#LocalNews
Published_2 May 2022

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးခွန်ထွန်းဦး၏ ရုပ်အလောင်းကို ယနေ့ မေလ ၂ ရက် ညနေ ၅ နာရီက ရေဝေးသုဿာန်တွင် ရှမ်းရိုးရာအတိုင်း မီးသဂြိုဟ်ခဲ့သည်။

၁၉၈၈ ခုနှစ် ၊ အောက်တိုဘာလတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကို စတင်တည်ထောင်ခဲ့သည့် ဦးခွန်ထွန်းဦးသည် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်က မရမ်းကုန်းမြို့နယ် ၉ မိုင်နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ SNLD ဥက္ကဋ္ဌတာဝန်ကို နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိကွယ်လွန်ချိန်တွင် အသက် (၇၉)နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဦးခွန်ထွန်းဦးသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇာတိမြို့ဖြစ်တဲ့ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အောင်မြင်ခဲ့သူဖြစ်သည်။ လွန်ခဲ့သော ၂၀၀၅ ခုနှစ်က ရှမ်းပြည်နယ်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းသည်ဆိုသည့်အမှုကြောင့် ထောင်ဒဏ် ၉၃ နှစ်ချမှတ်ခဲ့ရကာ ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူလည်း ဖြစ်သည်။

ymg/mt
#Yangon_Media_Group
#LocalNews
Published-2 May 2022
လတ်တလောမှာ ရာသီဥတုက မိုးရွာလိုက်နေပူလိုက်ဖြစ်နေပြီး အပူချိန်မြင့်တက်မှုတွေ ရှိနေသေးတဲ့အတွက် အပူရှပ်ပြီး သတိလစ်တဲ့လူနာတွေ အပူကြောင့် တက်တဲ့လူနာတွေ၊ ဖျားနာတဲ့လူနာတွေ များနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
#Published - 2 May 2022
လက်ရှိနွေစပါးရိတ်သိမ်းရာသီမှာ စပါးစျေးမြင့်တက်နေပေမယ့် သယ်ယူပို့ဆောင်စရိတ်တွေ မြင့်တက်နေတာကြောင့် တောင်သူတွေ အမြတ်ငွေနည်းပါးနေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 May 2022
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍ ၂၀၂၀ ပြည့်နှစ် သြဂုတ်လနောက်ပိုင်း ပထမဦးဆုံးအကြိမ် တိုးတက်လာကြောင်း မေ ၂ ရက်မှာ ထုတ်ပြန်တဲ့ S&P Global ရဲ့ ဧပြီလမှာ ကောက်ယူခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာထုတ်လုပ်မှု အညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

ထိုသို့ တိုးတက်လာခြင်းရဲ့ အဓိကတွေ့ရှိချက်များမှာ အော်ဒါသစ်များ ထပ်မံတိုးလာ၍ ထုတ်လုပ်မှု မြင့်တက်လာခြင်း၊ အလုပ်နေရာဖန်တီးမှုမှာလည်း ဧပြီလတွင် စစ်တမ်းရဲ့ အမြင့်ဆုံးအညွှန်းကိန်းသို့ ရောက်ရှိလာခဲ့ပါတယ်။ ဈေးနှုန်းများမြင့်တက်မှုနဲ့ ကုန်ကြမ်းရှားပါးမှုတွေကတော့ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဧပြီလအတွင်း ထုတ်လုပ်မှုရော မှာယူမှုအသစ်များပါ ပြန်လည်တိုးတက်လာချိန်မှာ မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍသည် ဒုတိယသုံးလပတ်အစတွင် လုပ်ငန်းလည်ပတ်မှု အခြေအနေများမှာ ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း ပထမဦးဆုံးအကြိမ် တိုးတက်မှုရှိလာတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဧပြီလ စစ်တမ်းအရ အလုပ်သမားဦးရေ အမြောက်အမြားတိုးလာကြောင်း ဖော်ပြထားပြီး အလုပ်နေရာဖန်တီးမှုနှုန်းမှာ စစ်တမ်းကောက်ယူခဲ့တဲ့ကာလအတွင်း အမြင့်ဆုံးနှုန်းဖြင့် တိုးတက်လာခဲ့ပါတယ်။

S&P Global က မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုလုပ်ကိုင်နိုင်စွမ်းမှာ မတ်လတွင် ၄၇.၁ ရှိခဲ့ရာမှ ဧပြီလတွင် ၅၀.၄ သို့ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။ ကုန်စည်ထုတ်လုပ်ရေးကဏ္ဍရဲ့ အခြေအနေမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ နောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ် တိုးတက်လာကြောင်းကို ညွှန်ပြနေပါတယ်။
အဆိုပါစစ်တမ်းတွင် ပါဝင်ဖြေကြားသူတို့၏အဆိုအရ ဝယ်ယူသူများဘက်မှ ဝယ်လိုအားတိုးလာမှုက ကုန်ထုတ်လုပ်ရေးကဏ္ဍ ပြန်လည်နာလန်ထူလာရေးကို တွန်းအားဖြစ်စေခဲ့ကြောင်း ဖော်ပြထားပါတယ်။
မေ ၂ ရက်တွင် ထွက်ရှိလာတဲ့ စစ်တမ်းရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global မှ စီးပွားရေးပညာရှင် Maryam Baluch က "ကုန်ထုတ်လုပ်မှုကဏ္ဍဟာ ဧပြီလမတိုင်မီအထိ အချိန်အတော်ကြာ ကျဆင်းခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ် တိုးတက်ထုတ်လုပ်မှုကို မှတ်တမ်းတင်နိုင်ခဲ့တယ်" လို့ဆိုပါတယ်။
ပို့ဆောင်ခများနှင့် လောင်စာဈေးနှုန်းများ မြင့်တက်နေမှုအပြင် ကုန်ကြမ်းရှားပါးမှုကြောင့် ဒုတိယသုံးလပတ်၏ အစပိုင်းတွင် သွင်းကုန်ဈေးနှုန်းများ ထိုးတက်သွားခဲ့ပြီး ကုမ္ပဏီများက မြင့်တက်လာတဲ့ ကုန်ကျစရိတ်များကိုကာမိစေဖို့ ၎င်းတို့ရဲ့စက်ရုံရောင်းဈေးများကို တဟုန်ထိုး မြှင့်တင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကြမ်းရှားပါးမှုများနှင့် လျှပ်စစ်ဓာတ်အား မမှန်မှုကဲ့သို့သော အကြောင်းအရာများက စိန်ခေါ်မှုများနဲ့ အဟန့်အတားများ ဖြစ်တယ်လို့ ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_2 May 2022
ဂျပန်နိုင်ငံတိုကျိုတွင် မြောက်ဦးယူနက်စကိုဝင်နိုင်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေကြေးဖြည့်စွမ်း ကူညီနိုင်ရန် Arakan Fc က ကြီးမှူး၍ ဘောလုံးပြိုင်ပွဲနှင့် ရိုးရာကျင်ပွဲတစ်ခုကို မေလ ၁ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"ရည်ရွယ်ချက်ကတော့ မြောက်ဦးယူနက်စကိုဝင်ဖို့ ရန်ပုံငွေရရှိချင်တာ အဓိကဖြစ်ပါတယ်။ ပြီးတော့ ဂျပန်နိုင်ငံမှာရှိတဲ့ ရခိုင်လူမျိုးတွေကိုလည်း စည်းစည်းရုံးရုံး ဖြစ်အောင်ဆိုတဲ့ သဘောဖြစ်ပါတယ်၊ အဲဒီနေ့က အလှူငွေတွေ ထည့်ကြတယ်၊ အသင်းဝင်ကြေး ကောက်တာတွေလုပ်တယ်။နောက်ပြီးတော့ အားကစားအင်္ကျီရောင်းတာနဲ့ ထမင်းဗူးအစားအသောက်တွေရောင်းတာတွေလည်း လုပ်ခဲ့ပါတယ်"ဟု Arakan Fc အသင်း ဖြစ်မြောက်ရေး တာဝန်ခံကိုညီညီအောင်က ပြောသည်။

အဆိုပါပြိုင်ပွဲတွင် ဘောလုံးအသင်း ၁၃ သင်းပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမဆုရရှိသည့်အသင်းကို ဆုကြေးငွေ ကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ၆ သိန်းကျပ် ချီးမြှင့်ခဲ့ကာ ရိုးရာကျင်ပွဲတွင်လည်း ပထမဆုရရှိသည့်သူကို ငွေကျပ် ၂သိန်း၊ ဒုတိယဆုကို ကျပ် ၁ သိန်းစီဖြင့် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local News
Published-2 May 2022
အရင်တစ်ပတ်က စားအုန်းဆီတစ်ပိဿာကိုကျပ် (၅၆၀၀)နဲ့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက မြို့နယ်အသီးသီးမှာ ရောင်းချပေးခဲ့ပြီး အခုအပတ်မှာတော့ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ခဲ့ပါတယ်၊၊

အခုအပတ်မှာတော့ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပိုတဲ့ နိုင်ငံတွေမှာ စားအုန်းဆီဈေးမြင့်တက်လာပြီး တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ FOB ဈေးနှုန်းတွေကို အခြေခံ၍ တွက်ချက်မှုတွေအရ ၂၀၂၂ခုနှစ် မေလ (၂)ရက်မှ(၈)ရက်အထိ စားအုန်းဆီတစ်ပိဿာကို
ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း (၆၀၂၅)ကျပ်နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်၊၊
စားအုန်းဆီနဲ့ပတ်သက်လို့ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားခြင်းနဲ့ ဈေးကစားရန်သိုလှောင်ထားခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရအရေးယူသွားမှာဖြစ်တယ်လို့ လည်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_2 May 2022
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်လှူဒါန်းမှုကိစ္စ ဒေါ်အောင်ဆန်းစုကြည်အဂတိအမှုကို ယနေ့ မေလ ၂ ရက်တွင် နေပြည်တော် ဇမ္ဗူသီရိတရားရုံး၌ စတင်စစ်ဆေးကြောင်း ရှေ့နေအသိုင်းအဝိုင်းက သိရသည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသော အဂတိအမှုများအနက် အမှတ် CRT ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့ကို စစ်ဆေးခြင်းဖြစ်ကြောင်း၊ ဦးမောင်ဝိတ်လှူဒါန်းသည်ဆိုသည့် အဂတိအမှုအတွက် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ တာဝန်ရှိသူ တရားလို ဦးရဲထက်အား အထူးတရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးတာ ဖြစ်ပါတယ်။ တရားလိုဦးရဲထက်ကိုပဲ စစ်သေးတာပေါ့”ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်ဆောင်ဆန်းစုကြည်ကို စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်က ဒေါ်လာငွေ ၅ သိန်း လာဘ်ထိုးခဲ့တယ်ဆိုကာ အဂတိအမှုဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။
ymg/mt
Yangon_Media_Group
#LocalNews
Published - 2 May 2022
မန္တလေး- ကျောက်ဆည်ကားလမ်းမကြီးတွင် ဆိုင်ကယ်ကို တိမ်းရှောင်ရာမှ ၁၂ ဘီးယာဥ်နှင့် တွဲကားယာဥ်တို့ တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ သိရတယ်။
အဆိုပါ ယာဥ်မတော်တဆမှုဖြစ်စဥ်ဟာ မေ ၁ ရက် နေ့က မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့ နယ်၊ မန္တလေး-ကျောက်ဆည်ကားလမ်း၊ မိုင်တိုင်အမှတ်(၃၇၆/၄) နှင့် (၃၇၆/၅)ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
ဖြစ်စဥ်မှာ ကုန်မျိုးစုံတင်ဆောင်လာသည့် NISSAN အမျိုးအစား (၁၂)ဘီးယာဉ်သည် ၄င်းရှေ့ရှိ မော်တော်ဆိုင်ကယ်အား တိမ်းရှောင်ရာမှ ၎င်းယာဉ်၏ အနောက်ဘယ်ဘက်ခြမ်းအား ကျောက်မှုန့်တင်ဆောင်လာသော ISUZU အမျိုးအစား (၂၄)ဘီးတွဲယာဉ်မှ ဝင်ရောက်တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

ယင်းယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် (၂၄)ဘီးတွဲယာဉ်မှ ယာဉ်မောင်း အမျိုးသား(၁)ဦး ကားခေါင်းခန်းတွင် ညပ်မိနေသဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ဘယ်လင်း)မှ ကယ်ဆယ်ပေးခဲ့ပြီး စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ယာဉ်ပေါ်တွင်ပါရှိသော ကုန်ပစ္စည်းများအား အခြားယာဉ်သို့ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူယာဉ်မောင်း အမျိုးသား(၁)ဦးကိုလည်း သုခဒါနလူမှုကူညီရေးအသင်းကားဖြင့် စဉ့်ကိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#DailyNews
Published -2 May 2022
၁။ စပါးစျေးမြင့်တက်နေသော်လည်း သယ်ယူပို့ဆောင်စရိတ် မြင့်တက်နေခြင်းကြောင့် တောင်သူများအမြတ်ငွေနည်းပါး။
၂။ အပူရှပ်ပြီး သတိလစ်သည့်လူနာ၊တက်သည့်လူနာနှင့် ဖျားနာလူနာများ ဆေးရုံပို့ဆောင်ပေးရမှုများနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ရင်သပ်ရှုမောဖွယ် ဖန်သားကြမ်းခင်းတံတား ဗီယက်နမ်တွင်ဖွင့်လှစ်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 May 2022
မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား RCEP သဘောတူညီချက်အရ ကုန်ပစ္စည်း အမျိုးအစား ၆၀၀၀ ခန့်ကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်တဲ့ အခွင့်အရေးရရှိမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
RCEP ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Regional Comprehensive Economic Partnership Agreement) ရဲ့ သဘောတူ စာချုပ် အပိုဒ် (၂၀.၆) စာချုပ် အသက်ဝင်ခြင်းအရ မြန်မာနဲ့ တရုတ်တို့ အကြားတွင် ၂၀၂၂ ခုနှစ် မေ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့တာ ဖြစ်ပါတယ်။

ထိုသို့ စတင်အသက်ဝင်တာကြောင့် မြန်မာ့လုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းအမျိုးအစား ၅၉၆၉ မျိုးကို အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နိုင်တဲ့ အခွင့်အရေးရရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါ သဘောတူစာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပိုတဲ့ ကုန်ပစ္စည်းများကို လျင်မြန်စွာ ထုတ်ယူနိုင်တဲ့ အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်။
တင်ပိုခွင့်ရမယ့် ကုန်ပစ္စည်း အမျိုးအစားတွေကတော့ တိရစ္ဆာန်ထွက်ကုန်ပစ္စည်း ၃၆၈ မျိုး၊
စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း ၃၈၉ မျိုး၊ ဆီထွက်ကုန်ပစ္စည်း ၁၀ မျိုး၊ အစားအစာနှင့် စပ်လျဉ်းတဲ့ ကုန်ပစ္စည်း ၁၆၃ မျိုး၊ တွင်းထွက်ကုန်ပစ္စည်း ၁၈၁ မျိုး၊ ဓာတုထွက်ကုန်နှင့် လုပ်ငန်းသုံးကုန်ပစ္စည်း ၁၁၂၇ မျိုး၊ ပလတ်စတစ်ပစ္စည်း ၁၂၅ မျိုး၊ သားရေထည် ပစ္စည်း ၆၇ မျိုး၊ သစ်တောထွက်ပစ္စည်း ၂၃၄ မျိုး၊ အထည်အလိပ်နှင့်စပ်လျဉ်းတဲ့ ကုန်ပစ္စည်း ၉၀၃ မျိုး၊ ဖိနပ်၊ ထီးအပါအဝင်ပစ္စည်းမျိုးစုံ ၂၉ မျိုး၊ ဘိလပ်မြေနှင့် ဘိလပ်မြေထွက်ပစ္စည်းများ၊ မှန်နှင့် မှန်ပစ္စည်း ၁၄၆ မျိုး၊ ပုလဲနှင့် အဖိုးတန်ကျောက်မျက်ပစ္စည်း ၆၂ မျိုး၊ သတ္တုနှင့် သတ္တု အခြေခံပစ္စည်း ၅၅၄ မျိုး၊ စက်နှင့်စက်ပစ္စည်းအစိတ်အပိုင်း ၁၀၅၈ မျိုး၊ မော်တော်ကား၊ လေယာဉ်၊ သင်္ဘောနှင့် သယ်ယူပို့ဆောင်ရေး အစိတ်အပိုင်းများ ၂၄ မျိုး၊ ဆေးပစ္စည်း၊ ရုပ်ရှင်လုပ်ငန်းသုံးပစ္စည်းနှင့် တူရိယာပစ္စည်း ၂၄၀ တို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Local News
Published-2 May 2022
လတ်တလောမှာ ကလေးငယ်တွေအနေနဲ့ ဖျားနာတာ၊ အပူကြီးတာ၊ အထက်လန်အောက်လျှောတာတွေ အဖြစ်များနေတယ်လို့ ဝေဘာဂီဆေးရုံကြီး၊ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက YMG ကို ပြောပါတယ်၊၊
"ရာသီဥတုနည်းနည်းပူတော့ ဖျားကြတာပေါ့၊၊ အဖျား အပူကြီးကြတယ်၊၊ အချို့ကလေးတွေဆိုရင် အပူကြီးလို့ တက်တတ်တဲ့ ကလေးတွေဆိုရင် တက်လာတယ်၊၊ အထက်လန်အောက်လျှောလေးဖြစ်ကြတယ်၊၊ ရာသီချိန်ဖျားတယ်ပေါ့နော်၊၊ အထက်လန်အောက်လျှောကများတယ် အန်တယ်၊၊ဝမ်းလျောတယ်၊၊ အပူကြီးတယ် အပူကြီးတယ်ဆိုတာ ချောင်းဆိုးနှာစေးမဖြစ်ဘဲ အပူပဲတက်လာတာ၊၊ အစားအသောက်တွေမသန့်လို့ ယင်နားစာတွေစားလို့ အန်ကြတယ်၊၊ ဝမ်းလျှောတယ်ပေါ့ အဲဒါတွေအဖြစ်များနေပါတယ်"လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက ပြောပါတယ်၊၊
ကလေးငယ်တွေကို ပန်းခြံထဲမှာ ကစားခိုင်းထားချိန်မှာ အပူရှပ်နေတာ၊ အပူကြီးနေတာဖြစ်ပွားနေတာဖြစ်ပြီး နေ့ခင်းနေ့လယ် အပူချိန်ပြင်းတဲ့အခါမှာ အပြင်ခေါ်သွားတာမျိုး၊ ကစားခိုင်းထားမျိုးမပြုလုပ်သင့်ဘူးလို့ ဒေါက်တာခင်ခင်ထားက အကြံပြုပြောပြထားပါတယ်၊၊
ကလေးငယ်တွေအနေနဲ့ မနက်(၁၀)နာရီမှနေ့လယ်(၃)နာရီအတွင်း အပူတိုက်ရိုက်ကျမယ့် နေရာတွေမှာနေထိုင်တာ၊ သွားလာတာတွေ မလုပ်သင့်သလို မသန့်ရှင်းတဲ့အစားအစာတွေကိုလည်း မစားသင့်ဘူးလို့လည်း သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Ukraine_Crisis
Published 02 May 2022
ရုရှားစစ်တပ်များဝိုင်းရံထားတဲ့ မာရီယူပိုလ်မြို့ရှိ အာဇော့ဗ်စတယ်လ်သံမဏိစက်ရုံမြေအောက်မှာ သီတင်းပတ်အတော်ကြာပိတ်မိနေခဲ့တဲ့ ယူကရိန်းအရပ်သား ၁၀၀ ခန့်ကို တနင်္ဂနွေနေ့က ဘေးကင်းရာသို့ ပို့ဆောင်ကယ်ဆယ်ခဲ့ပါတယ်။
အဆိုပါသံမဏိစက်ရုံဟာ မာရီယူပိုလ်မြို့ရဲ့ နောက်ဆုံးခုခံပိတ်ဆိုထားရာ နေရာလည်းဖြစ်ပါတယ်။
ကုလထွေချုပ်'အန်တိုနီယိုဂူတာရက်စ်'က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မော်စကိုနဲ့ ကိဗ်တို့ကို လာရောက်ခဲ့ပြီး မကြာခင်မှာပဲ လူအများမျှော်လင့်ထားကြတဲ့ ကယ်ဆယ်ရေးအစီအစဉ်ကို ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းပေးခဲ့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ညနေက ယူကရိန်းသမ္မတ 'ဗိုလိုဒီမီယာဇယ်လန်စကီ'ပြောကြားရာမှာ "လူ ၁၀၀ ခန့်ပါဝင်တဲ့ ပထမဆုံးအဖွဲ့ကတော့ အစိုးရထိန်းချုပ်ရာ ဒေသဆီ ဦးတည်ပြီးသွားနေပါပြီ" လို့ ဆိုပါတယ်။
ကယ်ဆယ်လာတဲ့ အရပ်သားတွေဟာ ဇာပိုရစ်ဇ်ဇီယာမြို့သို့ တနင်္လာနေ့မှာ ရောက်ရှိဖို့မျှော်မှန်းထားကြောင်း ဆိုပါတယ်။
သံမဏိစက်ရုံမြေအောက်ကွန်ရက်ကြီးမှာ ပုန်းခိုနေတဲ့သူ အနည်းဆုံး ၁,၀၀၀ ခန့်ရှိမယ်လို့ခန့်မှန်းထားပြီး လူအားလုံးလွတ်မြောက်နိုင်ဖို့အတွက် ယူကရိန်းက ကုလသမဂ္ဂနဲ့ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ အာဇော့ဗ်စတယ်လ်စက်ရုံမှလွတ်မြောက်လာသူ အယောက် ၅၀ နီးပါးရှိပြီး ၂၁ ယောက်ကို ရုရှားထိန်းချုပ်ရေးနယ်မြေသို့ ပို့ဆောင်ခဲ့ကြောင်း တနင်္ဂနွေနေ့ အစောပိုင်းက ကြေညာခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဖော်ပြသခဲ့တဲ့ဗီဒီယိုထဲမှာ ကျူးကျော်သူ ရုရှားတပ်ဖွဲ့များအသုံးပြုလေ့ရှိတဲ့ "Z" အမှတ်တံဆိပ်ပါ ကားတွေနဲ့ ဘတ်စ်ကားယာဉ်တန်းဟာ ညဘက်အတွင်းဖြတ်သန်းသွားလာနေတာကို တွေ့ခဲ့ရပါတယ်။
ကလေးငယ်များအပါအဝင် အရပ်သားဒါဇင်ခန့်ဟာ ရုရှားထောက်ခံတဲ့ ခွဲထွက်ရေးသမားများထိန်းချုပ်ထားတဲ့ ဘက်ဇီမန်ရွာရှိ ယာယီနေထိုင်ရာ စခန်းသို့ရောက်ရှိလာခဲ့တာကို မြင်တွေ့ခဲ့ရကြောင်း ရိုက်တာသတင်းဌာနက သတင်းတင်ပို့ထားပါတယ်။
အဆိုပါ ယာဉ်တန်းမှာပါဝင်တဲ့ ရုရှားတပ်ဖွဲ့တွေနဲ့ မော်တော်ယာဉ်တွေမှာ ကုလသမဂ္ဂအမှတ်အသားတွေ တပ်ဆင်ထားပါတယ်။
နိုင်ငံပိုင်သတင်းဌာန RIA Novosti ဖော်ပြထားတဲ့ ဗီဒီယိုထဲမှာ အရပ်သားတွေက ဘတ်စ်ကားတွေထဲမှ ဆင်းလာကြကာ ရုရှားစစ်သားများ စောင့်ကြပ်နေတဲ့ တဲများသို့ ဝင်ရောက်သွားခဲ့ကြောင်း တွေ့ရှိရပါတယ်။
ရုရှားစစ်တပ်က ထွက်ပြေးတိမ်းရှောင်မယ့် အရပ်သားတွေကို ပိတ်ဆို့တားဆီးနေတယ်လို့ ယူကရိန်းအာဏာပိုင်များက အစောပိုင်းက ဝေဖန်ခဲ့ကြပြီး ရုရှားနယ်မြေနဲ့ ခွဲထွက်ရေးသမားများထိန်းချုပ်ထားတဲ့ နယ်မြေများကို ထွက်ပြေးလာတဲ့ ယူကရိန်းအရပ်သား တစ်သန်းခန့်ကို ဓားစာခံအနေနဲ့ ထိန်းသိမ်းထားတယ်လို့ ဆိုနေကြပါတယ်။
ပုပ်ရဟန်းမင်းကြီး'ဖရန်စစ္စ'က တနင်္ဂနွေနေ့က စိန့်ပီတာရင်ပြင်၌ တရားဟောပြောကြားရာမှာ မာရီယူပိုလ်ရှိ အရပ်သားများ လွတ်မြောက်ဖို့ လူသားချင်းစာနာထောက်ထားရေး အစီအစဉ်များ ပြုလုပ်ဖို့တောင်းဆိုလိုက်ပြီး စစ်ပွဲကလူသားမျိုးနွယ်ဆုတ်ယုတ်လာစေတဲ့ အကြောင်းအရင်းဟု မှတ်ချက်ပြုခဲ့ပါတယ်။
"ရက်ရက်စက်စက်ဗုံးကျဲတိုက်ခိုက်ခံခဲ့ရတဲ့ မာရီယူပိုလ်မြို့ကိုပဲ စိတ်ကရောက်နေပါတယ်" လို့ မိန့်ကြားခဲ့ပါတယ်။
Source: The Telegraph
#Yangon_Media_Group
Page 1817 of 1956