၂၁၄၃၊ iprd.crd.npt @gmail.com၊ (ရန်ကုန်)၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊
ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#World_Health
Published 29 January 2025
▪️ ပြုပြင်ထုတ်လုပ်ထားတဲ့ အသားကြီးတွေ စားသုံးခြင်းနဲ့ ဒီမန်ရှာ၊ ဦးနှောက်စွမ်းရည် ကျဆင်းခြင်းတို့ကြား ဆက်စပ်မှုရှိနေတာကို မကြာသေးမီက Neurology ဂျာနယ်မှာ လေ့လာဖော်ပြခဲ့ကြပါတယ်။
▪️ ပျမ်းမျှအသက် ၄၉ နှစ်ရှိတဲ့ လူပေါင်း ၁၃၃၇၇၁ ဦးထံမှ ကျန်းမာရေးအချက်အလက်များ ဆန်းစစ်ခဲ့ကြပါတယ်။
▪️ ဝက်ပေါင်ခြောက် ၂ ချပ်ခန့် ပမာဏကို နေ့စဉ်စားသုံးပါက ဒီမန်ရှာဖြစ်နိုင်ခြေ ပိုများနေတာ တွေ့ရပါတယ်။
▪️ အသားကြီးနေရာမှာ ငါး၊ အခွံမာသီး၊ ကြက်ဘဲတို့ဖြင့် အစားထိုးရင်တော့ ဒီမန်ရှာနဲ့ ဦးနှောက်စွမ်းရည်ကျဆင်းမှု ဖြစ်နိုင်ခြေ လျော့နည်းနိုင်တယ်လို့ ဟားဗတ်ဒ်ဆေးတက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ ဒန်နီယယ်ဝမ်က ပြောပြပါတယ်။
▪️ အဆင့်ဆင့်ထုတ်လုပ်တဲ့ အသားကြီးတွေကို လက်တစ်ဖဝါးစာရဲ့ ၄ ပုံ ၁ ပုံခန့် နေ့စဉ်စားသုံးခြင်းဖြင့် ဦးနှောက်အိုမင်းခြင်း ၁.၆၁ နှစ်ပိုမြန်လာပြီး ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းစေပါတယ်။
▪️ ငါးနဲ့အစားထိုးစားလိုက်ရင်တော့ ဒီမန်ရှာဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း လျော့ကျသွားပြီး အခွံမာသီး၊ ပဲအမျိုးမျိုးတို့ဖြင့် အစားထိုးရင်တော့ ၂၀ ရာခိုင်နှုန်းခန့် လျော့ကျနိုင်ပါတယ်။
▪️ ဦးနှောက်စွမ်းရည် မြှင့်တင်ဖို့အတွက် အသားကြီးလျှော့စားပြီး အခြားပရိုတိန်းများ၊ အပင်အခြေပြုအစာများဖြင့် အစားထိုးသင့်တယ်လို့ ဒေါင်ဝမ်က ပြောထားပါတယ်။
▪️ အသားကြီးတွေနဲ့ အဆင့်ဆင့်ထုတ်လုပ် အသားတွေမှာပါတဲ့ ပြည့်ဝဆီများနဲ့ ဆားများက ဦးနှောက်ဆဲလ်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေကာ လုပ်ဆောင်ချက်များ ချို့ယွင်းစေတယ်လို့ သုတေသီများ ယူဆထားပါတယ်။
▪️ ဒီထက်ပိုမိုကွဲပြားတဲ့ လူတွေမှာတော့ သုတေသနတွေ ထပ်လုပ်ဖို့လိုသေးတယ်လို့ ဒေါက်တာဒေါင်ဝမ်က ဆိုပါတယ်။
▪️ ဒီရလဒ်တွေကနေ အစားအစာနဲ့ ဦးနှောက်ကျန်းမာရေးတို့ကြား ဆက်စပ်ပုံကို ပိုမိုသတိထားဆင်ခြင်နိုင်ဖို့ တွန်းအားဖြစ်လာစေမယ်လို့ မျှော်လင့်နေပါတယ်။
#Source: The Jerusalem Post
#World_Science
Published 29 January 2025
▪️ Ozempic နဲ့ Wegovy တို့လို ကိုယ်အလေးချိန်ချတဲ့ဆေးတွေက ကျန်းမာရေး တိုးတက်စေနိုင်မယ်လို့ လေ့လာချက်မှာ ဖော်ပြထားပေမယ့် ဒီဆေးတွေဟာ ဘေးထွက်အန္တရာယ်တွေတော့ ရှိနေနိုင်တယ်လို့ သုတေသီများ သတိပေးထားပါတယ်။
▪️ Ozempic ၊ Wegovy နဲ့ သာမန်ကုသမှုတွေ အသုံးပြုနေပြီး ဆီးချိုရောဂါရှိတဲ့ အမေရိကန်လူမျိုး ၂ သန်းထံမှ အချက်အလက်များ ဆန်းစစ်ခဲ့ကြပါတယ်။
▪️ ဒီဆေးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ..
- နှလုံးဖောက်နိုင်ခြေ၊ လေဖြတ်နိုင်ခြေ၊ နှလုံးရောဂါ၊ သွေးပေါင်ချိန်မြင့်မားခြင်းတို့ကို လျှော့ချပေးပါတယ်။
- ဒီမန်ရှာရောဂါ၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ တက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းတို့ လျော့ကျနိုင်ပါတယ်။
- အသည်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဘက်တီးရီးယားရောဂါများ ဖြစ်နိုင်ခြေ လျော့နည်းပါတယ်။
▪️ ဒီဆေးတွေကို ၃ နှစ်ခွဲကြာအောင် အသုံးပြုပြီးနောက် အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်းနည်းသွားတယ်လို့ လေ့လာချက်အရ သိရပါတယ်။
ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးများအနေနဲ့..
- မူးဝေအော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ သွေးလွန်ခြင်းစတဲ့ အစာခြေပြဿနာများ
- အရိုးအဆစ်ကိုက်ခဲခြင်း
- ပန်ကရိယနဲ့ ကျောက်ကပ်တို့ ရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ဒီဆေးတွေမှာပါတဲ့ semaglutide က ဗိုက်ပြည့်တဲ့အခါ ဦးနှောက်ကို လှုံ့ဆော်ပြီး ဆာလောင်မှုကို ထိန်းချုပ်ပေးပါတယ်။
▪️ ပညာရှင်တွေကတော့ ဒီဆေးတွေကို မရှိမဖြစ် လိုအပ်မှသာ အကြံပြုထားပြီး အဝလွန်ပြဿနာ မရှိတဲ့သူတွေအတွက်တော့ ဘေးထွက်ဆိုးကျိုးက အကျိုးကျေးဇူးထက် ပိုများနေနိုင်တယ်လို့ ဆိုပါတယ်။
#Source: WION
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး၊ နယ်စပ်လုံခြုံရေး၊ ချမှတ်လာနိုင်တဲ့ အခွန်အခများနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်များ ထုတ်ပြန်နေခြင်းရဲ့ သက်ရောက်မှုတွေကို မက္ကဆီကိုခံစားနေရပြီး စီးပွားရေးနဲ့ လုံခြုံရေးတိုအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလာပါတယ်။
#World_News
Published 28 January 2025
#ဒေါ်နယ်ထရမ့် #အမေရိကန်-မက္ကဆီကို
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 28 January 2025
၁။ မန္တလေး- ချင်းမိုင်ခရီးစဉ်အသစ် MAI ဖေဖော်ဝါရီ၌ ပြေးဆွဲမည်
၂။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဇာတ်လမ်းတိုပြိုင်ပွဲ ကျင်းပမည်
၃။ အင်းလေးကန်အတွင်း ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များတွေ့ရှိ
၄။ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးညွှန်ကြားချက်များကြောင့် အမေရိကန်-မက္ကဆီကိုကုန်သွယ်မှုဆက်ဆံရေးထိခိုက်လာဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၈ ဇန်နဝါရီ ၂၀၂၅
တရုတ်မီဒီယာအုပ်စုက လာမည့် ၂၀၂၅ တရုတ်နှစ်သစ်ကူးပွဲတော်ဖျော်ဖြေရေးပွဲအစီအစဉ်စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်မီဒီယာအုပ်စုက ကြီးမှူးကျင်းပတဲ့ အဆိုပါနှစ်သစ်ကူးဖျော်ဖြေပွဲမှာ အက၊အော်ပရာ၊ ဟာသ၊ ဟာသတို၊ကိုယ်ခံ့ပညာစွမ်းရည်၊ မျက်လှည့်နှင့် အခြားသော အစီအစဉ်များစွာပါဝင်မှာဖြစ်ပါတယ်။
Source CCTV+
#Local_News
Published 28 January 2025
▪️ ၇၆ ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ၂၇ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
▪️ အခမ်းအနားတွင်အိန္ဒိယနှင့် မြန်မာတို့၏ နိုင်ငံတော်သီချင်းကို သီဆိုပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးတွင် လတ်တလောတိုးတက်မှုများအကြောင်း ဗီဒီယိုကို ပြသခဲ့က သံအမတ်ကြီး Abhay Thakur က ၎င်း၏ မိန့်ခွန်းတွင် အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကျင့်ဝတ်များကို အလေးပေးပြောကြားခဲ့သည်။
▪️ အဆိုပါ ပွဲသို့ မြန်မာနိုင်ငံ အစိုးရမှ အကြီးတန်း အရာရှိများ၊ နိုင်ငံရေးပါတီများ၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေး၊ အသိပညာအတတ်ပညာရှင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများ၊ အိန္ဒိယနိုင်ငံသားများနှင့် အိန္ဒိယနွယ်ဖွားများ နယ်ပယ်အသီးသီးမှ ထင်ရှားသော ပုဂ္ဂိုလ်များ အပါအဝင် ဧည့်သည်တော် ၆၀၀ ကျော် တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် ဇနီး ဒေါ်သန်းသန်းအေးတို့သည် ဧည့်ခံပွဲ၏အထူးဧည့်သည်တော်များအဖြစ်တက်ရောက်ခဲ့ေကြာင်း သိရသည်။
▪️ ပွဲ၌အိန္ဒိယသံရုံး၏ Swami Vivekananda Cultural Center (SVCC) မှ အိန္ဒိယ ရိုးရာ အကများနှင့် ယောဂသရုပ်ပြမှု ပါဝင်သောစွဲမက်ဖွယ်ယဉ်ကျေးမှုဖျော်ဖြေပွဲကိုတင်ဆက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 327 of 1861