#Local_News
Published 31 January 2025
▪️ ဖေဖော်ဝါရီလအတွင်း ရန်ကုန်ဆိပ်ကမ်းသို့ နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၅၃) စီး ဝင်ရောက်မည်ဖြစ်ကြောင်း ရန်ကုန်ဆိပ်ကမ်းအာဏာပိုင်(MPA) မှ သိရသည်။
▪️ ထိုသို့ဝင်ရောက်ရာတွင် ကုန်တင်သင်္ဘောလိုင်း ၁၃ ခုမှ ပြေးဆွဲခြင်းဖြစ်ပြီး SITC မှ ၁၀ စီး၊ COSCO မှ ၈ စီး၊ SAMUDERA မှ ၆ စီး၊ Maersk A/S မှ ၅ စီး ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် CMA-CGM နှင့် MSC တို့မှ ၄ စီးစီ၊ ONE ၊ RCL နှင့် Ti2 Container Line တို့မှ ၃ စီးစီ၊ BLPL ၊ EVERGREEN နှင့် OCEAN SALUTE တို့မှ ၂ စီးစီ၊ Land and SEA မှ ၁ စီး ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 31 January 2025
▪️ ယခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက် (Myanmar Inspection & Testing Services L.td) မန္တလေးဓာတ်ခွဲခန်း၌ စားသုံးဆီနမူနာပေါင်း ၁၃ခု အား အရည်အသွေးကောင်း/မကောင်း၊ စားသုံးရန်သင့်/မသင့်၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိ/မရှိကို စားသုံးရန်သင့်၊ မသင့်စစ်ဆေးထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးရေးရာဦးစီးဌာနမှ သိရသည်။
▪️ ထို့အပြင် မန္တလေးတိုင်းအတွင်းရှိ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ မိတ္ထီလာခရိုင်အတွင်းက ဝါစေ့ဆီများကိုလည်း စစ်ဆေးပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဈေးကွက်အတွင်း စားသုံးရန်ရောင်းချလျက်ရှိနေသည့် မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် အခြားဆီအမျိုးမျိုးတို့ကို အဆိုပါဓာတ်ခွဲခန်းမှာ ဓာတ်ခွဲစမ်းသပ်ပေးနေပြီး စားသုံးဖို့သင့်တော်မှုရှိ/မရှိ၊ လတ်ဆတ်မှုရှိ/မရှိ၊ အရည်အသွေးကောင်း/ မကောင်း၊ ကျန်းမာရေးနှင့်သင့်တော်မူရှိ/မရှိကို ဓာတ်ခွဲစမ်းသပ်ကာ သတ်မှတ်ထားသည့် ဆီအရည်အသွေးနှင့်ကိုက်ညီပါက အသိအမှတ်ပြု လက်မှတ်(Certificate) ထုတ်ပေးနေခြင်းဖြစ်သည်။
▪️ ထို့အတူဓာတ်ခွဲရလဒ်များအပေါ်မူတည်ပြီး ကုန်ကြမ်းပိုင်း ဆိုင်ရာနှင့် ကုန်ချောပိုင်းဆိုင်ရာ ပြင်ဆင်သင့်သည့် အကြံပြုချက်များအားလည်း ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ မန္တလေးဓာတ်ခွဲခန်း၌ မြန်မာပြည်အထက်ပိုင်းရှိ စားသုံးဆီအားလုံးကိုလာရောက်စစ်ဆေးနိုင်ကြောင်း သိရသည်။
▪️ ၎င်းအပြင် စားသုံးရန်သင့်/မသင့်စစ်ဆေးခြင်း၊ ကျန်းမာရေးအတွက် အထူးပြု/မပြုစစ်ဆေးခြင်း၊ ဆီ၏တာရှည်ခံနိုင်မှုနှင့် လတ်ဆတ်မှုကို စစ်ဆေး ခြင်းစသည်တို့ဖြင့် စစ်ဆေးသူ၏ စစ်ဆေးလိုသည့် အကြောင်းအရာပေါ်မူတည်ကာ ဓာတ်ခွဲပမာဏအလိုက် ကုန်ကျစရိတ်ကျသင့်သွားမည်ဖြစ်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published_ 31 Jan 2025
▪️ နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်လိုက်ကြောင်း ယနေ့ဇန်နဝါရီလ ၃၁ ရက်တွင် နေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂ဝ၂၅)က သိရသည်။
▪️ အစည်းအဝေးတွင် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံ့တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှုနှုန်း မြန်ဆန်လာစေရေးအတွက် ပညာရေးကဏ္ဍမြှင့်တင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ကျန်းမာမှပညာ သင်ကြားနိုင်ပြီး လူမှုရေး၊ စီးပွားရေးစသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရသည့် ဒေသများပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်ကိုစတင်ထမ်းဆောင်ချိန်ကတည်းက နိုင်ငံအတွင်း ဖြစ် ပွားနေသည့် လက်နက်ကိုင် ဝိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီ ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဖက်ဒရယ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လွတ်လပ် ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျ ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်နေမှု အခြေအနေများ၊ ပွဲကျင်းပရာတွင် ခိုင်လုံမှန်ကန်သော မဲစာရင်းများရရှိရေးအတွက် လူဦးရေရွေးကောက်ပွဲနှင့်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကိုရှင်းလင်းတင်ပြပြီး မိမိတို့အားလုံးရည်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ကိုတွေ့ရကြောင်း၊ အဓိကအားဖြင့် လွတ်လပ်ပြီး တရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် လုပ်ဆောင်ရန်လိုအပ်ချက်များကို အရှိန်အဟုန်မပျက် ဆက်လက် လုပ် ဆောင်နိုင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်း တိုးမြှင့်ပေးနိုင်ရန်တင်ပြခဲ့ကြောင်း သိရသည်။
▪️ ယင်းတင်ပြချက်များကို ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြကာ ယာယီ သမ္မတ (တာဝန်)တပ်မတော်ကာ ကွယ် ရေးဦးစီးချုပ်အပါအဝင်အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေ ညာ ထားသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
▪️ အစည်းအဝေးသို့ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
#Yangon_Times/PP
#World_News
Published 31 January 2025
▪️ Google(ဂူဂဲလ်)က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ညွှန်ကြားချက်အတိုင်း မက္ကဆီကိုပင်လယ်ကွေ့ကို အမည်ပြောင်းလဲသွားဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ မက္ကဆီကိုသမ္မတ ကလော်ဒီယာရှိန်းဘမ်းက အမေရိကန်အနေနဲ့ နာမည်ပြောင်းလဲလို့ မရဘူးဆိုပြီး ဂူဂဲလ်ဆီကို စာရေးသားကန့်ကွက်ခဲ့တယ်လို့ CNNမှာ ဖော်ပြထားပါတယ်။
▪️ ရှိန်းဘမ်းက စာစောင်ကို သတင်းထောက်တွေထံ ပြသရာမှာ ပင်လယ်ရေပြင်ဥပဒေ ကုလသမဂ္ဂ လုပ်ရိုးလုပ်စဉ်စည်းမျဉ်းများအရ အမေရိကန် အချုပ်အခြာပိုင် နယ်မြေက ပင်လယ်ရေပြင် ၁၂ မိုင်အထိသာ ရောက်ရှိနိုင်တယ်လို့ ခုခံပြောဆိုထားပါတယ်။
▪️ ထိုနေရာဟာ မက္ကဆီကိုကမ်းရိုးတန်းလိုင်းကနေ ပင်လယ်ရေပြင် ၁၂ မိုင်မှာ ရှိတယ်လို့ သတ်မှတ်ပြီး ကမ္ဘာတဝှမ်းက နိုင်ငံအားလုံးလည်း ဒီအတိုင်းအကျုံးဝင်းကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပင်လယ်ပြင်ထဲမှာ တစ်ခုခုရဲ့ သတ်မှတ်ချက်ကို ပြောင်းလဲချင်ရင် ပင်လယ်ရေပြင် ၁၂ မိုင်အထိသာ အကျုံးဝင်ကြောင်း၊ အခု မက္ကဆီကိုပင်လယ်ကွေ့ ကိစ္စမှာဆိုရင် အမေရိကန်က အကျုံးမဝင်ကြောင်း၊ ဂူဂဲလ်ကို အသေးစိတ် ရှင်းပြထားကြောင်း ရှိန်းဘမ်းက ပြောထားပါတယ်။
▪️ အမေရိကန်မှ ဂူဂဲလ်မြေပုံ အသုံးပြုသူတွေမှာ မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကားပင်လယ်ကွေ့လို့ အမည်ပြောင်းလဲထားကြောင်း ဂူဂဲလ်က ကြေညာထားပါတယ်။
▪️ တရားဝင်အစိုးရရင်းမြစ်တွေမှာ ပြုပြင်ဖော်ပြထားတဲ့အတိုင်း အမည်ပြောင်းလဲရေး ထုံးတမ်းများနဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့ ဂူဂဲလ်က ဆိုပါတယ်။
▪️ မက္ကဆီကိုမှ လူတွေကတော့ ဂူဂဲလ်မြေပုံမှာ မက္ကဆီကိုပင်လယ်ကွေ့လို့ ဆက်မြင်ရမှာဖြစ်ပြီး ကျန်တဲ့နေရာက လူတွေမှာတော့ နာမည်နှစ်မျိုးစလုံး မြင်ရမှာဖြစ်ပါတယ်။
▪️ အမေရိကားပင်လယ်ကွေ့လို့ အမည်ပြောင်းရတာဟာ ထွန်းကားလာတဲ့ စီးပွားရေးရင်းမြစ်များနဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် အထူးအရေးကြီးပုံတို့ကို အသိအမှတ်ပြုတဲ့အနေနဲ့ ထရမ့်က သမ္မတအမိန့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဖက်ဒရယ်အစိုးရ မြေပုံအားလုံးနဲ့ စာရွက်စာတမ်းတွေမှာ လိုက်လံပြောင်းလဲဖို့ ညွှန်ကြားထားပါတယ်။
▪️ ဒါ့အပြင် ထရမ့်ဟာ အမေရိကန်မှ အမြင့်ဆုံးတောင် ဒီနယ်လီကို မောင့်မက်ကင်လေလို့ ပြန်ပြောင်းဖို့လည်း ညွှန်ကြားထားပါတယ်။
#Source: ANI News
#World_Science
Published 31 January 2025
▪️ General Atomicsကုမ္ပဏီ Electromagnetic Systemsဟာ တစ်နေ့မှာအင်္ဂါဂြိုဟ် နဲ့အလွန်ဆီကို အချိန်ကုန်သက်သာစွာ သွားလာနိုင်မယ့် နျူကလီးယားလောင်စာတစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ခဲ့ပါတယ်။
▪️ စမ်းသပ်ချက်များအရ ဒီလောင်စာဟာ နျူကလီးယားအပူတွန်းကန်အား ဓာတ်ပေါင်းဖိုရဲ့ ပြင်းထန်တဲ့ အခြေအနေတွေကို ခံနိုင်ရည်ရှိတယ်လို့ တွေ့ရှိရပါတယ်။
▪️ ဒါဟာ အာကာသထဲကို မမြင်တွေ့ဖူးတဲ့ အရှိန်နှုန်းဖြင့် သွားနိုင်မယ့် နျူကလီးယားဒုံးပျံကို စွမ်းအင်ပေးနိုင်မှာ ဖြစ်ပါတယ်။
▪️ သမားရိုးကျ ဒုံးပျံစနစ်တွေနဲ့ယှဉ်ရင် သွားလာချိန် များစွာလျှော့ချနိုင်မှာဖြစ်ကာ အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်သို့ ခန့်မှန်းခြေတစ်လလောက်ဖြင့် ရောက်ရှိနိုင်ဖွယ် ရှိပါတယ်။
လက်ရှိအသုံးပြုနေကြတဲ့ ဓာတုတွန်းကန်အားက စွမ်းဆောင်ရည်ပိုင်းမှာ အကန့်အသတ်ရှိနေပါတယ်။
▪️ ဒုံးပျံကြီးတွေက ပိုမိုမြန်ဆန်စွာဖြင့် ပိုမိုသယ်ဆောင်နိုင်ပေမယ့် လိုအပ်တဲ့လောင်စာကလည်း အလွန်များပြားပါတယ်။
▪️ လက်ရှိဓာတုဒုံးပျံအင်ဂျင်တွေ သုံးနေတဲ့ အာကာသယာဉ်ဆိုရင်အင်္ဂါဂြိုဟ်ကိုရောက်ဖို့ အချိန် ၆ လ ၇ လလောက်ကြာမြင့်နိုင်ပါတယ်။
▪️ နျူကလီးယားလောင်စာ စမ်းသပ်ချက်များအရ General Atomicsရဲ့လောင်စာဟာ အပူတွန်းကန်အား ဓာတ်ပေါင်းဖိုကြောင့် တိုက်စားပျက်စီးခြင်း မရှိဘူးလို့ တွေ့ရပါတယ်။
ဒုံးပျံလွှတ်တင်ချိန်မှာ နျူကလီးယားဒုံးပျံအင်ဂျင်ရဲ့ အပူချိန်က ၄၂၂၀ ဒီဂရီဖာရင်ဟိုက်လောက် ရှိပါတယ်။
▪️ General Atomicsကုမ္ပဏီ Electromagnetic Systemsက အင်္ဂါဂြိုဟ် နဲ့အလွန်ဆီကို အချိန်တိုအတွင်း ရောက်ရှိဖို့လိုအပ်တဲ့ အခြေအနေတွေကို ခံနိုင်ရည်ရှိတဲ့ ပထမဆုံးလောင်စာ ရှိထားပြီလို့ ဆိုလိုက်ပါတယ်။
▪️ ဒီလောင်စာက အပူချိန် ၃ ထောင်ကယ်လ်ဗင်အထိ ကောင်းစွာလုပ်ဆောင်နိုင်ပြီး သာမန်ဓာတုအင်ဂျင်တွေထက် ၂ ဆ ၃ ဆလောက်ပိုပြီး လုပ်ဆောင်နိုင်ကာ လကမ္ဘာနဲ့ အင်္ဂါဂြိုဟ် မစ်ရှင်များအတွက် လိုအပ်တဲ့ စွမ်းဆောင်ရည်ရဖို့ ကိုက်ညီမယ့်လောင်စာကို နာဆာနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ General Atomics နျူကလီးယားနည်းပညာနဲ့ ကုန်ကြမ်းပစ္စည်း ဒုဥက္ကဌ ဒေါက်တာ ခရစ္စတီနာဘက်ခ်က ပြောသွားပါတယ်။
#Source: Yahoo
#World_Health
Published 31 January 2025
▪️ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ပျော်ဝင်ပါဝင်ပြီး အမြှုပ်ထတဲ့ရေတွေဟာ ကိုယ်အလေးချိန်ချခြင်းကို အထောက်အကူ ဖြစ်နိုင်တယ်လို့ အံ့အားသင့်ဖွယ် တွေ့ရှိရပါတယ်။
▪️ ကာဗွန်နိတ်ရေတွေဟာ ခန္ဓာကိုယ်မှာ အစာကနေ စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးတဲ့ ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးတယ်လို့ မကြာသေးမီက လေ့လာတွေ့ရှိထားပါတယ်။
▪️ ဒါပေမဲ့ သက်ရောက်မှု နည်းပါးတာကြောင့် ဒီတစ်ခုတည်းနဲ့တော့ ကိုယ်အလေးချိန် မကျနိုင်ဘူးလို့ သုတေသီများ ထောက်ပြထားပါတယ်။
▪️ ဒီရေတွေက ဝမ်းထဲမှာ ပြည့်ဝစေတာကြောင့် ဆာလောင်စိတ် လျော့နည်းနိုင်တဲ့အပြင် သွေးတွင်းဂလူးကို့စ်ပမာဏလည်း လျှော့ချစေတာကြောင့် ကိုယ်အလေးချိန်ချဖို့ အကူအညီ ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
▪️ အာဟာရမျှတတဲ့ အစားအစာနဲ့ ပုံမှန်လှုပ်ရှားလေ့ကျင့်မှုတို့က ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အရေးပါပါတယ်။
▪️ ရေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်က အစာအိမ်နံရံထဲ စုပ်ယူသွားပြီး သွေးနီဥဆဲလ်ထဲက ဘိုင်ကာဗွန်နိတ်အဖြစ် ပြောင်းလဲသွားပါတယ်။
▪️ ဒီဖြစ်ရပ်ကနေ ဂလူးကို့စ်စုပ်ယူခြင်းကို မြှင့်တင်ပေးကာ သွေးနီဥဆဲလ်တွေထဲက အဓိကအင်မ်ဇိုင်းတွေကို လှုံ့ဆော်ပေးပါတယ်။
▪️ ကာဗွန်နိတ်ရေသောက်ခြင်းက အစာခြေစနစ်မှာ သက်ရောက်မှုအချို့ ရှိနိုင်တာကြောင့် တော်သင့်ရုံသာ သောက်သုံးသင့်ပါတယ်။
▪️ ကာဗွန်နိတ်ရေနဲ့ ဂလူးကို့စ်ဇီဝဖြစ်စဉ်တို့ကြား ဆက်စပ်တယ်လို့ ယူဆရပေမယ့် လူသားတွေမှာ မစမ်းသပ်ရသေးဘူးလို့ NNEdPro Globalမှ အမှုဆောင်ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ ဆူမန်ထရာရေးက ပြောထားပါတယ်။
▪️ အခြေခံအားဖြင့်တော့ ယူဆထားပေမယ့် ကာဗွန်နိတ်ရေတွေကို ကုသကာကွယ်မှုတွေမှာ အသုံးပြုဖို့အတွက်တော့ လုံလောက်တဲ့ အထောက်အထားမရှိဘူးလို့ ဆိုပါတယ်။
#Source: India Today
တရုတ် AIအက်ပ်တစ်ခုဖြစ်တဲ့ DeepSeekဟာ အမေရိကန် သိပ္ပံပညာနဲ့ နည်းပညာဆိုင်ရာဝန်းကျင်မှာ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည် ဖြန့်ကျက်နိုင်ခဲ့ပြီး သူ့ရဲ့ တိုးတက်ပြောင်းလဲဆန်းသစ်မှုတွေ၊ စွမ်းရည်တွေကို အာရုံစိုက်လာကြပါတယ်။
#World_Technology
Published 30 January 2025
#အမေရိကန်AIနည်းပညာ #တရုတ်AIအက်ပ်DeepSeek
#YMG #Yangon_Times #Yangon_Media_Group
၃၀ ဇန်နဝါရီ ၂၀၂၅
၃၀ ဇန်နဝါရီ China Media Group CMG ၏ တရုတ်နှစ်သစ်ကူး ညချမ်းပဒေသာဖျော်ဖြေပွဲကို ကမ္ဘာအနှံ့သို့ တိုက်ရိုက်ထုတ်လွှင့်ပြသတင်ဆက်ခဲ့ရာ ပထမပိုင်းကို CCTVမှ ပေးပို့လာသဖြင့်ဖော်ပြပေးအပ်ပါတယ်။
#Daily_News
Published 30 January 2025
၁။ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၌ UNESCO စာရင်းဝင် သင်္ကြန်ပွဲတော်ကို ဂုဏ်ပြုတင်ဆက်မည်
၂။ MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ဧရာဝတီတိုင်းကိုယ်စားပြုထုတ်ကုန်အမျိုးအစားများ ပါဝင်ပြသသွားမည်
၃။ နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲ ကျင်းပမည်
၄။ အမေရိကန် AI နည်းပညာရပ်ဝန်းကို လှုပ်ခါလိုက်သည့် တရုတ် AI အက်ပ် DeepSeek ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းဆောက်လုပ်ရေးကဏ္ဍရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ဖို့အတွက် ဘိလပ်မြေတွေကို ပြည်ပကနေတင်သွင်းခွင့်ပြုထားတယ်လို့ သိရပါတယ်။
#Local_News
Published 30 January 2025
#ဘိလပ်မြေ #ပြည်ပမှတင်သွင်းခွင့်ပြု
#YMG/SW #Yangon_Times
ပြည်ထောင်စုတံခွန်စိုက်ဖလားမြန်မာ့ရိုးရာနဲ့ နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲကြီးကိုလာမယ့် လအတွင်းမှာကျင်းပသွားမယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 30 January 2025
#မြင်းစီးအားကစားပြိုင်ပွဲ #မြင်းစီးအားကစားအဖွဲ့ချုပ်
#YMG/NN #Yangon_Times
၂၀၂၄ ခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ်အသိအမှတ်ပြုခံရတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုထည့်သွင်းတင်ဆက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။
#Local_News
Published 30 January 2025
#UNESCOစာရင်းဝင် #ရုပ်ရှင်ထူးချွန်ဆုပေးပွဲ
#YMG/SW #Yangon_Times
Page 325 of 1860