#WorldHealth
Published 2 May 2022
လူလတ်ပိုင်းတွေမှာ တစ်ညကို ၈ နာရီအိပ်စက်သင့်တယ်ဆိုတဲ့အယူအဆက သွေဖီလာပြီဖြစ်ကြောင်း သိပ္ပံပညာတွေ့ရှိချက်အရ သိရှိရပါတယ်။
ကိမ်းဘရစ်ခ်ျတက္ကသိုလ်မှသုတေသီများက တစ်နေ့ကို ၇ နာရီအိပ်စက်ခြင်းဖြင့် ကျန်းမာရေးညီညွတ်စေပြီး မှတ်ဉာဏ်ချို့ယွင်းခြင်းကို ကာကွယ်ပေးနိုင်ကြောင်း အကြံပြုလိုက်ပါတယ်။
အသက် ၃၈ နှစ်မှ ၇၃ နှစ်ကြား အင်္ဂလန်လူမျိုးသန်းတဝက်ခန့်ကို လေ့လာခဲ့ပြီးနောက် အခုလို ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။
တစ်နေ့ကို ၇ နာရီထက် ပိုအိပ်/လျှော့အိပ်တဲ့သူတွေက တွေးခေါ်စဉ်းစားနှုန်း၊ အာရုံကြောတုန့်ပြန်မှု၊ မှတ်ဉာဏ်နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတို့မှာ ဆိုးရွားလာကြောင်း စစ်ဆေးရရှိခဲ့ကြပါတယ်။
ဒီမတိုင်ခင်ကတော့ အနှောင့်အယှက်မရှိဘဲ ၈ နာရီနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းက ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်ကြောင်း မှတ်ယူခဲ့ကြပါတယ်။
ဒါပေမဲ့ အိပ်ချိန်နည်းလွန်းသူတွေနဲ့ အိပ်ချိန်များလွန်းသူတွေအနေနဲ့ နှစ်ခြိုက်စွာမအိပ်ရပါက မှတ်ဉာဏ်ချို့ယွင်းလာနိုင်တဲ့အခြေအနေရှိနေပါတယ်။
ဦးနှောက်လုပ်ဆောင်နိုင်စွမ်းနဲ့ ဦးနှောက်မှအညစ်အကြေးများစွန့်ထုတ်ခြင်း၊ ဇီဝဖြစ်စဉ်ဆောင်ရွက်ခြင်း၊ ကိုယ်ခံအားထိန်းသိမ်းခြင်းတို့အတွက် ဦးနှောက်အနားပေးရာမှာ အိပ်စက်ခြင်းက အရေးပါနေပါတယ်။
လူလတ်ပိုင်းတွေမှာ ညဘက်ကို ၆ နာရီမှ ၉ နာရီကြားအိပ်စက်သင့်ပြီး ဦးနှောက်ဖွံ့ဖြိုးဆဲကလေးတွေမှာ ၁၂ နာရီလောက်အထိ အိပ်ဖို့လိုအပ်ပါတယ်။
လူလတ်ပိုင်းတွေနဲ့ လူကြီးတွေမှာ စတင်အိပ်ပျော်ဖို့ ဆက်လက်အိပ်မောကျနေဖို့ ခက်ခဲတာမျိုးတွေရှိတတ်ပါတယ်။
ဒါကပဲ မှတ်ဉာဏ်ချို့ယွင်းလာကာ အသက်ကြီးလာတဲ့အခါ စိတ်ရောဂါအခြေအနေတွေ ပေါ်ပေါက်လာတတ်ပါတယ်။
Uk Biobank က လူနာများကို ၁၀ နှစ်တာစောင့်ကြည့်လေ့လာခဲ့ပြီး Nature Aging ဂျာနယ်မှာဖော်ပြခဲ့ရာ အိပ်ချိန်မလုံလောက်သူများနဲ့ အလွန်အကျွံအိပ်တတ်သူတွေဟာ ဦးနှောက်လုပ်ဆောင်နိုင်စွမ်းများထိခိုက်ကြပြီး ၇ နာရီအိပ်စက်သူတွေကတော့ ဦးနှောက်ကျန်းမာရေးအကောင်းဆုံးသူတွေဖြစ်နေပါတယ်။
အိပ်ရေးပျက်တဲ့သူတွေက ဦးနှောက်ကအဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ခြင်းမရှိပါဘူး။
ညဘက်မှာအိပ်ရေးဝအောင်အိပ်ဖို့က အရေးကြီးဆုံးဖြစ်ကြောင်း၊ အသက်အရွယ်ရလာတာနဲ့အမျှ အိပ်ရေးဝအောင်အိပ်ဖို့ခက်ခဲလာကြောင်း အာရုံကြောပညာရှင်'ဘာဘာရာဆာဟာကီယန်'က ဖော်ပြထားပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldMedical
Published 2 May 2022
ကမ္ဘာပေါ်မှာ အကြီးမားဆုံးကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ အိန္ဒိယနိုင်ငံမှ Serum Institute ဟာ ပြည်တွင်းဖြစ်အက်စ်ထရာဇန်နီကာကာကွယ်ဆေးထုတ်လုပ်မှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ်က ဧပြီ ၂၂ ရက်နေ့ကကြေညာလိုက်ပါတယ်။
Serum Institute က အက်စ်ထရာဇန်နီကာကွယ်ဆေးကို ကိုဗီရှီးလ်(Covishield)အမှတ်တံဆိပ်ဖြင့် ဆေးပေါင်း ၁ ဘီလီယံကျော်ထုတ်လုပ်ထားပြီးဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေအတွက် ကာကွယ်ရေးထောက်ပံ့ရေး ကိုဗက်စ်အစီအစဉ်မှာလည်း အဓိကထောက်ပံ့နေခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် တစ်ကမ္ဘာလုံးမှာကိုဗစ်ကာကွယ်ဆေးဝယ်လိုအား လျော့နည်းလာတဲ့အခြေအနေတွေ့မြင်နေရပါတယ်။
အိန္ဒိယနိုင်ငံက ဆေးဝါးထုတ်လုပ်တဲ့နေရာမှာ နာမည်ရနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကိုဗစ်ကူးစက်မှုကာလအတွင်း နိုင်ငံထဲရှိလူဦးရေ ၁.၄ ဘီလီယံကူးစက်ခံရတာကြောင့် ပြည်တွင်းကာကွယ်ဆေးအလုံအလောက်ရရှိရန် ပြီးခဲ့တဲ့နှစ်က ပြည်ပသို့ ကာကွယ်ဆေးတင်ပို့မှု ကန့်သတ်ထားခဲ့ပါတယ်။
နိုဝင်ဘာလကစတင်ပြီး ကာကွယ်ဆေးတင်ပို့ခြင်းတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
ကာကွယ်ဆေးပေါင်းသန်း ၂၀၀ ခန့် လက်ဝယ်ရှိနေတယ်လို့ အကြီးအကဲဖြစ်သူ'အက်ဒါပူနာဝယ်လာ'ကပြောပြပါတယ်။
"ဒီဇင်ဘာကစတင်ကာ ထုတ်လုပ်မှုတွေရပ်ဆိုင်းထားပါတယ်။ လိုချင်တဲ့သူတွေကိုလည်း အလကားတောင်ပေးဖို့ ပြောထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ဒီဆေးတွေနဲ့ ဘာလုပ်ရမှန်းမသိတာနဲ့ ထုတ်လုပ်မှုတွေရပ်ဆိုင်းဖို့ မှာထားလိုက်ပါတယ်။ မဟုတ်ရင် ပစ္စည်းရက်စွဲလွန်ကုန်မှာပါ"
ကိုဗီးရှီးလ်ကာကွယ်ဆေးကို ထုတ်လုပ်ပြီး ၉ လအတွင်းထိုးနှံဖို့ အိန္ဒိယဆေးဝါးကွပ်ကဲရေးကခွင့်ပြုထားပါတယ်။
အခုကိစ္စမှာ ကိုဗီးရှီးလ်တစ်မျိုးတည်းကိုသာ ထုတ်လုပ်မှုရပ်ဆိုင်းတာဖြစ်ပြီး အမေရိကန်ဆေးဝါးကုမ္ပဏီနိုဗာဗက်ဇ်ရဲ့ ခွင့်ပြုချက်နဲ့ထုတ်လုပ်တဲ့ ကိုဗိုဗက်ဇ်ကိုတော့ ထုတ်လုပ်နေပါသေးတယ်။
ပြီးခဲ့တဲ့နှစ်ဝက်လောက်ကတည်းက ကမ္ဘာတဝန်း ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုနှုန်းက လိုအပ်တဲ့ပမာဏထက် ပိုများနေခဲ့ကြောင်း နိုင်ငံတကာဆေးဝါးထုတ်လုပ်ရေးအဖွဲ့အစည်းက AFP ကို ပြောကြားခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ကာကွယ်ဆေးမထိုးရသေးတဲ့လူ ဘီလီယံနဲ့ချီပြီးကျန်ရှိနေကာ အများစုက ဖွံ့ဖြိုးဆဲနိုင်ငံတွေကလူတွေဖြစ်ပါတယ်။
ကူးစက်မှုတတိယမြောက်အများဆုံး အိန္ဒိယနိုင်ငံမှာ လူဦးရေ ၁.၈၇ ဘီလီယံကျော်ဟာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးပြီဖြစ်ပါတယ်။
Source: The Straits Times.
#Yangon_Media_Group
#Local_News
Published_ 2 May 2022
မြန်မာနိုင်ငံမှာ အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်တဲ့ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုနှုန်း နိမ့်ကျနေတဲ့အတွက် ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ ရောဂါများ အစုလိုက်ဖြစ်ပွားနိုင်တဲ့ အန္တရာယ်မြင့်မားနေတယ်လို့ ယူနီဆက်က ထုတ်ပြန်ထားပါတယ်။
ယူနီဆက်အနေနဲ့ နိုင်ငံတစ်ဝန်းရှိ ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံပေးဖို့နဲ့ အားလုံးအသက်ရှည်ရှည်နေနိုင်အောင် ပံ့ပိုးပေးနိုင်ဖို့အတွက် ထပ်တိုးရန်ပုံငွေများ လိုအပ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရှိ ကလေးငယ် ၇ သိန်းနီးပါးဟာ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများ မရရှိခဲ့တဲ့အတွက် ကလေးငယ်များမှာ ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ရောဂါများ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်များ ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူနီဆက်ရဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ပထမဆုံးကြီးမားတဲ့ အောင်မြင်မှုတွေထဲက တစ်ခုကတော့ ၁၉၅၀ ပြည့်နှစ်များမှာ ပြုလုပ်ခဲ့တဲ့ အစုလိုက် တီဘီရောဂါကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုကို ပံ့ပိုးပေးနိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အားလုံးအသက်ရှည်ရှည်နေနိုင်ဖို့ရည်မှန်းချက်နဲ့အတူ နှစ်စဉ် မွေးကင်းစကလေး ၈၀% အထိ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပါတယ်။
ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ရောဂါများဖြင့် ကလေးငယ်များသေဆုံးရခြင်းကို ရပ်တန့်ဖို့အတွက် ကာကွယ်ဆေးက အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပြီး အသက်ရှည်ရှည်နေထိုင်နိုင်အောင် ပံ့ပိုးပေးဖို့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ယူနီဆက်က တိုက်တွန်းထားပါတယ်။
ymg-mnn
#Yangon_Media_Group.
Published 01 May 2022
စစ်ပွဲကြောင့် လောင်စာဆီတွေ ပြတ်တောက်မှာစိုးရိမ်မှုတွေကြောင့် ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်က ဓာတ်ဆီဆိုင်တွေမှာ မော်တော်ယာဉ်တွေဟာ တန်းစီပြီး ဓာတ်ဆီထည့်နေကြပါတယ်။
ဒါကိုနားလည်မှုပေးရမယ်။အနစ်နာခံမှုတစ်ချို့လုပ်ရမယ်။သိပ်မကြီးကျယ်ပါဘူးလို့ ကားထဲမှာ ဓာတ်ဆီထည့်ဖို့ စောင့်ဆိုင်းနေတဲ့ ဗစ်တယ်လီကပြောပါတယ်။
Source AFP
#TV Yangon Times Mattersအစီအစဉ်
Published - 1 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က ငယ်စဉ်ကတည်းက အနုပညာ အထုံဝါသနာပါလာသူ အောင်ကျော်ထွန်း(လင်္ကာဒီပ)နှင့် အတူ
_ "ဆရာရဲ့ ငယ်စဉ်ကတည်းက အနုပညာစိတ်များသန္ဓေတည်လာဖြစ်ပုံအကြောင်းများ။
_ ဆရာဖန်တီးခဲ့တဲ့ အနုပညာလက်ရာများနှင့်
_ လင်္ကာဒီပ ဩခက်စတြာ တည်ထောင်ဖြစ်ပုံများ" စတဲ့ စိတ်၀င်စားစရာအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 1 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က ငယ်စဉ်ကတည်းက အနုပညာ အထုံဝါသနာပါလာသူ အောင်ကျော်ထွန်း(လင်္ကာဒီပ)နှင့် အတူ
_ "ဆရာရဲ့ ငယ်စဉ်ကတည်းက အနုပညာစိတ်များသန္ဓေတည်လာဖြစ်ပုံအကြောင်းများ။
_ ဆရာဖန်တီးခဲ့တဲ့ အနုပညာလက်ရာများနှင့်
_ လင်္ကာဒီပ ဩခက်စတြာ တည်ထောင်ဖြစ်ပုံများ" စတဲ့ စိတ်၀င်စားစရာအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 1 may 2022
ရီးယဲလ်မက်ဒရစ်အသင်းဟာ ၃၅ကြိမ်မြောက် လာလီဂါဆုဖလားကြီးကို ဧပြီ ၃၀ရက် စနေနေ့ ဆွတ်ခူးသွားပါတယ်။ Espanyol အသင်းကို လေးဂိုး-ဂိုးမရှိနှင့် အနိုင်ယူပြီး ဗိုလ်စွဲသွားတာဖြစ်ပြီး ဒါဟာ နည်းပြ “ကာလို အန်ဆက်လိုတီ”ကို အဓိက ဥရောပလိဒ်ငါးခုစလုံးအနိုင်ရသွားတဲ့ ပထမဆုံးနည်းပြ ဖြစ်သွားစေခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်ဟာ ကစားကွင်းထဲက ပရိဿတ်ပေါင်း ရှစ်သောင်းနီးပါးရှေ့မှောက်မှာ ဆုဖလားကြီးကိုလက်ခံခဲ့တာဖြစ်ပါတယ်။ ရီးယဲမက်ဒရစ်အောင်ပွဲနှင့်အတူ ပျော်ရွှင်စွာ အောင်ပွဲခံနေကြတဲ့ ပရိဿတ်တွေရဲ့ မြင်ကွင်းတွေကို ရုပ်သံအဖြစ် စုစည်းဖော်ပြပေးလိုက်ပါတယ်။
Source AFP
#TV Yangon Times Mattersအစီအစဉ်
Published - 1 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က ငယ်စဉ်ကတည်းက အနုပညာ အထုံဝါသနာပါလာသူ အောင်ကျော်ထွန်း(လင်္ကာဒီပ)နှင့် အတူ
_ "ဆရာရဲ့ ငယ်စဉ်ကတည်းက အနုပညာစိတ်များသန္ဓေတည်လာဖြစ်ပုံအကြောင်းများ။
_ ဆရာဖန်တီးခဲ့တဲ့ အနုပညာလက်ရာများနှင့်
_ လင်္ကာဒီပ ဩခက်စတြာ တည်ထောင်ဖြစ်ပုံများ" စတဲ့ စိတ်၀င်စားစရာအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 1 May 2022
အွန်လိုင်း ပစ္စည်းပို့ဆောင်ပေးသူ(ယာဉ်မောင်း)တွေဟာ အိမ်ပေါက်ဝအထိ မှာယူတဲ့ ပစ္စည်းတွေ ပို့ဆောင်ပေးတဲ့အခါ စိန်ခေါ်မှုတွေ အများကြီးနှင့်ကြုံနေကြရပါတယ်။ အချိန်တွေရှည်ကြာတာ၊အလုပ်တွေပိတာ၊လုံခြုံရေးပူပန်ရတာ၊ရန်စောင်တဲ့ ဝယ်သူတွေ၊ ပြီးတော့ ပုလင်းထဲမှာပဲ အပေါ့သွားကြရတာတွေ...။
အခု သူတို့မှာနောက်ထပ်စိန်ခေါ်မှုတစ်ခုရှိလာနေကြပြန်ပါတယ်။ သူတို့ထဲက တော်တော်များများမှာ ဖြစ်နေကြရတာပါ။ ပစ္စည်းမှာသူတွေက သူတို့ကိုအသုံးချပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ views တွေနှင့် likes တွေများများရအောင်လုပ်နေကြ တာတွေဖြစ်ပါသတဲ့..။
အွန်လိုင်း ပစ္စည်းပို့တဲ့(ယာဉ်မောင်း)သူတွေ(၅)ဦးမှာ (၁)ဦးနီးပါးဟာ ပစ္စည်းမှာသူတွေရဲ့ အသုံးချခြင်းခံနေကြရပါတယ်။ သူတို့ကို တစ်တော့ ဒါမှမဟုတ် အခြားဆိုရှယ်မီဒီယာတွေမှာ challenge လုပ်ဖို့ trend လုပ်ဖို့ သုံးနေကြတာဖြစ်တယ်လို့ ပစ္စည်းပို့သူယာဉ်မေင်းတွေအတွက် လမ်းကြောင်းစီစဉ်တဲ့ ဆော့ဖ်ဝဲပြုလုပ်တဲ့ Circuit ကုမ္ပဏီရဲ့ လတ်တလော စစ်တမ်းအရ သိရပါတယ်။
အဲဒီလေ့လာမှုစစ်တမ်းကို အမေရိကန်ပြည်ထောင်စုက ပစ္စည်းပို့ယာဉ်မောင်း ၈၄၈ဦးနှင့်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲက ၄၀၉ ဦးဟာ အစားအသောက်ပို့သူများဖြစ်ပြီး ကျန်၄၃၉ ဦးကတော့ အခြားပစ္စည်းတွေပေးပို့ကြတာပါ။
လေ့လာမှုအရ ပစ္စည်းပို့သူတွေအားလုံးရဲ့ ၁၄.၃ ရာခိုင်နှုန်းဟာ လက်တွေ့မကျတဲ့ ပစ္စည်းပို့ဆောင်ဖို့တောင်ခံမှု အများကြီးနှင့် ကြုံနေကြရပါတယ်။ ၁၂.၇ ရာခိုင်နှုန်းဟာ သူတို့ပစ္စည်းအားလုံးကို အချိန်အတိုင်းမပေးပို့နိုင်တာနှင့်ကြုံကြရတယ်လို့ သိရပါတယ်။
ပစ္စည်းမှာသူတွေက ပစ္စည်းပို့သူတွေကို တစ်တော့ခ်ကပေးဖို့ နှင့် ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ချင်လို့ တစ်ခုခုလုပ်ပေးဖို့ အကူအညီ တောင်းတာတွေကြောင့် နေ့စဉ် မှာသူတွေဆီ အချိန်မီရောက်ဖို့ အလျင်စလိုဖြစ်နေကြရတဲ့ သူတို့ အတော်များများဟာ အချိန်ဇယားတွေ နှောင့်နှေးတာမျိုးကြုံနေကြရတယ်လို့ဆိုပါတယ်။အထူးသဖြင့် ကပ်ဘေးကာလအတွင်း အွန်လိုင်းကနေ ဈေးဝယ်တာတွေများလာတဲ့အခါမျိုးမှာ သူတို့ရဲ့နေ့စဉ်အလုပ်တွေက ပိုပိုပိလာနေတာဖြစ်ပါတယ်။
ပစ္စည်းမှာသူတွေက သူတို့ အွန်လိုင်းမှာတင်ဖို့အတွက် အမေဇုန်ရဲ့ ပစ္စည်းပို့ယာဉ်မောင်းတွေကို အိမ်ရဲ့ လုံခြုံရေးကင်မရာရှေ့မှာ တစ်တော့် ကပေးခိုင်းတာတွေ ပိုပိုများလာတယ်လို့ VICE က ဖေဖော်ဝါရီလတုန်းက သတင်းဖော်ပြခဲ့ပါတယ်။အွန်လိုင်းဗွီဒီယိုတစ်ခုမှာဆိုရင် ပစ္စည်းပို့သူတစ်ဦးဟာ "Teach Me How to Dougie” နှင့်ကပေးနေရပါတယ်။ အမေဇုန်ရဲ့ တရားဝင်တစ်တော့ခ်အကောင့်က အဲဒါကို "Poppin' and lockin' while box droppin.'လို့ အသံအနေအသံထားနှင့်ပို့စ်တင်ခဲ့ပါတယ်။
Source Insider
Published 1 May 2022
ရန်ကုန်မြို့တွင် ဒုတိယမြောက်နေ့အဖြစ် မေ(၁)ရက်မွန်းလွဲပိုင်းမှာ မိုးတွေဆက်လက်ရွာသွန်းခဲ့ပါတယ်။ မေ(၁)ရက်နေ့မှာ မိုးရောလေရော သည်းထန်စွာရွာသွန်းခဲ့တာဖြစ်ပါတယ်။
"မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့်မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီ ကာလ အတွင်းလေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ် များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းခြင်းကြောင့်လည်းကောင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်” လို့ မိုး/ဇလဌာနက မေ(၁)ရက်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
#LocalNews
Published_1 May 2022
ပထမဆုံးအကြိမ်မြောက် သက်တိုင်းရင်းသား အမျိုးသားနေ့အခမ်းအနားကို ယနေ့ မေလ ၁ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မကျည်းကုန်းကျေးရွာတွင်ကျင်းပခဲ့ကြောင်းသိရသည်။
သက် အမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ရခိုင်ပြည်အတွင်း ပျံ့နှံ့နေထိုင်ကြသည့်သက်တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုရရှိရန်၊ သက်ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကားများ ထိန်သိမ်းစောင်ရှောက်သွားရန်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီက သိရသည်။

အဆိုပါ အခမ်းအနားသို့ သက်တိုင်းရင်းသားများအပါအဝင် ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသည့် မြို့တိုင်းရင်းသားများအပါအဝင် ခမီတိုင်းရင်းသားတို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက် မျိုးနွယ်စုမှာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်ဖြစ်ပြီး ယင်းတို့အနေဖြင့် မောင်တောမြို့နယ်၊ မယူတောင်တန်းဒေသ၌ အများဆုံးနေထိုင်ကြကာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ အမ်း စသည့်မြို့နယ်တို့တွင်လည်း ပျံ့နှံ့နေထိုင်ကြကြောင်း၊လက်ရှိတွင် ပြည်နယ်အတွင်း လူဦးရေစုစုပေါင်း ၆,၀၀၀ ကျော်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 1 May 2022
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသော လက်အား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုအောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ဆေးရုံကြီးရဲ့ ထုတ်ပြန်ချက်အရသိရသည်။
ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် ငါဖမ်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးသည် ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ဘယ်ဘက်လက်၏ လက်ကောက်ဝတ်အထက်မှ ပြတ်တောက်သွားသည့် ဒဏ်ရာ (Amputated Left Forearm)ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အဆိုပါနေ့ရက် ညနေ (၅း၅၅)နာရီအချိန်တွင် ပြတ်တောက်သွားသောလက်နှင့်အတူ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ထိုသို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ လိုအပ်သော အရေးပေါ်ပြုစုကုသမှုများ ပြုလုပ်ပေးခြင်း၊ သက်ဆိုင်ရာ လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှု အထူးကုဆရာဝန် ကြီးများထံ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ပြီး ပြတ်တောက်သွားသောလက်အား ပြန်လည်ဆက်နိုင်ရေးအတွက် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခြင်းတို့ကို ပြုလုပ်၍ အရေးပေါ်ခွဲစိတ်ခန်းဝင်ရန် ပြင်ဆင်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုပါရဂူဘွဲ့သင်တန်းသား ဒေါက်တာ ဖြိုးမောင်မောင်ဦးဆောင်တဲ့အဖွဲ့က လက်အား ပြန်ဆက်ပေးသော ခွဲစိတ်ကုသမှုကို ဧပြီလ ၁၄ရက် ည(၇း၅၀)နာရီ အချိန်မှ စတင်ဆောင်ရွက်ခဲ့ရာ ၁၅ရက်နေ့၊ နံနက်(၁း၃၀)နာရီအချိန်တွင် ခွဲစိတ်ကုသမှုပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလူနာ၏ လက်မှာ ခွဲစိတ်ပြီးချိန်မှစတင်၍ သွေးကြောများ ဖြည်းဖြည်းချင်း ပြန်လည် လှည့်ပတ်စီးဆင်းလာပြီး ဧပြီလ ၂၉ရက်နေ့မှာ ဆေးရုံကဆင်းခွင့်ရရှိခဲ့တယ်လို့သိရပါတယ်။
ပြတ်တောက်သွားသောလက်ကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုဆောင်ရွက်နိုင်ရန် အတွက် ပထမဦးစွာ ပြတ်တောက်သွားသည့်လက်ကို Normal Saline (သို့မဟုတ်) ရေကျက်အေးနှင့် ဆေးကြောရကာ ထိုသို့ဆေးကြောသန့်စင်ပြီးပါက သန့်ရှင်းသည့် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရပါမည်။ (ဖြစ်နိုင်ပါက ပလတ်စတစ်အိတ်ထဲတွင် Normal Saline စိမ်ထားသော ပိုးသတ်ထားသည့် ပတ်တီးစအကြီးဖြင့်စည်း၍ ထည့်ပေးပါ)။ ထို့နောက် ရေခဲပုံးထဲသို့ထည့်၍ ဆေးရုံသို့သယ်ဆောင်လာရပါမည်။ လက် စတင်ပြတ်တောက်သည့် အချိန်မှ (၄)နာရီ သို့မဟုတ် (၆)နာရီအတွင်း လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုအထူးကုဆရာဝန်ကြီးများရှိရာ ဆေးရုံကြီးများသို့ ရောက်ရှိပါက အကောင်းဆုံးဖြစ်တယ်လို့ ထုတ်ပြန်ရာမှာ အသိပေးထားပါတယ်။
ygm/hm
#Yangon_Media_Group
Page 1818 of 1956