#WorldHealth
Published - 08 March 2022
ဒိန်းမတ်နိုင်ငံမှာ လူပေါင်း ၁၅၂,၀၀၀ ဦးကို စစ်တမ်းကောက်ယူခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ၆ လမှ ၁၂ လအတွင်း လူသုံးပုံတစ်ပုံနီးပါးလောက်ဟာ နောက်ဆက်တွဲလက္ခဏာအနည်းဆုံးတစ်မျိုးလောက် ခံစားရကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒီလေ့လာကောက်ယူချက်မှာ ကိုဗစ်ရောဂါဖြင့် ဆေးရုံတက်ရောက်ခြင်းမရှိတဲ့ လူအများဆုံးပါဝင်ကာ အခြားအရေးကြီးလေ့လာချက်တွေကထက် အချိန်ပိုမိုကြာရှည်စွာစောင့်ကြည့်လေ့လာခဲ့တာဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံဆီရမ်အင်စတီကျုမှ သုတေသီများက ပြောကြားခဲ့ပါတယ်။
စစ်တမ်းကောက်ယူချက်တွင် မေးခွန်းပုံစံများဖြင့်ကောက်ယူခဲ့ရာ အဖြစ်အများဆုံးနောက်ဆက်တွဲလက္ခဏာတွေမှာ အနံ့အရသာအာရုံပြောင်းလဲခြင်းနဲ့ နွမ်းနယ်နုံးချည့်ခြင်းတို့ဖြစ်နေပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲမပေါ်ပေါက်သေးတဲ့အချိန် ၂၀၂၀ စက်တင်ဘာလမှ ၂၀၂၁ ဧပရယ်လ်လအတွင်း လေ့လာချက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အရင် ၆ လ၊ ၉ လ၊ ၁၂ လအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ထားတဲ့ လူပေါင်း ၆၁,၀၀၂ ဦးကို ရောဂါပိုးမကူးစက်ခဲ့တဲ့ လူပေါင်း ၉၁,၈၇၈ ဦးနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။
ရောဂါပိုးကူးစက်ခဲ့တဲ့လူဦးရေ ၂၉.၆ ရာခိုင်နှုန်းဟာ ကူးစက်ခံရပြီး ၆ လမှ ၁၂ လအတွင်း အနည်းဆုံးရုပ်ပိုင်းဆိုင်ရာရောဂါလက္ခဏာတစ်မျိုးခံစားရကြောင်း တွေ့ရှိခဲ့ပြီး ရောဂါပိုးမကူးစက်ခဲ့တဲ့သူတွေထဲမှာတော့ ၁၃ ရာခိုင်နှုန်းသောလူတွေက နောက်ဆက်တွဲလက္ခဏာတွေခံစားခဲ့ရပါတယ်။
ရောဂါပိုးကူးစက်ခဲ့တဲ့သူ ၅၃.၁ ရာခိုင်နှုန်းကတော့ ရောဂါကူးစက်ခံရပြီး ၆ လမှ ၁၂ လအတွင်း စိတ်ပိုင်းဆိုင်ရာ သိုမဟုတ် ရုပ်ပိုင်းဆိုင်ရာမောပန်းခြင်း၊ အိပ်စက်မှုပြဿနာဖြစ်ခြင်း၊ မှတ်ဉာဏ်သိရှိမှုပြဿနာဖြစ်ခြင်းများ ခံစားခဲ့ကြရပါတယ်။
SARS-CoV-2 ကူးစက်ခံရတဲ့သူတွေမှာ စိတ်ဓာတ်ကျခြင်းဝေဒနာနဲ့ စိုးရိမ်ပူပန်ခြင်းဝေဒနာတွေလည်း အဖြစ်များလာပါတယ်။ရောဂါကူးစက်ပြီး ၃ လအတွင်း နောက်ဆက်တွဲလက္ခဏာတွေထဲမှာ အသက်ရှူခက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ကိုလည်း အနည်းဆုံး ၂ လလောက်ခံစားရနိုင်ကြောင်း WHO က ဖော်ပြထားပါတယ်။
လူဦးရေ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြားမှာ ဒီလိုနောက်ဆက်တွဲလက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပြီး စောင့်ရှောက်ကုသမှုတွေ လိုအပ်လာနိုင်ကြောင်း WHO က ခန့်မှန်းဖော်ပြထားပါတယ်။
"အိုမီခရွန်က အခြားမျိုးဗီဇကွဲတွေလို ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေ ပေါ်ပေါက်လာနိုင်တာကြောင့် အိုမီခရွန်ကူးစက်ခံရတဲ့လူအရေအတွက်အတိုင်း မှန်းဆကြည့်ပါက နောက် ၁၂ လအတွင်း ဒီပြဿနာကြီးနဲ့ကြုံတွေ့ရနိုင်ပါတယ်" လို့ အိတ်စ်တာဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ သင်ရိုးပို့ချသူ'ဒေးဗစ်စထရိန်း'က ပြောကြားခဲ့ပါတယ်။
Source: Reuters
#WorldBusiness
Published 07 March 2022
တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းထုတ်လုပ်သုံးစွဲမှု ပြန်လည်ဦးမော့လာဖို့ကိုသာ အားထားရတော့မှာဖြစ်ပါတယ်။
#Yangon_Media_Group
Published 7 March 2022
ယူကရိန်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရာရုံး ICJ မှာ ပဋိပက္ခကို ရပ်တန့်ဖို့ ချက်ခြင်းအမိန့်တစ်ရပ်ချမှတ်ပေးဖို့ တိုင်တန်းလျှောက်ထားမှုနှင့်ပတ်သက်လို့ ဒီကနေ့မှာ နယ်သာလန်နိုင်ငံ၊သည်ဟိဟ်မြို့မှာ ကြားနာမှုပြုလုပ်ရာ ရုရှားက ကြားနာပွဲကိုတက်ရောက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ တရားသူကြီးအဖွဲ့ သဘာပတိက ပြောပါတယ်။
နှုတ်ဖြင့်ကြားနာပွဲကို ရုရှားဖက်ဒရေးရှင်း တက်ရောက်မှုမရှိတဲ့အတွက် တရားရုံးက ဝမ်းနည်းမိပါတယ်လို့ ICJ ရဲ့ တရားသူကြီးအဖွဲ့ သဘာပတိ ဂျုန်းဒွန်နိုဟူးက ပြောပါတယ်။
နယ်သာလန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇင်းဒါးရှုဂင်းက “ သူ့အစိုးရအနေနှင့် ကြားနာပွဲ တက်ရောက်ပါဝင်ရန် ရည်ရွယ်ချက်မရှိကြောင်း တရားရုံးကို စာပို့ခဲ့တယ်လို့ သူမကပြောပါတယ်။
Source AFP
#LocalNews
Published - 7 Mar 2022
၂၀၂၂ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ၂ လအတွင်း တရားမဝင်ဝင်ရောက်မှုနဲ့ထိုင်းနိုင်ငံမှာ ဖမ်းဆီခံရတဲ့မြန်မာအလုပ်သမားတွေ ၁၀,၀၀၀ နီးပါးရှိတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_7 March 2022
ကိုဗစ်ပိုးတွေ့တဲ့အတွက် ဖွင့်ပြီးသား တရုတ်-မြန်မာနယ်စပ်ဂိတ်တွေအားလုံးကို ဖေဖော်ဝါရီလနဲ့ မတ်လဆန်းပိုင်းတွေမှာ ပိတ်ခဲ့ပြီးတဲ့နောက် အခုလက်ရှိမှာ လွယ်ဂျယ်ဂိတ်တစ်ခုကိုပဲ ဖွင့်ခွင့်ပြန်ရထားပါပြီ။
#Yangon_Media_Group
Published - 7 Mar 2022
"လက်ရှိပေါက်ဈေး က ၂၃၆ သိန်းလောက် ပေါက်ပေမယ့် ကိုဗစ်ကာလအတွင်း မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီတဲ့အနေနဲ့
တစ်ရာ့ဆယ်ရှစ်သိန်း ရှစ်သောင်းနဲ့ ရောင်းချပေးသွားမယ် ...." KSD ကားထုတ်လုပ်ရေး မန်နေဂျာ
#Yangon_Media_Group
#Local_News
Published_ 7 March 2022
၂၀၂၂ ခုနှစ် မတ် ၇ ရက် သာသနာတော်နှစ် ၂၅၆၅ နှစ်၊ ကောဇာသက္ကရာဇ်၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်နေ့၊ ဒီကနေ့၊ နံနက် ၉ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေအနီး ချမ်းသာကြီးတန်ဆောင်း၌ ၂၆၁၀ နှစ်မြောက်၊ ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရပါတယ်။
ဆက်လက်၍ ပဋ္ဌာန်းဘာဏကဆရာတော် ဉူးကေလာသ က မဟာပဋ္ဌာန်း ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ပြီး ပဋ္ဌာန်းဘာဏကဆရာတော် ဘဒ္ဒန္တသောဘနမှ နတ်ဗြဟ္မာအပေါင်းအား ဂါထာပါး၍ ဖိတ်ကြားခြင်းတို့ပြုပြီးနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ (ယောဆရာတော်)၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ပါဠိပါရဂူ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အဖွဲ သြဝါဒါစရိယထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြပါတယ်။
ထို့နောက် ရွှေတိဂုံစေတီတော်သြဝါဒါစရိယဆရာတော် ဆရာတော်ဘဒ္ဒန္တ ပဝရာဘိဝံသ၊ (ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်)နှင့် အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ဆီမီးတန်ဆောင် ထွန်းညှိပူဇော်ပြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အား ဖွင့်လှစ်ပေးခဲ့ပါတယ်။
မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာအား ပဋ္ဌာန်း ဘာဏက ဆရာတော် ဉူးဝိစာရက ရွတ်ဖတ်ပူဇော်ပြီး ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဗဟိုမဏ္ဍပ်အတွင်းရှိ ဧည့်သည်တော်များက မဟာပဋ္ဌာန်း ပစ္စယုဒ္ဒေသဒေသနာတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခဲ့ပြီးနောက် ရတနာဃရစံ အိမ်တော်အတွင်း အသင့်နေရာယူထားသော အလှည့်ကျဘာဏကဆရာတော်မှ ပဋ္ဌာန်းဒေသနာတော်အား စတင်ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အသံမစဲမဟာပဋ္ဌာန်း ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရပါတယ်။
ymg_mnn
#Yangon_Media_Group
#LocalNews
Published_7 March 2022
နေပြည်တော်-စစ်တွေ ၊ စစ်တွေ-နေပြည်တော် လေယာဉ်ခရီးစဉ်ကို အခု ရက်ပိုင်းမှာ စတင်ပြေးဆွဲနေပါ။
#Yangon_Media_Group
#Local_News
Published_ 7 March 2022
ပုဂံမြို့ လောကနန္ဒာဘေးမဲ့တောဥယာဉ်မှ ကြယ်လိပ်မတစ်ကောင်သည် ၂၀၂၂ ခုနှစ် တွင် ကမ္ဘာပေါ်တွင် အကြီးဆုံးကြယ်လိပ်အဖြစ် သတ်မှတ်နိုင်ကြောင်းသိရပြီး အသက် (၂၂) နှစ်ခန့် ရှိကြောင်း MOI ကသတင်းထုတ်ပြန်ထားပါတယ်။
လောကနန္ဒာဘေးမဲ့တောဥယျာဉ်ရှိ ကမ္ဘာ့အကြီးဆုံးသတ်မှတ်ခံရသည့် ကြယ်လိပ်မကြီးမှာ လိပ်အမှတ် (၁၄၆) ၊ အတန်းအစားအနေဖြင့် အရွယ်ရောက်နေပြီဖြစ်ကာ ကျောခွံအလျား ၄၇ ဒသမ ၈ စင်တီမီတာ၊ ကျောခွံအနံ ၃၂ ဒသမ ၇ စင်တီမီတာ၊ ရင်ခွင်အလျား ၄၀ စင်တီမီတာ၊ ရင်ခွင်အနံ ၂၇ စင်တီမီတာ၊ အမြင့် ၂၅ ဒသမ ၅ စင်တီမီတာ၊ အလေးချိန် (၁၈ ကီလိုဂရမ်) ၃၉ ဒသမ ၆၉ ပေါင်ရှိပြီး ထူးခြားချက်အနေဖြင့် အပျိုကြီး ကြယ်လိပ်မ ဖြစ်ပါတယ်။
ကမ္ဘာ့ရှားပါး ကြယ်လိပ်များအား ၂၀၀၁ ခုနှစ်က တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိသည့် မြန်မာ့ကြယ်လိပ် အထီး ၄၂ ကောင်၊ အမ အကောင် ၄၀ အား ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ခြံလှောင်စနစ်ဖြင့် မွေးမြူခဲ့ပြီး မြန်မာတစ်နိုင်ငံထဲသာရှိသည့် ရှားပါးမျိုးစိတ် ကြယ်လိပ်သားပေါက်များအား နေရင်းဒေသများသို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
ကြယ်လိပ်များ၏ ကျောပေါ်နှစ်စဉ် ထွက်ပေါ်လာလေ့ရှိသော လိုင်းများကို ရေတွက်၍ အနီးစပ်ဆုံး သက်တမ်းအား ခန့်မှန်းထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ လောကနန္ဒာ စွယ်တော်မြတ်စေတီအနီးရှိ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်ကြီးအား လာရောက်လေ့လာ ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။
ကြယ်လိပ်များမှာ ပျမ်းမျှသက်တမ်း နှစ် (၈၀) ကျော်ထိ နေထိုင်နိုင်ကြပြီး ခြံလှောင်မွေးမြူရေးစနစ်တွင် (၅/၆) နှစ်တွင် အရွယ်ရောက်ကြကာ သဘာဝတောတွင် (၁၀/၁၁) နှစ်၌ အရွယ်ရောက်ကြကာ၊ အရွယ်ရောက်ကြယ်လိပ်များအား ကြယ်လိပ်များ၏ မူရင်းဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး/စကုမြို့နယ် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်နှင့် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် မင်းစုံတောင်တို့တွင် ပြန်လည်လွှတ်ပေးကြောင်း သိရပါတယ်။
ဓာတ်ပုံ_ ကိုထိန်(ကျောက်ပန်းတောင်း)
ymg_mnn
#Yangon_Media_Group
#LocalNews
Published_7 March 2022
ရွှေကမ်းလွန်စီမံကိန်းမှာ ထပ်မံတူးဖော်တွေ့ရှိတဲ့ တွင်းသစ်(၂)တွင်း က သဘာဝဓာတ်ငွေ့တွေကို လက်ရှိပိုက်လိုင်းအတွင်း ထည့်သွင်းပို့လွှတ်နိုင်ဖို့အတွက် ရေအောက်ပိုက်လိုင်းဆက်သွယ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်ရမှာဖြစ်တာကြောင့် လက်ရှိပေးဝေနေတဲ့ လျှပ်စစ်မဂ္ဂါဝပ်ထက် လျော့နည်းသွားမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published - 5 Mar 2022
၁။ နေပြည်တော်-စစ်တွေ လေကြောင်းလိုင်းပြေးဆွဲပြီ။
၂။ ရေအောက်လျှပ်စစ်ပိုက်လိုင်းလုပ်ငန်းများတစ်ပတ်ခန့်ကြာလုပ်ဆောင်နေစဉ် လက်ရှိလျှပ်စစ်ပေးဝေနေမှုထက် လျော့ကျသွားမည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပြည်ပမှဝယ်လိုအားလျော့ကျလာခြင်းကြောင့် တရုတ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုအားနည်းလာကာ ပြည်တွင်းထုတ်လုပ်သုံးစွဲမှုကိုအားထားလာရ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Page 2017 of 2074