Published 23 Oct 2022
မိခင်နှင့်ကလေး ပန်ဒါဝက်ဝံသားအမိရဲ့ အစားအစာရှာဖွေတာ၊ပိုင်နက် အနံ့ခံမှတ်သားရှာဖွေတာတွေပါဝင်တဲ့ ရုပ်သံအပိုင်းအစကို တရုတ်နိုင်ငံအနောက်မြောက်ပိုင် ရှန်ရှီးပြည်နယ်က ချန်ချင်းအမျိုးသား သဘာဝ ကြိုးဝိုင်းက မကြာသေးမီက ထုတ်ပြန်ပေးခဲ့ပါတယ်။
မကြာသေးမီက ကင်းလှည့်ကြည့်ရှုခဲ့စဉ်အတွင်း စားကျက်ကွင်းစောင့်ကြည့်သူတွေက ကြိုးဝိုင်းထဲက အနီအောက်ရောင်ခြည် ကင်မရာတွေဆီကိုပြန်လည်သိမ်းယူခဲ့ပါတယ်။ အဲဒီမှာမှတ်တမ်းတင်ခဲ့တာတွေကို ပြန်ကြည့်ရင်း သူတို့ဟာ တန်ဖိုးရှိလှတဲ့ ဒီမှတ်တမ်းဗွီဒီယိုပုံရိပ်တွေကို တွေ့ရှိခဲ့တာပါ။
ပန်ဒါဝက်ဝံနှစ်ကောင်ရဲ့ အဲဒီပုံရိပ်တွေကို ယခုနှစ် မေလ (၃၀)ရက်နေ့ ည၇နာရီခန့်မှာ မှတ်တမ်းတင်နိုင် ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီဗွီဒီယိုထဲမှာ မိခင်ပန်ဒါမကြီးဟာ သစ်ပင်တစ်ပင်ပေါ်တက်ပြီး နှာရှုပ်ကြည့်တာ၊ခေါင်းနှင့် ခွေ့တာ၊ပြီးတော့ ပင်စည်ကို လည်ပင်းနှင့်ခွေ့တာတွေကို မြင်ကြရတာ။ အဲဒီနောက် သစ်ပင်ခြေရင်းမှာ ကျင်ငယ်စွန့်ပြီး သူမရဲ့ ပိုင်နက်ကို မှတ်သားပါတယ်။ မြင်ကွင်းကနေ ထွက်မသွာခင် သူမဟာ အပင်ကို ခဏတာမျှ ပျင်းရိစွာ မှီပြီးနေလိုက်ပါသေးတယ်။
ပန်ဒါကလေးကတော့ သူ့မိခင် မြင်ကွင်းကပျောက်သွားတာတောင်မှ စားဖို့ပဲ အလုပ်ရှုပ်တာပါ။
ဒီပန်ဒါဝက်ဝံတွေဟာ တစ်ကိုယ်တည်းနေလေ့ရှိကြပြီး ဒီလို ကလေးငယ်တွေနှင့် အတူသွားလာတာ မြင်ရခဲတယ်လို့ ကြိုးဝိုင်းအရာရှိတွေက ပြောပါတယ်။
ချန်ချင်း အမျိုးသားသဘာဝကြိုးဝိုင်းဟာ ချင်လင်းတောင်တန်းတွေအလယ် တောင်ဘက်ကုန်းလျောမှာ တည်ရှိပြီး ပန်ဒါဝက်ဝံကြီးတွေရဲ့ စားကျက်အတွက် ဟက်တာ သုံးသောင်းနီးပါး ကျယ်ဝန်းတဲ့ ဧရိယာရှိပါတယ်။
ယခုစတုတ္ထအကြိမ်မြောက် ကွင်းဆင်းလေ့လာမှုအရေ ကြိုးဝိုင်းထဲမှာ ပန်ဒါဝက်ဝံရိုင်းတွေရဲ့ အရေအတွက်ဟာ ၆၇ ကောင်အထိရှိလာပြီလို့သိရပါတယ်။
Source CCTV+
#Giant_pandas
#Changqing_National_Nature_Reserve
#China_Pandas
#TV Yangon Times Matters အစီအစဉ်
Published - 23 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သရုပ်ဆောင်ဒါရိုက်တာမင်းဆက်သစ်နှင့်အတူ
-"ဆယ်တန်းတုန်းက ဂုဏ်ထူး ၄ ဘာသာနဲ့ အောင်မြင်ခဲ့ပြီး ဆေးကျောင်းဝင်ခွင့်ရခဲ့သော်လည်း ကလေးဘဝကတည်း အနုပညာအလုပ်ကိုရူးသွပ်လို့ ရုပ်ရှင်လောကထဲကိုရအောင်ဝင်ရောက်ခဲ့ကြောင်း
-"သဘင်သည်မြနှင်းဆီဇာတ်လမ်းတွဲ"ကို ၁၅ ရက်အတွင်း ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ကူးနိုင်ခဲ့ကြောင်း
-Marketing အတွေ့အကြုံတွေက အသွေးအသားထဲကိုစိမ့်ဝင်နေပြီး ဒီအတွေ့အကြုံတွေကြောင့်" သဘင်သည်မြနှင်းဆီ"အောင်မြင်တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 23 October 2022
ဆော်ဒီအာရေဗျနိုင်ငံ က အသက် ၆၅နှစ်အရွယ် အမျိုးသားကြီးတစ်ဦးဟာ ဘဝတစ်လျောက်လုံး စိတ်တည်ငြိမ်မှုရရှိရေး ရှာဖွေရင်းနှင့် အမျိုးသမီး ၅၃ ဦးကို လက်ထပ်မိခဲ့သားဖြစ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းက တစ်မြို့လုံးပြောစရာတစ်ခု ဖြစ်နေတယ်လို့ ပင်လယ်ကွေ့သတင်း ဌာနက သတင်းရေးသားပါတယ်။
အဘူ အဘူဒူလာဆိုဟာ အသက် ၂၀အရွယ်မှာ ပထမဆုံးလက်ထပ်ခဲ့ပါတယ်။ အဲဒီတုန်းက သူ့ပထမဆုံးဇနီးက သူ့ထက် အသက်(၆)နှစ်ကြီးပါတယ်။ အဲဒီတုန်းကတော့ သူလိုတာအားလုံးက သူမတစ်ယောက်တည်းဖြစ်ခဲ့တာပါတဲ့။
သူတို့ဇနီးမောင်နှံမှာ သားသမီးထွန်းကားခဲ့ပြီး အစပိုင်းမှာ အရာရာ အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာတွေစတင်ခဲ့ ပြီးနောက် သူနောက်ထပ်တစ်ဦးကို လက်ထပ်ချင်လာခဲ့ပါတယ်။
အဲဒါကြောင့် သူ အသက် ၂၃နှစ်အရယ်မှာ သူနောက်မိန်းမတစ်ယောက်ထပ်ယူမယ့် အစီအစဉ်ကို သူ့မိန်းမကို ပြောလိုက်ပါတော့တယ်။ သူတို့သုံးဦးဟာ အတူတကွပေါင်းသင်းနေထိုင်ကြရင်းနှင့် မယားနှစ်ယောက်အကြား ပြဿနာတွေတက်လာလို့ သူဟာ တတိယမယားယူခဲ့ပါတယ်။ အဲဒီနောက် လေးယောက်မြောက်မယား..။
![]()
ဒါပေမယ့် အခြေအနေတွေက ပိုသာဆိုးလာပါတယ်။ အဲဒါကြောင့် သူဟာ ပထမနှင့် ဒုတိယမယားနှစ်ဦးကို ကွာရှင်း လိုက်ပါတယ်။ နောက်တော့ တတိယနှင့် စတုတ္ထမယားတွေကလည်း ရန်တွေဖြစ်နေကြလို့ သူတို့ကိုလည်း အဲသလိုပဲ ကွာရှင်းခဲ့ပါတယ်။ ဒါပေမယ့် သူဟာ တည်တည်ငြိမ်ငြိမ်ဖြစ်ရေးကို ဆက်လက်ရှာဖွေနေပါတော့တယ်။
အသက် ၆၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူက အာရပ်သတင်းစာ Sabq နှင့်တွေ့ဆုံပြီး သူဟာ အခုထက်ထိ မိန်းမ ၅၃ ယောက် လက်ထပ်ပြီးပြီလို့ပြောပါတယ်။ အတိုဆုံးအိမ်ထောင်ရေးကတော့ တစ်ညသာပဲဖြစ်တယ်လို့လည်းပြောပါတယ်။ ဒါပေမယ့် ဒါဟာ သူနောက်ပြောင်ပြောနေတာမဟုတ်။တကယ်အတည်ပြောခဲ့တာဖြစ်ပြီး အားလုံးကိုလည်း သူက ရိုးရာ ဓလေ့နှင့်အညီ လက်ထပ်ယူခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
သူက သူ့ဘဝမှာ သူ့ကိုပျော်ရွှင်အောင်ထားနိုင်မယ့် အမျိုးသမီးတစ်ဦးကို ကြိုစားရှာဖွေနေပုံရပါတယ်။ ဒါပေမယ့် သူ့ အိမ်ထောင်ရေးဟာ ကျရှုံးပြီးရင်း ကျရှုံးဖြစ်ခဲ့တာပါ။
ဒါပေမယ့် နောက်ဆုံးမှ သူစိတ်ကြိုက်တစ်ဦးတွေ့ပြီလားဆိုတာကိုတော့ သူက ထုတ်မပြောပါဘူး။ အဘူ အဘူဒူလာက သူ အခုဆို နောက်ထပ် မိန်းမတစ်ယောက်ထပ်ယူပြီးပြီ။ နောက်ထပ်ထပ်ယူဖို့ အစီအစဉ်မရှိဘူးလို့တော့ ပြောရှာပါတယ်။
သူ့မိန်းမတွေအားလုံးနီးပါးက ဆော်ဒီအမျိုးသမီးတွေဖြစ်ကြပြီး နိုင်ငံခြားခရီးသွားရင်းနှင့်နိုင်ငံခြားသူတစ်ဦးပဲ သူလက်ထပ်ဖူးပါတယ်။အဲဒီအိမ်ထောင်ရေးဟာလည်း လပိုင်းပဲကြာခဲ့ပါတယ်။
အဘူအဘူဒူလာရဲ့ ဇာတ်လမ်းဟာ တောင်အာရေဗျမှာ အတော်ပေါက်နေတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ သူရဲ့ ဘဝစွန့်စားခန်းကို ချီးမွမ်းထောပနာပြုကြသူတွေနှင့် သူလုပ်တာမှားပြီးသူဟာ ရာစုနှစ်ရဲ့ မယားပြိုင်သမားကြီး” ဆိုပြီး မှတ်ယူထားကြသူတွေ အကြားမှာလည်း ပြင်းထန်တဲ့ ငြင်းခုန်မှုတွေ ဖြစ်နေကြရပါတယ်လို့ သတင်းကရေးသားပါတယ်။
Source: Gulf-News
#Abu Abdullah
#the_polygamist_of_the century
#Saudi_man_and_53_wives
#Local_News
Published _23 October 2022
ရန်ကုန်မြို့မှာ ပထမဆုံးလုပ်မယ့် ရေပေါ်ညဈေးမှာ တိုင်းဒေသကြီးပြည်နယ်များကို ကိုယ်စားပြုတဲ့လှေတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 23 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သရုပ်ဆောင်ဒါရိုက်တာမင်းဆက်သစ်နှင့်အတူ
-"ဆယ်တန်းတုန်းက ဂုဏ်ထူး ၄ ဘာသာနဲ့ အောင်မြင်ခဲ့ပြီး ဆေးကျောင်းဝင်ခွင့်ရခဲ့သော်လည်း ကလေးဘဝကတည်း အနုပညာအလုပ်ကိုရူးသွပ်လို့ ရုပ်ရှင်လောကထဲကိုရအောင်ဝင်ရောက်ခဲ့ကြောင်း
-"သဘင်သည်မြနှင်းဆီဇာတ်လမ်းတွဲ"ကို ၁၅ ရက်အတွင်း ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ကူးနိုင်ခဲ့ကြောင်း
-Marketing အတွေ့အကြုံတွေက အသွေးအသားထဲကိုစိမ့်ဝင်နေပြီး ဒီအတွေ့အကြုံတွေကြောင့်" သဘင်သည်မြနှင်းဆီ"အောင်မြင်တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 23 October 2022
ရှီကျင့်ဖျင်ဟာ တနင်္ဂနွေနေ့ အောက်တိုဘာ ၂၃ ရက်မှာကျင်းပတဲ့ (၂၀)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးမှာ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရပါတယ်။
ရှီက သဘာပတိအဖြစ်ဆောင်ရွက်တဲ့ အဆိုပါ အစည်းအဝေးကို ဗဟိုကော်မတီဝင် (၂၀၃)ဦးနှင့် အလှည့်ကျကော်မတီဝင် ၁၆၈ ဦး တက်ရောက်ခဲ့ကြပါတယ်။
ရှီကျင့်ဖျင်ကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ စစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်း အစည်းအဝေးက ရွေးချယ်ခဲ့ကြပါတယ်။
ဗဟိုကော်မတီ ပေါလစ်ဗျူရို အမြဲတမ်းကော်မတီဝင်တွေအဖြစ် ရှီကျင့်ဖျင်၊ လီချန်း၊ကျောက်လဲကျီး၊ ဝမ်ဟူနင်း၊ ချိုင်းချီ၊ဒင်၊တင်ရွှဲရှန်းနှင့် လီရှီ တို့ ဖြစ်ကြပါတယ်။
အဲဒီအပြင် ပေါလစ်ဗျူရိုနှင့် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်တွေကိုလည်း ရွေးချယ်ပေးခဲ့ပါပြီး ဗဟိုကော်မတီအတွင်းရေးမှူးများအဖွဲ့ဝင်တွေကိုလည်း ရွေးချယ်တင်မြှောက်ပေးခဲ့ကြပါတယ်။
Source Global Times
#Xi_Jinping
#Political_Bureau
#CPC_China
#TV Yangon Times Matters အစီအစဉ်
Published - 23 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သရုပ်ဆောင်ဒါရိုက်တာမင်းဆက်သစ်နှင့်အတူ
-"ဆယ်တန်းတုန်းက ဂုဏ်ထူး ၄ ဘာသာနဲ့ အောင်မြင်ခဲ့ပြီး ဆေးကျောင်းဝင်ခွင့်ရခဲ့သော်လည်း ကလေးဘဝကတည်း အနုပညာအလုပ်ကိုရူးသွပ်လို့ ရုပ်ရှင်လောကထဲကိုရအောင်ဝင်ရောက်ခဲ့ကြောင်း
-"သဘင်သည်မြနှင်းဆီဇာတ်လမ်းတွဲ"ကို ၁၅ ရက်အတွင်း ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ကူးနိုင်ခဲ့ကြောင်း
-Marketing အတွေ့အကြုံတွေက အသွေးအသားထဲကိုစိမ့်ဝင်နေပြီး ဒီအတွေ့အကြုံတွေကြောင့်" သဘင်သည်မြနှင်းဆီ"အောင်မြင်တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 23 Oct 2022
အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာပြည်နယ်မှာရှိတဲ့ အပ်ပလာလို့ခေါ်တဲ့ ရွာကလေးတစ်ရွာမှာ ဒေသ မျောက်အကောင်ရေ ဟာ အင်မတန်မြင့်မားနေတဲ့အတွက် မျောက်တွေရဲ့ နာမည်နှင့်တောင် မြေကိုမှတ်ပုံတင်ပေးထားရတဲ့ အနေအထားဖြစ်နေပါတယ်။
အိန္ဒိယနိုင်ငံမှာ လယ်ယာဆိုတာ သိပ်တန်ဖိုးရှိပါတယ်။ အဲဒါကြောင့် မြေယာကိစ္စ လူသားအချင်းချင်း အငြင်းပွားကြတယ်ဆိုတာ အိန္ဒိယမှာ ဖြစ်ရိုးဖြစ်စဉ်လိုတည်ရှိနေပါတယ်။
အပ်ပလာရွာကလေးမှာတော့ လူဦးရေ ၁၆၀၀ရှိပြီး မျောက်ဖင်နီအကောင်ရေက ၁၀၀ ရှိနေတာက အတော့်ကို ဆန်းကြယ်သလိုဖြစ်နေပါတယ်။ အိန္ဒိယလူမျိုးတွေဟာ မျောက်တွေကို အလေးထားကြပါတယ်။ သူတို့ကို အစာကျွေးကြတယ်။ ဓလေ့ထုံးတမ်းပွဲအမျိုးမျိုးမှာ မျောက်တွေပါကြပါတယ်။ ဒါပေမယ့် အပ်ပလာရွာသားတွေကတော့ အဲဒါတွေထက်ပိုပါတယ်။ သူတို့ဟာ မြေ ၃၂ ဧကကို မျောက်တွေရဲ့နာမည်နှင့် မှတ်ပုံတင်ပေးထားကြတာဖြစ်ပါတယ်လို့ ရွာသူကြီးကပြောပါတယ်။

“ စာရွက်စာတမ်းတွေမှာ ဒီမြေတွေကို မျောက်တွေပိုင်ဆိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြထားတာပါ။ ဒါကို ဘယ်သူကစခဲ့သလဲတော့မသိပါဘူး။ ဒါပေမယ့် အခုထက်ထိပဲ” လို့ ရွာသူကြီး ဘာပါ ပက်ဝါကပြောပါတယ်။
“ ဒီရွာဟာ မျောက်အကောင်၁၀၀လောက်ရဲ့ ဇာတိမြေပါ။ ဒါပေမယ့် နှစ်ကြာလာတာနှင့်အမျှ မျောက်ကောင်ရေက လျော့လျော့လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိရိစ္ဆာန်တွေက တစ်နေရာတည်းမှာ ကြာကြာမနေကြလို့ဖြစ်ပါတယ်” လို့ သူကဆက်ပြောပါတယ်။
“မျောက်တွေရဲ့မြေဖြစ်တဲ့အတွက် ဘယ်သူကမှ ပိုင်ရှင်တွေနှင့်ပတ်သက်လို့ အကြံမပေးနိုင်ကြဘူး။ အဲဒါကြောင့် သစ်တောဌာနက ဒီနေရာမှာ သစ်ပင်တွေ လာစိုက်ပေးထားတယ်။ မျောက်တွေကလည်း ဒါကို သဘောတူကြမှာ အသေ အချာပါ” လို့ သူကပြောပါတယ်။
တိုင်းအော့ဖ် အိန္ဒိယရဲ့အဆိုအရ ရွာသားတွေဟာ သူတို့ရဲ့အိမ်ဝရောက်လာတာနှင့် မျောက်တွေကို အစာကျွေးကြတယ်။ မင်္ဂလာဆောင်မှာ မျောက်တွေကို အရင်ဆုံးလက်ဆောင်ပေးပြီးမှ အခမ်းအနားကို ဆက်ကျင်းပရတဲ့ ဓလေ့ထုံးတမ်းကို အချို့ရွာသားတွေက ဆက်ပြီးလိုက်နာ ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်လို့ သိရပါတယ်။

အပ်ပလာမှာ မျောက်တွေဟာ ကိုးကွယ်ခံရလုနီးပါး ဒါမှမဟုတ် အနည်းဆုံးတော့ အလေးစားခံရတာရှိနေပါတယ်။ ဒါပေ မယ့် လွန်ခဲ့တဲ့နှစ်အနည်ငယ်ကတော့ ဒေသခံတွေက တစ်မျိုးပြောကြပါတယ်။ အဲဒီအချိန်တုန်းက မျောက်အကောင်ရေ ၃၀၀ ခန့်ဟာ ဒေသခံတွေဆီက အစားအစာတွေခိုးယူတာ၊ အိမ်တွေကို အတင်းဝင်လာတာနှင့် တိုက်ခိုက်တာတွေအထိ အကြမ်းဖက်မှုတွေရှိခဲ့တယ်ဆိုပြီး ဒေသမီဒီယာတွေက ရေးသားခဲ့ကြတာဖြစ်ပါတယ်။
“ မျောက်ဂိုဏ်းတစ်ဂိုဏ်းက လယ်သမားတော်တော်များများရဲ့ လယ်တွေကို လာဖျက်ဆီးခဲ့ကြတယ်။ အဲဒီမျောက်တွေဟာ အုပ်စုဖွဲ့ပြီး ဟိုသည်သွားလာနေကြတယ်။ အဲဒါကြောင့် လူတွေဟာ ရွာထဲမှာ လမ်းလျှောက်ရတာတောင် ကြောက်ကြ တယ်” လို့ ဒေသခံတစ်ဦးက သတင်းစာကိုပြောပါတယ်။ “ သူတို့ကိုမောင်းထုတ်ရင် သူတို့က ကျွန်တော်တို့ကို ပြန်တိုက် ခိုက်ကြတာ” လို့သူကပြောပါတယ်။
ဒါပေမယ့် အပ်ပလာမှာ အဲဒီနောက်ပိုင်းမှာ အပြောင်းလဲကြီး ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
Source: Time of India
#Upla_village
#Maharashtra_state_India
#Moneys_own_lands



Published 23 October 2022
“ကျွန်မရဲ့ အမာရွတ်တွေက လှပတယ်” ဆိုတဲ့ အမည်နှင့် ဖက်ရှင်ပွဲတစ်ပွဲကို ယူဂန်ဒါနိုင်ငံမှာ အောက်တိုဘာ ၂၂ရက်က ကျင်းပခဲ့ပါတယ်။ အဆိုပါဖက်ရှင်ပွဲကို ဖက်ရှင်စတိုးဆိုင် Khatz Moniq Apparel နှင့် ဒီဇိုင်နာ မော်နီကာခါတိုခိုတို့က ကြီးမှူးဆောင်ရွက်ပြီး ကမ်ပါလာမြို့မှာ ကျင်းပခဲ့ကြပါတယ်။ သူတို့ဟာ ခန္ဓာကိုယ်ပုံံစံအမျိုးမျိုး၊ ရှားပါးတဲ့အခြေအနေတွေနှင့် ရောဂါတွေရှိနေတဲ့ ယူဂန်ဒါမှာ ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။
Source AFP
#'My_Scars_are_Beautiful'
#Uganda
#Kampala_fashion_show
#Local_News
Published_ 23 October 2022
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ်၊မိတ္ထီလာ-တောင်ကြီးကားလမ်း၊ မိုင်တိုင် အမှတ် (၉၆/၄) နှင့် (၉၆/၅) ကြား၌ ဒီကနေ့ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက ဆီဘောက်ဆာကား တိမ်းမှောက်၍ ယာဉ်မောင်းနှင့်နောက်လိုက်တို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုအား မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းဝင်များက သွားရောက်၍ ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ထိခိုက်ဒဏ်ရာများ ရရှိခဲ့တဲ့ ယာဉ်မောင်းနှင့်နောက်လိုက်တို့ကို ဟဲဟိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group

#Local_News
Published_ 23 October 2022
အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ အရှိန်ကြောင့်မြန်မာနိုင်ငံ နေရာအချို့တွင်လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က အောက်တိုဘာလ(၂၃)ရက် နေ့လယ်ပိုင်းတွင် သတိပေးချက်ထုတ်ပြန်လိုက်သည်၊၊
ယင်းကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ် ၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု အန္တရာယ်များ ဖြစ်ပေါနိုင်သည့်အတွက် သတိပြုနေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းသတိပေးထားသည်။
အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့်အောက်တိုဘာလ (၂၃) ရက်မွန်းလွဲမှအောက်တိုဘာခလ (၂၆)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး ၊ ကချင်ပြည် နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း သိရသည်၊၊
ယင်းအပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များ ကျရောက်၍ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)မှာ အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ အားကောင်းလာနိုင်ပြီး မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ အောက်တိုဘာလ (၂၅)ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို တင်ကိုနာကျွန်း(Tinkona Island)နှင့် ဆန်းဝစ်(ပ်)ကျွန်း(Sandwip Island)တို့အကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟုလည်း ခန့်မှန်းထားကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group

#Myanmar_News
Published 23 Oct 2022
ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်ရဲ့ အခြေခံလူဦးရေ လစဉ်စိစစ်တိုက်ဆိုက်မှုနှင့် အဆိုပြုမဲရုံတွေ လျာထားသတ်မှတ် ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီးဖြစ်တယ်လို့ သက်ဆိုင်ရာရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါလုပ်ငန်းနှစ်ရပ်ကို အောက်တိုဘာ ၁၂ရက်က စတင်ဆောင်ရွက်ခဲ့ရာမှာ အောက်တိုဘာ ၂၀ရရက်မှာ ပြီးစီးခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် ဦးစောဘလှိုင်တို့ ဦးစီးသည့်အဖွဲ့က အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စိစစ်ထားရှိမှုအခြေအနေများနှင့် အဆိုပြုမဲရုံလျာထားချက်များကို စိစစ်အတည်ပြု သတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလ အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စိစစ်တွေ့ရှိချက်များအရ ရန်ကုန်တိုင်း ဒေသကြီး ၄၅ မြို့နယ်၏ မြေပြင်တွင် နေထိုင်သူဦးရေစာရင်းတွင် ၁၅၃၆၂ ဦး၊ ဥပဒေနှင့်အညီ နေထိုင်သူစာရင်းတွင် ၈၅၆၅ ဦး၊ နိုင်ငံသားကတ်ရှိသူစာရင်းတွင် ၁၃၅၅၀ အသီးသီး အရေအတွက်တိုးလာတယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးတည်ဆောင်ရွက်နေတာဖြစ်ပြီး အဲဒီအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါလုပ်ငန်းတွေ ကို ဒေသအလိုက်ဆောင်ရွက်နေတာဖြစ်ပါတယ်။
Ymg/knl
#Myanmar
#Myanmar_General_Election
#UEC
#Yangon_Media_Group
Page 1600 of 2055