#Local_News
Published 28 January 2025
▪️ ဇန်နဝါရီလ၂၇နှင့်၂၈ရက်များတွင် နှစ်ရက်ဆက်တိုက် ခရီးသည်တင်ယာဉ်များမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ပထမဖြစ်စဉ်မှာ၂၇.၁.၂၀၂၅ ရက်နေ့၊ ၁၆ ၀၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝဒေးရပ်ကွက်၊ မိုင်တိုင်အမှတ်(၁၇၇/၁)တွင် ခရီးသည်တင်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၆ ၂၀ အချိန် မီးငြိမ်းခဲ့ပြီးအဆိုပါယာဉ်မီးလောင်မှုကြောင့် လူ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
ဒုတိယဖြစ်စဉ်မှာ၂၈.၁.၂၀၂၅ ရက်နေ့၊ ၀၉ ၁၀ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း၊ မိုင်တိုင်အမှတ်(၄၁/၀)တွင် HYUNDAI CITY BUS ခရီးသည်တင်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လက်ပံပျားနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၉ ၄၄ အချိန် မီးငြိမ်းခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
▪️ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ၁၇လမ်းထိပ်တွင်၂၈.၁.၂၀၂၅ရက်နေ့၊ ၀၇ ၁၈အချိန်ခန့်က ရန်ကုန် ကားမီးလောင်မှုဖြစ်ပွါးခဲ့ပြီးသင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးထွက်ခွါမီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ချိန်မှာ ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီး ရုရှားဘာသာစကားသင်တန်းတွေကိုနေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဖွင့်လှစ်ပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 28 January 2025
#ရုရှားဘာသာစကားသင်တန်း #ခရီးသွားဧည့်သည်
#YMG/SW #Yangon_Times
#Local_News
Published 28 January 2025
▪️ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် အပတ်စဉ်တနလ်ာနေ့တိုင်း ပလပ်စတစ်မသုံးစွဲရနေ့အဖြစ်သတ်မှတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင်တွင် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ဖြစ်ပြီး အပတ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်တွေကို အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းမှာ တွေ့ရှိထားတယ်လို့ သစ်တောဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 28 January 2025
#ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် #အင်းလေးကန်
#YMG/NN #Yangon_Times
သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့အတွက် ဘယ်သူမဆိုကိုယ်တတ်နိုင်တဲ့ ဖက်ကနေ ပါဝင်နိုင်တယ်ဆိုတာ သက်သေပြဖို့ ရည်ရွယ်ချက်နဲ့ “စိမ်းလန်းခြင်းနေ့ရက်များ”လို့ အမည်ပေးထားတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဇာတ်လမ်းတိုပြိုင်ပွဲကို ကျင်းပသွားမယ်လို့ သန့်မြန်မာအဖွဲ့အစည်းက သိရပါတယ်။
#Local_News
Published 28 January 2025
#သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး #အသိပညာပေးဇာတ်လမ်းတိုပြိုင်ပွဲ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံ ရဲ့ မန္တလေးမြိုနဲ့ ထိုင်းနိုင်ငံရဲ့ချင်းမိုင်မြို့ကို ခရီးစဉ်အသစ်အဖြစ် Myanmar Airways International (MAI) က ဖေဖော်ဝါရီလအတွင်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။
#Local_News
Published 28 January 2025
#မန္တလေး-ချင်းမိုင် #MAI
#YMG/NN #Yangon_Times
#Local_News
Published 28 January 2025
▪️ မန္တလေးတိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ ဖေဖော်ဝါရီလအတွင်း အအေးဆက်လက်ပိုနိုင်ပြီး အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ကြောင်း ယနေ့ထုတ်ပြန်သည့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖေဖော်ဝါရီလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်အရ သိရသည်။
▪️ အဆိုပါ ထုတ်ပြန်ချက် အရ ဘင်္ဂလားပင်လယ်အော်အခြေအနေ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ၄ ရက်မှ ၇ ရက်ခန့်နှင့် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် ၁ ရက်မှ ၃ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ဆိုထားသည်။
▪️ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နိုင် ကြောင်း သိရသည်။
▪️ ညအပူချိန်များမှာမူ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီစင်တီဂရိတ်နှင့်အထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း သိရသည်။
▪️ ၎င်းအပြင် မြူအခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၁၈ ရက်မှ ၂၅ ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁၀ ရက်မှ ၁၇ ရက်ခန့်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၂ ရက်မှ ၉ ရက်ခန့် မနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 January 2025
▪️ မြန်မာစာပေလောက၏ ထင်ရှားသည့် စာရေးဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ယနေ့မနက်အစောပိုင်း၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။
▪️ ယနေ့ ဇန်နဝါရီ ၂၈ ရက် မနက်၁၂နာရီ ခွဲအချိန်၌ ဖေဖေဦးခင်အေး (မောင်ခင်မင် ဓနုဖြူ) ရုတ်တရက် ကွယ်လွန်သွားပါပြီဟု သမီးဖြစ်သူ မသူသူနွယ်အေးက လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။
▪️ စာရေးဆရာကြီး မောင်ခင်မင် (ဓနုဖြူ)ကွယ်လွန်မှုအပေါ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ကလည်း သံဝေဂတရားပွားများရပါကြောင်းနှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ ပေးပို့ရာတွင် " နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန၊ ပါမောက္ခ(ပြင်ပပညာရှင်) မြန်မာစာပညာရှင် ဆရာကြီး ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)သည် ၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်၊(၂၈-၁-၂၀၂၅၊ အင်္ဂါနေ့၊ နံနက်) တနင်္လာနေ့၊ ည ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် နေအိမ်၌ ရုတ်တရက်ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် သာသနာ့တက္ကသိုလ်၊ မြန်မာစာပေနှင့် လူမျိုးတို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကာ သံဝေဂတရားပွားများရပါကြောင်းနှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ကျန်ရစ်သူမိသားစုများထံ ပေးပို့အပ်ပါသည်"ဟု ဖော်ပြထားသည်။
▪️ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ၏ အမည်အရင်းသည် ဦးခင်အေးဖြစ်ပြီး
၁၉၄၂ ဇန်နဝါရီ ၂ရက်တွင် ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်ရှိပြီဖြစ်သည်။
▪️ ဆရာကြီးသည် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်ခံခဲ့ရပြီး မြန်မာစာပေနှင့် ပတ်သက်သည့် စာအုပ်ပေါင်း သုံးဆယ်နီးပါးကို မောင်ခင်မင် (ဓနုဖြူ) အမည်ဖြင့် ရေးသားထားခဲ့ပြီး အမျိုးသားစာပေဆု၊ စာပေဗိမာန်ဆု၊ ဂုဏ်ထူးဆောငိ စာပေပါရဂူဘွဲ့များ ချီးမြှင့် ခံခဲ့ရကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 28 January 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပေါ် ရာဇဝတ်မှု တရားစွဲဆိုချက်တွေမှာ ပါဝင်လုပ်ဆောင်ခဲ့တဲ့ ဝန်ထမ်းတစ်ဒါဇင်ကျော်ကို တရားစီရင်ရေးဌာနက အလုပ်ထုတ်ခဲ့ကြောင်း တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
▪️ ဒါဟာ စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရှေ့နေတွေကို ဒဏ်ခတ်သွားဖို့ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပြီး သမ္မတရဲ့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားကို အလေးပေးလိုတဲဆန္ဒ မြင်တွေ့နေရတာ ဖြစ်ပါတယ်။
▪️ အထူးအကြံပေး ဂျက်ခ်စမစ်အဖွဲ့မှာ အလုပ်လုပ်ခဲ့တဲ့ ရှေ့နေတွေအပေါ် ပစ်မှတ်ထားခြင်းကို ရုတ်တရက် အဆုံးသတ်လိုက်ခြင်းက တရားစီရင်ရေးဌာနအတွင်း အုံကြွခြင်း နောက်ဆုံးအရိပ်အယောင် ဖြစ်နေပြီး သမ္မတအပေါ် သစ္စာမရှိဘူးလို့ ယူဆရတဲ့ အစိုးရဝန်ထမ်းတွေကို ရှင်းလင်းမယ့် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ကိုက်ညီနေပါတယ်။
▪️ ဌာနခွဲများတလျှောက် အကြီးတန်းအရာရှိ အများအပြား ပြန်လည်တာဝန်ပေးအပ်ပြီးနောက် အစဉ်အလာအရ သမ္မတအုပ်ချုပ်ရေးအပိုင်းမှာ ကျန်ရှိနေတဲ့ သာမန်အဆင့်ရှိ ရှေ့နေများကိုပင် ဒီလိုဆောင်ရွက်ခဲ့ပေမယ့် စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ခဲ့ခြင်းကြောင်းတော့ အပြစ်ပေးခံရမှာမဟုတ်ပါဘူး။
▪️ ရာထူးမှထုတ်ပယ်ခြင်းတွေက ချက်ချင်းအသက်ဝင်လာမှာ ဖြစ်ပါတယ်။
"ယနေ့ဆိုရင် သမ္မတထရမ့်အပေါ် တရားစွဲဆိုမှုတွေမှာ ထင်ရှားစွာပါဝင်ခဲ့တဲ့ တရားစီရင်ရေးဌာနမှ အရာရှိအချို့ကို ယာယီအစိုးရရှေ့နေချုပ် ဂျိမ်းစ်မက်ဟင်နရီက တာဝန်မှဖယ်ရှားလိုက်ပါပြီ။ ဒီလိုအရာရှိတွေက သမ္မတအရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ယုံကြည်စိတ်ချရမယ်လို့ မထင်ပါဘူး" လို့ တရားစီရင်ရေးဌာနက ဖော်ပြထားပါတယ်။
▪️ ဘယ်ရှေ့နေတွေကို အမိန့်ချမလဲ၊ ဌာနအတွင်း ဘယ်သူတွေ ဆက်ကျန်မလဲဆိုတာ သေချာမသိရသေးပါဘူး။
▪️ ပြီးခဲ့တဲ့နှစ်တွေမှာ ထရမ့်ရဲ့အရိပ်မည်းကြီး ဖြစ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ အခြေအနေကို ပြောင်းလဲစေမယ့် အားထုတ်မှုတွေ ဖြစ်ပါတယ်။
▪️ ထရမ့်သမ္မတတာဝန် စတင်ထမ်းဆောင်တဲ့နေ့မှာပဲ ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန်ကပ်ပီတိုလ်ကို တိုက်ခိုက်ခဲ့သူ ၁၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။
▪️ ထရမ့်ဟာ သူ့အပေါ်စုံစမ်းစစ်ဆေးခဲ့တဲ့ တရားစီရင်ရေးဌာနကို ပြီးခဲ့တဲ့နှစ်များအတွင်းက ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။
#Source: AP News
#World_Health
Published 28 January 2025
▪️ ယနေ့ခေတ် စားစရာတွေထဲက အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ် စားစရာတွေဟာ ကလေးငယ်တွေမှာ မေးရိုးဖွံ့ဖြိုးမှုကို သက်ရောက်စေပြီး သွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာမျိုး ဖြစ်လာနိုင်ကာ မေးရိုးအရွယ်အစား လျော့ပါးစေနိုင်တယ်လို့ ဗလင်စီယာ ကက်သလစ်တက္ကသိုလ်မှ သုတေသနဖော်ပြထားပါတယ်။
▪️ အသက် ၃ နှစ်မှ ၅ နှစ်ကြား ကလေးငယ် ၂၅ ဦးရဲ့ စားသောက်ပုံစံ၊ သွားတည်ဆောက်ပုံ၊ ဦးခေါင်းခွံပုံသဏ္ဍာန်တို့ကို စောင့်ကြည့်ခဲ့ကြရာ ပျော့ပျောင်းတဲ့ အစားအစာတွေ စားသုံးလေ့ရှိသူတွေက သွားငေါထွက်ခြင်း၊ သွားများကြား သဘာဝနေရာလွတ် မရှိခြင်းတို့ ဖြစ်နိုင်ခြေများကာ ကြီးလာတဲ့အခါ သွားမညီညာခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ အဆင့်ဆင့်ထုပ်ပိုးစားစရာတွေက ပျော့ပျောင်းပြီး ဝါးတဲ့အခါ သိပ်အားမစိုက်ရတာကြောင့် မေးရိုးဖွံ့ဖြိုးမှုကို ထိခိုက်စေကြောင်း၊ ဝါးစားခြင်းက မေးရိုးနဲ့ ကြွက်သားများ ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးကာ သွားညီညာစေကြောင်း ဒေါက်တာ လော်ရာမားကက်စ်မာတီနက်ဇ်က ပြောပါတယ်။
▪️ မာပြီး အမျှင်ပါတဲ့ အစားအစာတွေ၊ သစ်သီး၊ ဟင်းရွက်၊ သဘာဝပရိုတိန်းတို့က မေးရိုးလှုပ်ရှားစေပြီး သွားတည်ဆောက်ပုံ ပြဿနာများဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ ကလေးငယ်တွေမှာ မေးရိုးကျုံ့သွားရခြင်းက ဝါးရလွယ်တဲ့ စားစရာတွေကိုပဲ ကျွေးနေတာကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးသိပ္ပံပညာရှင် တင်မ်စပက်တာက ပြောပါတယ်။
▪️ ကလေးတွေဟာ နေ့စဉ်စားသုံးတဲ့ ကယ်လိုရီတွေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးလောက်ကို အဆင့်ဆင့်ထုပ်ပိုးစားစရာတွေကနေ ရရှိနေပါတယ်။
▪️ စက်မှုထွန်းကားတဲ့ နိုင်ငံတွေမှာ ခေတ်မီအစားအစာများ ပေါများတာကြောင့် မေးရိုးတိုသွားပြီး သွားအရွယ်အစားနဲ့ယှဉ်ရင် သေးငယ်နေတာဖြစ်ပါတယ်။
▪️ ဒီစားစရာတွေနဲ့ ပတ်သက်လာရင် ဓာတုပစ္စည်းတွေအကြောင်း အပြောများပေမယ့် ပျော့ပျောင်းတဲ့အကြောင်းတော့ သိပ်အလေးမထားကြဘူးလို့ စပက်တာက ပြောသွားပါတယ်။
#Source: The Jerusalem Post
#World_Health
Published 28 January 2025
▪️ မိဘတွေ ကွာရှင်းပြတ်စဲသွားကြတဲ့ ကလေးတွေဟာ စိတ်ဓာတ်ကျခြင်း၊ အယုံအကြည် မရှိခြင်း၊ မိမိကိုယ်ကို လေးစားယုံကြည်မှု လျော့နည်းခြင်းတို့ ခံစားရနိုင်ပြီး လူမှုရေးအထီးကျန်ခြင်း၊ ကျောင်းမှာ ပြဿနာဖြစ်ခြင်းတို့ ကြုံတွေ့လာရနိုင်တယ်လို့ သုတေသနတစ်ခုမှာ တွေ့ရပါတယ်။
▪️ မိဘကွာရှင်းပြတ်စဲခြင်း ဖြစ်ခဲ့တဲ့ ကလေးတွေဟာ ယင်းတို့ဘဝတစ်ချိန်ချိန်မှာ လေဖြတ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းပိုများတယ်လို့ ဖော်ပြလာပါတယ်။
▪️ ဦးနှောက်သို့ သွေးစီးဆင်းမှု ပိတ်ဆို့မှု၊ ဦးနှောက်ထဲက သွေးကြောပေါက်ထွက်ပြီး သွေးယိုစိမ့်တဲ့အခါ လေဖြတ်ခြင်းဖြစ်လာပါတယ်။
▪️ တိုရွန်တိုတက္ကသိုလ်မှ အက်စ်မီဖူလာသွမ်ဆင်နဲ့ အဖွဲ့က အရွယ်ရောက်ပြီးသူ ၁၃၂၀၀ ဦးထံမှ အချက်အလက်များကို လေ့လာကြည့်ရာမှာ ၇ ရာခိုင်နှုန်းက လေဖြတ်ခြင်း ခံစားခဲ့ရပြီး ၁၄ ရာခိုင်နှုန်းလောက်က ယင်းတို့အရွယ်မရောက်ခင် မိဘတွေ ကွာရှင်းခဲ့ကြပါတယ်။
▪️ ဒါ့အပြင် ဒီလိုကလေးတွေက သွေးပေါင်ချိန်မြင့်မားခြင်း၊ အိပ်စက်မှုပြဿနာဖြစ်ခြင်းတို့ ဖြစ်နိုင်ခြေပိုများတယ်လို့လည်း ယူဆထားပါတယ်။
▪️ ဆီးချို၊ စိတ်ဓာတ်ကျခြင်းတို့လို အချက်အလက်တွေ ထိန်းချုပ်ထားပေမယ့် သွေးပေါင်ချိန်၊ ကိုလက်စ်ထရောလ်၊ အသက်အရွယ်တို့နဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေ မရှိထားပါဘူး။
▪️ ပါဝင်စမ်းသပ်သူထဲမှာ အငယ်ဆုံးတစ်ယောက်က ၁၉၅၇ ခုနှစ်ဖွားဖြစ်ပြီး ထိုခေတ်အသက်အရွယ်တွေအတွက် မိဘများ ကွာရှင်းပြတ်စဲခြင်းနဲ့ လေဖြတ်ခြင်းတို့ကြား ဆက်စပ်မှုမျိုး ခံစားရဖို့ရှိမရှိ မသေချာဘူးလို့ သုတေသီများ ဖော်ပြထားပါတယ်။
▪️ ၂၀၁၀ လေ့လာချက်အရတော့ မိဘကွာရှင်းခံရတဲ့ ကလေးတွေဟာ တခြားကလေးတွေနဲ့ယှဉ်ရင် ဘဝတစ်ချိန်ချိန်မှာ လေဖြတ်ခြင်းခံစားရနိုင်ခြေ ၂ ဆကျော်လောက် ပိုများတယ်လို့ ယူဆရပါတယ်။
▪️ ဒီလိုကလေးတွေဟာ လေဖြတ်ခြင်းအပြင် အရွယ်ရောက်လာတဲ့အခါ ကျန်းမာရေးပြဿနာများ မကြာခဏ ခံစားရနိုင်တယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။
▪️ စိတ်ဓာတ်ကျခြင်း၊ ကိုယ်ခံအားနည်းခြင်းတို့ဖြင့် ရောဂါဘယများ ဝင်လာနိုင်ပြီး အကျိုးဆက်အနေနဲ့ အရွယ်မတိုင်ခင် အသက်ဆုံးပါးမှုတွေပင် ဖြစ်လာနိုင်ပါတယ်။
#Source: New York Post
အမေရိကန် အိုဟိုင်ယိုပြည်နယ် ဒေတန်မှာရှိတဲ့ တရုတ်နိုင်ငံပိုင် မှန်စက်ရုံကြီးတစ်ခုကြောင့် ထိုဒေသအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်လာကာ စီးပွားရေး တည်ငြိမ်လာစေပါတယ်။
#World_Industry
Published 27 January 2025
#မှန်စက်ရုံကြီးလည်ပတ် #အိုဟိုင်ယိုပြည်နယ်
#YMG #Yangon_Times #Yangon_Media_Group
Page 328 of 1861