#World_Health
Published 5 October 2022
အသက်အရွယ်အိုမင်းရခြင်းရဲ့ သဘောတရားများကို နားလည်ရန် သိပ္ပံပညာရှင်များ ခြေတစ်လှမ်းပိုမိုနီးစပ်လာပြီဖြစ်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ သိရှိရပါတယ်။
သက်ရှိတွေရဲ့ နေထိုင်မှုသက်တမ်းဟာ အရာများစွာပေါ်မူတည်နေပေမယ့် အိုမင်းရင့်ရော်မှုဖြစ်ရတဲ့ အကြောင်းအရင်းတွေကိုတော့ နားမလည်ကြသေးပါဘူး။
လူသားတွေက အသက်ဘယ်လောက်ရှိလဲဆိုတာကို နှစ်တွေလတွေနဲ့ တွက်ချက်ကြပေမယ့် လူသားဆဲလ်တွေကတော့ ထိုအချိန်ကာလတွေကို နားမလည်ပါဘူး။
ဒါကြောင့် သိပ္ပံပညာရှင်တွေက လူသားတွေရဲ့ အချိန်ကာလအသက်နဲ့ ကွဲပြားနေတဲ့ လူသားဆဲလ်တွေရဲ့ ဇီဝဖြစ်စဉ်သက်တမ်းကို တိုင်းတာနိုင်ဖို့ နည်းလမ်းများ ရှာဖွေတီထွင်ခဲ့ကြပါတယ်။
ဆေးဝါးများဖြင့် အိုမင်းခြင်းကို ကုသနိုင်အောင် ဖန်တီးလာနိုင်ဖွယ်ရှိနေပြီး ထိုကဲ့သို့ရှာဖွေတွေ့ရှိမှုက ဆေးဝါးသုံးစွဲပုံစံအပေါ် ပြောင်းလဲလာနိုင်ဖွယ်ရှိပါတယ်။
အသက်အရွယ်ကြီးရင့်ခြင်းအကြောင်းအရင်းကို သိပ္ပံပညာရှင်များ မသိကြသေးသလို ဆဲလ်ဇီဝဖြစ်စဉ်သက်တမ်းကို မတိုင်းတာနိုင်သေးဘဲ တိတိကျကျ မစမ်းသပ်နိုင်သေးပါဘူး။
လူတစ်ဦးရဲ့ ဘဝသက်တမ်းတလျှောက်လုံး စောင့်ကြည့်ရမှာဖြစ်ပေမယ့် ဒါဟာ လက်တွေ့မဆန်တဲ့လုပ်ရပ်ဖြစ်နေပါတယ်။
အိုမင်းခြင်းကို နားလည်စေဖို့အတွက် ဒေါက်တာ'နီကိုလတ်စ်စထရူစထရပ်'ဦးဆောင်တဲ့အဖွဲ့က C. elegans ချေးပိုးကောင်တွေကို ဓာတ်ခွဲခန်းမှာစမ်းသပ်ခဲ့ကြပါတယ်။
ဒီချေးပိုးကောင်တွေက သက်တမ်း ၂ ပတ်မျှသာ ရှင်သန်နိုင်တာကြောင့် အချက်အလက်များရယူစုဆောင်းဖို့ များစွာလွယ်ကူပါတယ်။
ဒီစမ်းသပ်မှုအတွက် ဘဝသက်တမ်းတွက်ချက်စက်ကို သုတေသီများအသုံးပြုခဲ့ကြပါတယ်။
ဒီစက်က ချေးပိုးကောင် ထောင်သောင်းများစွာရဲ့ အသက်ရှင်သန်ခြင်းဖြစ်စဉ်နဲ့ သေဆုံးခြင်းဖြစ်စဉ်ကို တပြိုင်တည်းလေ့လာနိုင်မှာဖြစ်ပါတယ်။
ချေးပိုးကောင်တွေကို စမ်းသပ်ခွက်လေးတွေထဲမှာထားကာ သူတို့ရဲ့ဘဝသက်တမ်းတလျှောက်လုံး စကင်နာနဲ့ စောင့်ကြည့်ခဲ့ပါတယ်။
ထိုစက်က ချေးပိုးကောင်များကို တစ်နာရီတစ်ခါ ပုံရိပ်များရယူခဲ့ကြပါတယ်။
ချေးပိုးကောင်တွေမှာ အသက်အရွယ်ကြီးရင့်ခြင်းဖြစ်စဉ်နဲ့ သေဆုံးခြင်းဖြစ်စဉ်တို့က တပြိုင်တည်းဖြစ်ပွားခဲ့ပါတယ်။
အိုမင်းခြင်းဖြစ်စဉ်နှေးတဲ့ချေးပိုးကောင်တွေက သေဆုံးခြင်းဖြစ်စဉ်လည်း နှေးကွေးသွားပါတယ်။
လူသားတွေက ချေးပိုးကောင်များထက် ဇီဝဆဲလ်ဖြစ်စဉ်များ အလွန်များပြားတာကြောင့် ထပ်မံလေ့လာရဦးမှာဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိမှုပြောင်းလဲမှုများမှ ရလာဒ်များကို ရိုးရိုးရှင်းရှင်းခန့်မှန်းနိုင်မယ်လို့ ယူဆတာထက် လုပ်ဆောင်ချက်ဆိုင်ရာရလာဒ်များအပေါ် ကြားဝင်ဆောင်ရွက်မှုတွေရဲ့ အကျိုးသက်ရောက်မှုကို တိုင်းတာခြင်းအပေါ် အာရုံစိုက်သင့်ပါတယ်လို့ 'စထရုစထရပ်'က သုံးသပ်ထားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 4 Oct 2022
ပြည်ပမှ အဓိကတင်သွင်းနေရတဲ့ စက်သုံးစီတွေကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရေးဆောင်ရွက်နေရာ မကြာမီ အချိန်အတွင်း ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်မယ့် အလားအလာရှိနေတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ပြည်မြိုရှိ၊ သီရိခေတ္တရာရတနာပုံမြို့တော်ခန်းမ၌ ယနေ့ အောက်တိုဘာ ၄ရက် ကတွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆွေးနွေးပြောကြားရာမှာ ဗိုလ်ချူပ်မှူးကြီးက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ စက်သုံးဆီတွေကို အဓိကအားဖြင့် ပြည်ပမှတင်သွင်းနေရပြီး ဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူရရှိနိုင်ဖို့ နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီ အချိန်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်မည့် အလားအလာများရှိနေပါတယ်။ စက်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေရရှိဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ သဘာဝဓာတ်ငွေ့ထုတ်ယူ ရရှိနိုင်သည့် နေရာလည်းတွေ့ရှိထားပြီဖြစ်ပါတယ်။ နောင်လာမည့် သုံးနှစ်ခန့်အတွင်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်” လို့ နစက ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


ပြည်ခရိုင်အတွင်းက MSME လုပ်ငန်းတွေက ဓာတ်မြေဩဇာတွေ ဈေးနှုန်းသက်သာစွာရရှိရေး၊ စပါးစိုက်ပျိုးရေး ရင်းနှီးမတည် ငွေတွေကို သက်သာတဲ့အတိုးနှုန်းဖြင့် ထုတ်ချေပေးဖို့၊ ခရီးသွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေး နိုင်ငံတော်မှကူညီပံ့ပိုးမှုနှင့် ဖြေလျော့ မှုတွေပြုလုပ်ပေးဖို့၊ကိုဗစ်ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ တိုးမြှင့်ပေးဖို့၊စက်သုံးဆီတွေ ဈေးနှုန်းသက်သာစွာရောင်းချပေးဖို့၊ သံထုတ်လုပ်ရေးအတွက် သတ္တုကုန်ကြမ်းနှင့်ဆက်စပ်ပစ္စည်းတွေ ဈေးနှုန်းသက်သာစွာရရှိဖို့နှင့်နည်းပညာတွေမျှဝေပေးဖို့၊ပန်းပု လုပ်ငန်းအတွက် ကုန်ကြမ်းအခက်အခဲဖြစ်ပေါ်နေမှုတွေကို တင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
နစက ဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ရာမှာ
ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။



တွေ့ဆုံပွဲအပြီးမှာ ခင်းကျင်းပြသထားတဲ့ MSME ထုတ်ကုန်ပြခန်းတွေကို ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့ကလှည့်လည် ကြည့်ရှုခဲ့ကြပါ တယ်။
နစက ဥက္ကဋ္ဌဟာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်တွေကို ဒေသအလိုက် သွားရောက်တွေ့ဆုံ ဆွေးနွေးလျက်ရှိရာမှာ မန္တလေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးတို့မှ လုပ်ငန်းရှင်တွေနှင့် ယခင်ရက်များက တွေ့ဆုံခဲ့ပြီး ယခု ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်မှ လုပ်ငန်းရှင်တွေနှင့်ဆက်လက်တွေ့ဆုံတာဖြစ်ကြောင်းသိရှိရပါတယ်။
ဗိုလ်ချူပ်မှူးကြီးနှင့် ဇနီးတို့ဟာ ပြည်မြို့သို့ ရောက်ရှိနေခိုက် အောက်တိုဘာ ၄ရက် ညနေပိုင်းမှာ ပြည်မြို့ ကျက်သရေ ဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: SAC’s Info
#SG_Min_Aung_Hlaing
#MSME_Myanmar
#Myanmar_Economy
#Local_News
Published _4 October 2022
ကမ္ဘာကျော် ငပလီကမ်းခြေမှာ လာမည့်နိုဝင်ဘာလအတွင်း ဆောင်းဦးပွဲတော်ပြုလုပ်ဖို့ ရှိနေပါတယ်။
#Yangon_Media_Group
#World_Archaeology
Published 4 October 2022
လွန်ခဲ့တဲ့နှစ်တစ်ထောင်ခန့်က ဘာသာရေးထုံးတမ်းဓလေ့အရ ယစ်ပူဇော်ခံခဲ့ရတဲ့ ကလေး ၇၆ ဦးရဲ့ အုတ်ဂူများကို ပီရူးနိုင်ငံမြောက်ဘက်ကမ်းရိုးတန်းရှိ စပိန်ခေတ်မတိုင်မီဘုရားကျောင်းတစ်ခုအတွင်း ရှေးဟောင်းသုတေသနပညာရှင်များ တူးဖော်တွေ့ရှိခဲ့ကြကြောင်း သုတေသီတစ်ဦးဖြစ်တဲ့ 'လူးဝစ်ဖလိုရီစ်'က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_4 October 2022
မြို့တွင်းပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းတွေဟာ အောက်တိုဘာ ၁ ရက်ကနေစပြီး ယာဉ်စီးခကို ၄၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံမှုတွေရှိလာတယ်လို့ YBS စီးခရီးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
Published 4 Oct 2022
ရှန်ဟိုင်းမြို့ဆင်ခြေဖုံးက ကန်ကြီးတစ်ကန်အတွင်းက ကျွန်းတစ်ကျွန်းကို “ကြောင် ကျွန်း” အဖြစ် ခေါ်ဆိုနေကြပါတယ်။ ပြီးခဲ့တဲ့လက အဲဒီကျွန်းမှာ အခြေပြုတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့က လေလွင့်လမ်းဘေးကြောင်တွေကို အဲဒီနေရာ ခေါ်ယူထားရှိတာကစပြီး ကြောင်ကျွန်းရယ်လို့ အမည်တွင်လာတာဖြစ်ပါတယ်။
စက်တင်ဘာ ၄ရက်က စပြီး ၆၀၀ စတုရန်းမိုင် ကျယ်ဝန်းတဲ့ အဲဒီကျွန်းကို ဖွင့်ပြီးကတည်းက ကျွန်းပေါ်ကို လေလွင့်ကြောင် အကောင်ရေ ၁၀၀ကျော်ရောက်ရှိလာခဲ့ပါပြီ။ အများစုကတော့ တာဝန်သိတဲ့ ရှန်ဟိုင်းဒေသခံတွေက လာပို့ကြတဲ့ မြို့ပေါ်ကကြောင်တွေ ဖြစ်ကြပါတယ်။
“ ကလေးတွေက ကြောင်တွေမွေးချင်လို့တဲ့။ အဲဒါ မွေးရင်ကောင်းမလားဆိုတာ မဆုံးဖြတ်ရသေးဘူး” လို့ ကြောင်ကျွန်းကို လာတဲ့ ဧည့်သည်တစ်ဦးက ပြောပါတယ်။
“ ဘယ်လိုကြောင်မျိုးဖြစ်ဖြစ် အရေးမကြီးပါဘူး။ ရပ်ကွက်ထဲမှာ လေလွင့်နေတဲ့ ကြောင်တွေအများကြီးပဲ။ ကျွန်မနှင့် သား ခဏခဏလာပြီး အစာကျွေးတယ်” လို့ နောက်ဧည့်သည်တစ်ဦးကပြောပါတယ်။
ကြောင်ကျွန်းကို ရှန်ဟိုင်းလေလွင့်ကြောင်များစီမံခန့်ခွဲရေးစင်တာက တာဝန်ခံစီမံနေတာဖြစ်ပါတယ်။
ကျွန်းကိုရောက်လာတဲ့ကြောင်တွေကို သင်းကွပ်ပေးပြီး လေ့လာကြည့်ကြပါတယ် ။ကျန်းမာရေးကောင်းတဲ့ကြောင်တွေဆိုရင် လွတ်လွတ်လပ်လပ် လွှတ်ပေးထားပါတယ်။
အဲဒီစင်တာက ကျားကျင်လျန်းက “ သင်းကွပ်တဲ့မူဝါဒက ကြောင်တွေကိုကာကွယ်ပေးဖို့နှင့် ပေါက်ဖွားနှုန်းကန့်သတ်ဖို့၊ ဂေဟမျှတမှုထိန်းသိမ်းဖို့ဖြစ်တယ်” လို့ပြောပါတယ်။
အဲသလိုမှမလုပ်ရင် နှစ်အနည်းငယ်အတွင်း လေလွင့်ကြောင်တစ်ကောင်ကနေ ကြောင်တွေ အကောင်၁၀၀ အကောင်၁၀၀၀ ပွားလာနိုင်တယ်။အဲဒါကြောင့် လူတွေက ဝင်ပြီး စွက်ဖက်ပေးရတာမျိုးလိုအပ်တယ်။ ဒါပေမယ့် ဒီလိုလုပ်တာကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို မထိခိုက်စေဖို့ TNR နည်းစနစ်မျိုးကိုသုံးတာဖြစ်တယ် လို့ သူကပြောပါတယ်။
ကြောင်ကျွန်းဟာ လက်ရှိကြောင်တွေအတွက် ပြည့်စုံတဲ့ နေရာထိုင်ခင်းပံ့ပိုးပေးနိုင်ပါတယ်။ ရှန်ဟိုင်းမှာ လေလွင့်ကြောင်တွေဟာ တစ်ကီလိုမီတာ ပတ်လည်မှာ အကောင် ၂၀၀ လောက်ရှိတယ်လို့ခန့်မှန်းထားတယ်။ အဲဒါက ဘာကိုပြသနေသလဲဆိုရင် မြို့ပေါ်မှာ လေလွင့်ကြောင်တွေ ပေါက်ဖွားနှုန်းထိန်းချုပ်ဖို့ ဒီလို အခြားနည်းလမ်းတွေလိုအပ်တယ် ဆိုတာပဲဖြစ်ပါတယ်။
Source CCTV+
#Stray_Cats
#Cat_Island_Shanghai
#China
#Local_News
Published_ 4 October 2022
ပုဂံဒေသမှာ ပုဂံခေတ်ရေစီးကြောင်းတွေပြန်လည်ဖော်ဆောင်ဖို ဘတ်ဂျက်ရပြီဖြစ်တဲ့အတွက် အခုနှစ်အတွင်းပုဂံခေတ်ရေစီးကြောင်းတွေအပြီးဖော်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 4 october 2022
ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း အိမ်ငှာခးစရိတ်တွေ အရင်ကထက်နှစ်ဆ မြင့်တက်လာတယ်လို့ အိမ်ပွဲစား အကျိုးဆောင်တွေနဲ့ အိမ်ဌားရမ်းနေထိုင်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 4 October 2022
၁။ ရန်ကုန်တိုင်း အိမ်၊ ခြံ၊ မြေဈေးကွက်၌ အိမ်ငှားခစရိတ်များ မြင့်တက်လျက်ရှိနေ
၂။ ပုဂံခေတ်ရေစီးကြောင်းများကို ယခုနှစ်အတွင်းအပြီးဖော်မည်
၃။ YBS ယာဉ်စီးခများ ၄၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံ
၄။ ရှေးဟောင်းပီရူးထုံးတမ်းအရ ယစ်ပူဇော်ခံခဲ့ရသည့် ကလေးရုပ်ကြွင်း(၇၆)ခု၏ အုတ်ဂူများတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 4 October 2022
မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဆန်ဖြူနဲ့ ပေါင်းဆန်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီသို့ တင်ပို့ရောင်းချမယ့် သဘောတူညီချက်ကို သက်တမ်းတိုးမြှင့်ဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီစဉ်လျက်နေရှိတယ်လို့ သိရှိရပါတယ်။
#Yangon_Media_Group
#Local_News
Published _4 October 2022
မန္တလေးတွင် အငှားယာဉ်မောင်းကိုသတ်၍ ကားလုယူသွားသူများအား တောင်ကြီး၌ ဖမ်းမိခဲ့ကြောင်း နစက ကသတင်းထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ ၃ ရက် ည ၈ နာရီခွဲခန့်တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့များမှ သတင်းအရ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အတွင်း စုံစမ်းစစ်ဆေးရှာဖွေမှုများပြုလုပ်စဉ် ပြည်ကြီးတံခွန်မြို့နယ်၌ အငှားကားမောင်းနှင်သူအားသတ်ဖြတ်၍ ကားလုယူထွက်ပြေးခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာလ၂ရက် ည၈နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ်၊၁၂၈လမ်းနှင့်စက်မှုပန်းခြံလမ်းထောင့်၊ မြို့နယ်လျှပ်စစ်ရုံးအနောက်ဘက်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိရကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ဘယ်ဘက်ရင်အုံအောက်ဘက်နှင့် ညာဘက်ခြေသလုံးတို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက်က ၃၀ အရွယ် ကိုပြည့်ဆိုသူကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ယင်းမှာမက်တူးအဖြူရောင်ယာဉ်ဖြင့် မြို့တွင်းဘုရားဖူးလိုက်သွားရာမှ အသတ်ခံရခြင်းဖြစ်ကြောင်း၊ ဘုရားဖူးကားငှားမည်ဟု ပြစ်မှုကျူးလွန်ခဲ့သူများက လိမ်လည်ခေါ်ဆောင်ခဲ့သောကြောင့် ကိုပြည့် MDY CC/4268 Toyota mark2 အဖြူရောင်မော်တော်ယာဉ်ဖြင့် အောက်တိုဘာလ ၂ရက် နံနက် ၇ နာရီခန့်က နေအိမ်မှ ထွက်ခွာသွားပြီးနောက် နေအိမ်သို့ ပြန်ရောက်လာခဲ့ခြင်း မရှိသည့်အတွက် လူပျောက်လိုက်ရှာရာမှ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်သည်။
လူသတ်ပြီး ကားကိုလုယူသူများမှာ ၂၆လမ်း နှင့် ၅၄လမ်းထောင့်အနီးရှိဟိုတယ်တွင်တည်းခိုနေသူများဖြစ်ပြီး လုယူလာသည့် ကားဖြင့်ဟိုတယ်ကို ပြန်ရောက်လာကာ အဝတ်ထုပ်နှင့် အခြားပစ္စည်းများကို သယ်ယူသွားကြောင်း CCTV မှတ်တမ်းများကို ကိုးကား၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူက ပြောကြားထားသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၈လမ်းနှင့် ၁၃၉ကြား ၊ ၇၇လမ်းနှင့်၇၈လမ်းကြား လမ်းဘေးတွင် ဇူလိုင်လ ၂၆ရက် က အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး၏ ကားကိုလုယူကာလူကိုသတ်၍ အလောင်းကို လမ်းဘေး၌ စွန့်ပစ်သည့် အမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 4 October 2022
ကရင်ပြည်နယ်အတွင်းရှိ မြစ်ရေတင်စီမံကိန်း(၆)ခုမှ နွေသီးနှံစိုက်ဧက ၂၂၆၁ ဧက ကို စိုက်ပျိုးရေပေးဝေနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ကရင်ပြည်နယ်၌ မြစ်ရေတင်စီမံကိန်း(၇)ခု ရှိပြီး စီမံကိန်းအကျိုးပြုဧက (၆၀၀၀) ဖြစ်ပါတယ်။ ကမ်းနီမြစ်ရေတင်လုပ်ငန်းဟာ ဒီဇယ်ကနေ လျှပ်စစ်မြစ်ရေတင်ကို အဆင့်မြှင့်တင်ပြုပြင်လျက်ရှိတာကြောင့် ရေပေးဝေခြင်းမရှိဘဲ ကျန်မြစ်ရေတင်လုပ်ငန်း (၆)ခုကနေ ရေပေးဝေလျက်ရှိကြောင်း သိရပါတယ်။
နိုဝင်ဘာလ ဒုတိယအပတ် လောက်ကနေစပြီး ရေပေးဝေဖို့ လျာထားဆောင်ရွက် လျက် ရှိပါတယ်၊ မိုးစပါးအောင်ရေ လိုအပ်တဲ့ လယ်ဧက (၄၀၀၀) ခန့် ရေပေးဝေဖို့အတွက် ကြိုတင်စီမံ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်အတွင်း တရုတ်လှ၊ ဘားကပ်၊ ထုံးအိုင်၊ ဇာသပြင်၊ သံလှယ်နှင့် ဂျိုင်း စသည့် မြစ်ရေတင်စီမံကိန်း (၆) ခုမှ စိုက်ပျိုးရေပေးဝေနေတာဖြစ်ပါတယ်။
စိုက်ပျိုးရေ ပေးဝေမှုအနေဖြင့် ၂၀၁၆-၂၀၁၇ တွင် မိုးစပါး(၂၀၅)ဧကနှင့် နွေသီးနှံ (၁၄၁၆)ဧက၊ ၂၀၁၇-၂၀၁၈ တွင် မိုးစပါး(၂၁၁) ဧကနှင့် နွေသီးနှံ(၁၁၀၆) ဧက၊ ၂၀၁၈-၂၀၁၉ တွင် မိုးစပါး (၄၇၈) ဧကနှင့် နွေသီးနှံ (၁၆၃၈)ဧက၊ ၂၀၁၉-၂၀၂၀ တွင် မိုးစပါး (၃၃၂) ဧကနှင့် နွေသီးနှံ (၁၇၉၇) ဧက၊ ၂၀၂၀-၂၀၂၁ တွင် မိုးစပါး (၂၂၅)ဧကနှင့် နွေသီးနှံ (၂၀၃၃)ဧကနှင့် ၂၀၂၁-၂၀၂၂တွင် မိုးစပါး (၃၂၅)ဧက၊ နွေသီးနှံ(၂၄၈၆)ဧက စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)သည် လှိုင်းဘွဲ့မြိုနယ်တွင်စိုက်ဧက (၁၀၀၀) စိုက်ပျိုးရေပေးဝေနိုင်မည့် ကော့နွဲလျှပ်စစ် မြစ်ရေတင်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အကြို ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှုများ ဆောင်ရွက်ထားရှိပြီး မြစ်ရေတင်စီမံကိန်းအသစ် တည်ဆောက်နိုင်ရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်မှာ ဖြစ်ကြောင်း သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
Page 1632 of 2055