#local_news
Published_ 6 March 2022
ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ဖို့ ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်နှစ်တွင်းမှ ရေအောက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအသစ်တွေ သွယ်တန်းရန်ရှိတဲ့အတွက် မဂ္ဂါဝပ် ၁၃၀၀ကျော်လျော့နည်းရရှိမယ့်အခြေအနေ ရှိပြီး အဲဒီရက်ပိုင်းအတွင်း အချို့နေရာတွေမှာ ၂၄နာရီ ဝန်အားလျှော့ချခြင်းတွေရှိလာမယ်လို့ သိရပါတယ်။
နိုင်ငံတော်ဓာတ်အားစနစ်သို ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏ ရက်သတ္တပတ်တာအတွင်း လျော့နည်းထုတ်လုပ်ဖြန့်ဖြူးသွားမည့်အပေါ် ပြည်သူများသိရှိ နိုင်ရန် နစကရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးပန်ကြားချက် ထုတ်ပြန်ရာမှာ အဲဒီအချက်ကိုဖော်ပြထားခြင်းဖြစ်ပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ (၆၆၇.၈) မဂ္ဂါဝပ်ခန့်၊ ဓာတ်ငွေ့သုံး အပူစွမ်းအင်ဓာတ်အားပေးစက်ရုံများနှင့် ကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံများမှ (၁၅၀၀.၃) မဂ္ဂါဝပ်ခန့်နှင့် ဒီဇယ်ဓာတ်အားပေးစက်များမှ (၈.၉) မဂ္ဂါဝပ်ခန့် စုစုပေါင်း (၂၁၇၇) မဂ္ဂါဝပ်ခန့်ကို ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိကြောင်း သိရပါတယ်။
တစ်နိုင်ငံလုံးမှ တစ်ရက်တာပျှမ်းမျှ ရယူသုံးစွဲမှုအနေဖြင့် နေ့ဘက်တွင် အများဆုံး (၃၄၀၀) မဂ္ဂါဝပ်ခန့်၊ ညဘက်တွင် အများဆုံး (၃၆၀၀) မဂ္ဂါဝပ်ခန့်ရှိပြီး တစ်ရက်တာ ပျှမ်းမျှဓာတ်အား သုံးစွဲလိုမှုမှာ (၂၆၀၀) မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိပါကြောင်း သိရပါတယ်။
LNG ဓာတ်အားပေးစက်ရုံများရဲ့ ထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ ဈေးနှုန်းမြင့်တက်နေသဖြင့် ရပ်တန့်ထားရပြီး ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အား ပေးစက်ရုံမှ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-ရွှေမြို ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ဘီလူး ချောင်း (၂)-တောင်ငူ ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း (၂)-တီကျစ် ဓာတ်အား လိုင်းများမှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိနေပါတယ်။
အဆိုပါ ဓာတ်အားလိုင်းသုံးလိုင်းမှ နိုင်ငံတော်ဓာတ်အားစနစ်သို ပုံမှန်ပို့လွှတ် လျက်ရှိသည့် (၂၂၀) မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိ ရာ စုစုပေါင်းဓာတ်အား ထုတ်လုပ်နိုင်မှု (၉၇၀) မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေ သဖြင့် အလှည့်ကျဓာတ်အားဖြန့်ဖြူးခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန် စီမံကိန်းများနှင့် ကုန်တွင်းဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ဓာတ်အား (၁၄၅၅) မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး လက်ရှိအချိန်တွင် ရွှေကမ်းလွန် စီမံကိန်း မှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း (၁၃၀) သန်းကို အသုံးပြု၍ ဓာတ်အား (၆၆၈) မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။
ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်နှစ်တွင်းမှ သဘာဝ ဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းအတွင်းသို ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက် ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းများကို မတ် ၁၂ ရက်မှ ၁၈ ရက်နေ့ထိ ဆောင်ရွက်မည် ဖြစ်သောကြောင့် ဓာတ်အား (၃၃၄) မဂ္ဂါဝပ်ခန့်သာ ပိုလွှတ်ဖြန့်ဖြူးနိုင်မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ပိုက်လိုင်းအသစ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း လျော့နည်း သွားမယ့် ဓာတ်အားထုတ်လုပ်မှု (၃၃၄) မဂ္ဂါဝပ်ခန့်အပါအဝင် စုစုပေါင်းလျော့နည်းမယ့် (၁၃၀၄) မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် (၂၄) နာရီ ဝန်အားလျှော့ချရခြင်းများ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ဓာတ်အားလိုင်းများကိုလည်း အမြန်ဆုံးပြင်ဆင်၍ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် (၂၂၀) မဂ္ဂါဝပ်ကို ဓာတ်အားစနစ်သို့ ပြန်လည်ပို့လွှတ်နိုင်ရေး စီမံဆောင်ရွက်နေကြောင်း သိရပါတယ်။
လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ကိုလည်း စီမံဆောင်ရွက်လျက်ရှိရာ ကျောက်ဖြူ (၁၅၀) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံသစ်မှ ဓာတ်အား (၆၀) မဂ္ဂါဝပ်ခန့်ကို ဖေဖော်ဝါရီ ၁၀ ရက်မှစတင်၍ ထပ်တိုးဖြန့်ဖြူးနိုင်ခဲ့ကာ၊ ဇွန်လမှ စတင်၍ အဆိုပါဓာတ်အားပေးစက်ရုံမှ (၁၅၀) မဂ္ဂါဝပ်ထိ ဓာတ်အားတိုးမြှင့် ထုတ်လုပ် နိုင်မှာဖြစ်ကြောင်း နစက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
#ymg_mnn
Yangon_Media_Group
Published 6 March 2022
ဘိုလစ်ဗီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး ကာနီဗယ်ပွဲတော်ဟာ အူယူရိုမြို့ရဲ့ လမ်းမတွေပေါ် ပြန်လည်ရောက်ရှိလို့လာပြီဖြစ်ပါတယ်
ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ပြီးခဲ့တဲ့နှစ်က အဲဒီပွဲတော်ကိုဖျက်သိမ်းခဲ့ရပြီးနောက် ယခုနှစ်မှာ အပြည့်အဝ ပြန်လည်ဆင်နွှဲခွင့်ရခဲ့ပါတယ်
ညခင်း ကာနေဗယ်မှာ ရာပေါင်းများစွာသော ဂီတသမားတွေနှင့် ကချေသည်တွေဟာ မီးတုတ်တွေကထွက်လာတဲ့ အလင်းရောင်တွေဖြာနေတဲ့ အူယူမြို့လမ်းတွေပေါ်မှာ ပျော်ရွှင်ကခုန်ကြပါတယ်
ဘိုလစ်ဗီးယားရဲ့အကျော်ကြားဆုံး ညကာနေဗယ်ကို ပျော်ရွှင်စွာ ဆင်နွှဲနေကြတဲ့ မြင်ကွင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်
Source AFP
Published 6 March 2022
စင်္ကာပူနိုင်ငံက ယူကရိန်းမှာဆက်လက်ဖြစ်ပွားနေတဲ့ မော်စကိုရဲ့ စစ်ဆင်ရေးတွေကြောင့် ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်ဖို့ ဆုံးဖြတ်ကြောင်းကြေညာခဲ့ပါတယ်။
အရေးယူပိတ်ဆို့မှုမှာ စင်္ကာပူက လက်နက်အဖြစ်အသုံးပြုလို့ရမယ့် ပစ္စည်းအမျိုးအစားတွေကို တင်ပို့မှုထိန်းချုပ်မှာဖြစ်ပြီး အချို့သောရုရှားဘဏ်တွေနှင့် ရုရှားနှင့်ချိတ်ဆက်ငွေကြေးလွှဲပြောင်းပေးပို့မှုတွေကိုလည်းပိတ်ပင်သွားတာတွေပါဝင်ပါတယ်။
ဒါပေမယ့် ဒီပိတ်ဆို့အရေးယူမှုဟာ ရုရှားအပေါ် သက်ရောက်မှု အကန့်အသတ်ပဲရှိလိမ့်မယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
Source CCTV Plus
#LocalNews
Published -6 Mar 2022
ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး လမ်းဟောင်းတွင်ခရီးသည်တင်ယာဥ်နှင့် ကုန်တင်ယာဥ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ယာဥ်ပေါ်ပါသူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ နံနက် ၇နာရီကျော်ခန့်ကပဲခူးတိုင်းဒေသကြီးအရှေ့ အုတ်တွင်းမြို့ နယ်အုတ်ဖိုကျေးရွာအုပ်စု ချမ်းအေးသာစည်ရွာသစ်မင်းရဲလမ်းထိပ် ရန်ကုန်မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ် ၁၄၂မိုင်၂ဖာလုံနှင့် ၁၄၂မိုင် ၃ဖာလုံအကြားတွင် ရှမ်းပြည်တောင်ပိုင်း လဲချားမြို့ မှ ပြောင်းဆန်များတင်ဆောင်လာသော nissan diesel တွဲယာဥ်နဲ့ စစ်တောင်းအရှေ့ ခရီးသည်တင်ယာဥ်တို့ မျက်နှာချင်းဆိုင်ပွတ်တိုက်မှုဖြစ်ပွားရာ အမျိုးသမီး တစ်ဦးပေါင်ကျိုး ၊ တစ်ဦး ပါးထိုးသွင်းဒဏ်ရာ ရရှိ(မစိုးရိမ်ရ) ၂ နှစ်ဦးဒါဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#BreakingNews
Published -6 Mar 2022
မတ်လ၆ရက်နေ့ ယနေ့ နံနက်ပိုင်းကမြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ လူနာတင်ယာဥ်တစ်စီး လူနာသွားရောက်ပို့ဆောင်ပြီးအပြန် မိုင်းထိတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ကာ ယာဥ်မောင်းထိခိုက်ဒဏ်ရရှိကာဆေးရုံသို့ ပို့ ဆောင်စဥ်သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ နံနက် ၁၁နာရီခန့်ကမုံရွာ ဘုတလင်လမ်း ကံသစ်ကျေးရွာအနီး လူနာတင်ယာဉ် တစ်စီး လူနာပို့ အပြန် မိုင်းထိ ကာ ယာဉ်မောင်းတစ်ဦး ညပ်နေကြောင်း သတင်းရတာကြောင့်ကယ်ဆယ်ရေးယာဉ်တစ်စီး ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
ထိုသို့လူနာတင်ယာဉ်တစ်စီး လူနာပို့ပြီး အပြန်တွင် မိုင်းထိ၍ လူနာတစ်ဦး ရှိကြောင်း သတင်းအရ ကယ်ဆယ်တစ်စီး ထွက်ခွာကာ ဒဏ်ရာရ လူနာ တစ်ဦးအား မုံရွာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်းလူနာ ရဲ့ အသက်ကို ကြိုးစား ကယ်ခဲ့သော်လည်း လမ်းတွင် ဆုံးပါးသွားခဲ့တယ်လို့ အဆိုပါအသင်းကထုတ်ပြန်လိုက်ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalHealth
Published-6 Mar 2022
တနင်္သာရီတိုင်းဒေသကြီး၊တနင်္သာရီမြို့ နယ်တွင် တာဝန်ထမ်းဆောင်နေသောဆရာမတစ်ဦး နေမကောင်းဖြစ်တာကြောင့်ဆေးခန်းလာရောက်ပြရာ ကိုဗစ်ရောဂါပိုးတွေရှိတာကြောင့် ကျောင်းရှိဆရာ/ဆရာမများနဲ့ကျောင်းသူကျောင်းသားများကို ရောဂါပိုးရှိမရှိစစ်ဆေးခဲ့ရာ စုစုပေါင်း ၁၁ဦးမှာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရတယ်လို့ မြို့ နယ်ကုသရေး နဲ့ ပြည်သူကျန်းမာရေးဦးစီးဌာနကသိရပါတယ်။
မတ်လ ၅ရက်နေ့ကတနင်္သာရီမြို့ နယ်လယ်တောင်ယာ ကျောင်းတွင် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတစ်ဦးမှာနေမကောင်းဖြစ်ကာ မြို့ နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသစဉ် ကိုဗစ်ရောဂါပိုးစစ်ဆေးပေးရာပိုးတွေ့ရှိတာကြောင့် အလက- လယ်တောင်ယာကျောင်းရှိ ဆရာ/မ(၁၄)ဦးနှင့်ကျောင်းသူ/သား(၆၃)ဦး၊ပေါင်း(၇၇)ဦးအား မြို့ နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိကို RDT Test-Kit ဖြင့်တစ်ဦးချင်းစစ်ဆေးပေးရာ ဆရာ/မ(၄)ဦးနှင့်ကျောင်းသူ/သား(၇)ဦး, ပေါင်း(၁၁)ဦးတို့တွင် ရောဂါပိုး အတည်ပြု တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါရောဂါပိုးတွေ့ရှိခဲ့တဲ့ဆရာ/မများနဲ့ကျောင်းသူ/သား(၁၁)ဦးအား လယ်တောင်ယာကျေးရွာ မူလတန်းကြိုကျောင်းဆောင် အတွင်း Home Quarantine အဖြစ် အမျိုးသား/အမျိုးသမီးသီးခြားထားရှိကာ ၎င်းတို့ နှင့်ဆက်နွယ်ထိစပ်သော မိသားစုဝင်များနေထိုင်တဲ့ နေအိမ်များကိုလည်း အသွားအလာ ကန့်သတ်ထားရှိပြီး ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုပေးနေတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_6 March 2022
ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထိုင်းနိုင်ငံကို သွားရောက်သူများ ထပ်မံဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာ ရဲစခန်းများတွင် ရောက်ရှိနေကြကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဗဟိုက သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် ၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး ၊ မွန်ပြည်နယ် မော်လမြိုင် ၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် တို့မှ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်လိုသူများက အကျိုးဆောင်များအား တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၂၅၀၀၀ ထိ ပေးဆောင်ကာ သွားရောက်ရာတွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်က ထိုင်းနိုင်ငံ ပကျွတ်စီရီခန်ပြည်နယ် အောင်နွဲခရိုင် အတွင်း တရားမဝင်မြန်မာနိုင်ငံသား အမျိုးသား ၉ ဦး ၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၇ ဦး ကိုလည်းကောင်း၊ဗန်းနမ်းကျုံရွာ အောင်နွဲခရိုင် ပကျွတ်စီရီခန်ပြည်နယ်အတွင်း တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၇၄ ဦး ၊ အမျိုးသမီး ၄၅ ဦး စုစုပေါင်း ၁၁၉ ဦး ကိုလည်းကောင်း ၊ ဗန်းအူလောင်ရွာ ထောင်ဖာဖုံခရိုင် ကန်ကျနဘုရီပြည်နယ်အတွင်း တရားမဝင်မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦး ၊ အမျိးသမီး ၂ ဦး စုစုပေါင်း ၁၉ ဦး တို့ကို ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတို့အနေဖြင့် ဘန်ကောက် စမွတ်စခေါင် စမွတ်ပကန် ချွန်ဘုရီ စလဘုရီ လယောင် ပကျွတ်စီရီခန် ခရိုင်သို့ သွားရောက်ရန် စီစဉ်နေချိန်တွင် ဖမ်းဆီးမိခြင်းဖြစ်ပြီး ကိုဗစ်စစ်ဆေးရာ ပိုးတွေ့သူမရှိကြောင်း၊ယခုအခါ သက်ဆိုင်နီးစပ်ရာဒေသခရိုင်ရဲစခန်းတွင် ဖမ်းဆီးပို့ဆောင်ထားကြောင်း သိရသည်။
ymg/mt
Yangon_Media_Group
#BreakingNews
Published -6 Mar 2022
မတ်လ ၆ရက်နေ့ ယနေ့ နံနက်ပိုင်းကမြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ လူနာတင်ယာဥ်တစ်စီး လူနာသွားရောက်ပို့ဆောင်ပြီးအပြန် မိုင်းထိတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ကာ ယာဥ်မောင်းထိခိုက်ဒဏ်ရရှိထားတယ်လို့ ကနဦးသိရပါတယ်။
"မိုင်းထိတဲ့နေရာကိုကျွန်တော်တို့ ခုသွားနေပါတယ်ဗျ ထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူးယာဥ်မောင်းတော့ထိခိုက်ထားတယ်"ဟု အသင်းဥက္ကဌဦးစိန်ကိုကိုကပြောပါတယ်။
ဖြစ်စဥ်မှာ ယနေ့ နံနက် ၁၁နာရီခန့်ကမုံရွာ ဘုတလင်လမ်း ကံသစ်ကျေးရွာအနီး လူနာတင်ယာဉ် တစ်စီး လူနာပို့ အပြန် မိုင်းထိကာ ယာဉ်မောင်းတစ်ဦး ညပ်နေကြောင်း သတင်းရတာကြောင့်ကယ်ဆယ်ရေးယာဉ်တစ်စီး ထွက်ခွာလျှက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 2019 of 2074