#Asia_Entertainment
Published 3 August 2022
ဘန်ကောက်မှ မော်တော်ဆိုင်ကယ်တက္ကစီသမားတစ်ဦးပုံစံကဲ့သို့ လိမ္မော်ရောင်တောက်တောက်ဂျာကင်နဲ့ ဦးထုပ်ဆောင်းထားတဲ့နပန်းသမားတစ်ဦးက လိုက်ကာနောက်ကနေ ပြေးထွက်လာပြီး ကြိုးဝိုင်းထဲကို ဝင်ရောက်လာပါတယ်။
#Yangon_Media_Group
#Local_News
Published_3 August 2022
အငြိမ့်သဘင်လောကမှာ တစ်ချိန်တုန်းကနာမည်ကြီးခဲ့ပြီးတော့ အခုချိန်မှာ ဘဝအခက်အခဲတွေ ရင်ဆိုင်နေရတဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းဖြစ်နေတဲ့ အငြိမ့်မိခင်ကြီး(၁၅)ဦးရှိတယ်လို့ မြန်မာနိုင်ငံအငြိမ့်မင်းသမီးများ အဆိုအကအလွှာ(ဗဟို) ဥက္ကဌကျားလေးစိန်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_3 August 2022
ကိုဗစ်ကပ်ရောဂါဖြစ်ပြီး နောက်ပိုင်းကစလို့ ကိုယ့်မိသားစု ကျန်းမာရေးအတွက် ကိုယ်တိုင်စောင့်ရှောက်ဖို့ ပုဂ္ဂလိကဆေးဝါးကျွမ်းကျင်သင်တန်းတက်ရောက်သူတွေ များလာတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published: 3 August 2022
ရုရှား-မြန်မာ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးတစ်ရပ်ကို ယခုဩဂုတ်လအတွင်း ကျင်းပသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ကပြောပါတယ်။
“ ကျွန်တော်တို့ဟာ မိတ်ဟောင်းဆွေဟောင်းတွေနှင့် မဟာဗျူဟာမြောက်မိတ်ဖက်တွေအဖြစ် အမြဲဆက်သွယ်ခဲ့ကြပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောခဲ့တယ်လို့ TASSသတင်းမှာဖော်ပြထားပါတယ်။
“ ကျွန်တော်တို့ထိတွေ့ဆက်ဆံမှုဟာ ထက်သန်စွာ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ နှစ်နိုင်ငံအစိုးရများအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်ရဲ့ အစည်းအဝေးကို မြန်မာနိုင်ငံမှာကျင်းပပါမယ်။ ဒီလကုန်မှာ စစ်ရေး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးကို စီစဉ်ထားတဲ့အတိုင်း ရုရှားမှာ ကျင်းပပါမယ်။ စွမ်းအင်ဆိုင်ရာ လုပ်ငန်းအဖွဲ့တစ်ခုကိုလည်း တည်ထောင်ပြီးပါပြီ။အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးမှာ ပိုပြီး အကျိုးရှိရှိ တိုးတက်နေပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောခဲ့ပါတယ်။
စစ်ရေးနှင့်စစ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်ရေး ပြီးတော့ လုံခြုံရေးဟာ မော်စကိုနှင့် နေပြည်တော်အကြား ဆက်ဆံရေး ဖွဲ့စည်းတည်ဆောက်မှုမှာ အရေးကြီးတဲ့နေရာမှာ ရှိနေတယ်လို့လည်း သူကပြောပါတယ်။
Source: TASS
#Russia_Myanmar
#Sergey_Lavrov
#Russia_Myanmar_Military_Tie
#Local_News
Published _ 3 July 2022
ရန်ကုန်- ဒလ သဘောဆိပ်တစ်ချို့က သမ္ဗန်ကူးခနှုန်းထားတွေကို အရင်ကထက် ပိုတိုးကောက်နေတယ်လို့ စီးနင်းနေတဲ့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
#Yangon_Media_Group
Published 3 August 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ အရှေ့ပိုင်းစစ်တိုင်းဟာ ဩဂုတ် (၂)ရက်ကစပြီး ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ အရှေ့ပိုင်းစစ်တိုင်းဟာ ထိုင်ဝမ်ကျွန်းရဲ့ မြောက်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းကမ်းခြေတွေအနီးနှင့် အဲဒါတွေရဲ့ လေပိုင်နက်ထဲ မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြပါတယ်။ အဲဒီအပြင် ထိုင်ဝမ်ရေလက်ကြားမှာ တာဝေး လက်တွေ့ ပစ်ခတ်မှုတွေနှင့် အရှေ့ပိုင်းကမ်းခြေရေပြင်မှာ သမားရိုးကျ ဒုံးကျည် စမ်းသပ်မှုတွေပြုလုပ်မယ်လို့လည်း သိရပါတယ်။
Source : CCTV Plus
#China_Taiwan_Tension
#Pelosi_Taiwan
#US_China_Tension
#DailyNews
Published - 3 August 2022
၁။ ရန်ကုန်-ဒလ သင်္ဘောဆိပ်အချို့မှ သမ္ဗန်ကူးခများ ပိုတိုးကောက်ခံလျှက်ရှိနေ
၂။ ကိုဗစ်ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်း မိသားစုကျန်းမာရေးအတွက် ဆေးဝါးကျွမ်းကျင် သင်တန်းတက်ရောက်သူများလာ
၃။ သက်ကြီးရွယ်အိုနှင့် နာမကျန်းဖြစ်နေသည့် အငြိမ့်မိခင်ကြီး (၁၅)ဦး အကူအညီများ လိုအပ်နေ
၄။ ထိုင်းလူမျိုးတို့၏ တိုက်ရေးခိုက်ရေးနှင့် ပေါင်းစပ်ထားသည့် WWE နပန်းပွဲ ဘန်ကောက်တွင် နာမည်ကြီးလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_3 August 2022
လူ ၈၀၀ ကျော်ကို ထိုင်းနိုင်ငံသို့ MoU ဖြင့် ပို့ပေးမယ်ဆိုပြီး ငွေလိမ်လည်ခဲ့တဲ့ သူတွေကို မြဝတီရဲစခန်းကနေ ပ/ (၁၃၉) နဲ့အမှုဖွင့်ပြီး ပြည်ပအလုပ်အကိုင်ဆိုင် ဥပဒေပုဒ်မ ၂၆ နဲ့ အရေးယူထားပါပြီ။
#Yangon_Media_Group
#Local_News
Published_ 3 Aug 2022
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်မှုအရ ငြိမ်းချမ်းရေး ဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဩဂုတ်လ (၃) ရက် ဒီကနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရပါတယ်။
အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်ထားပြီးဖြစ်သော အဖွဲ့များမှာ RCSS၊ NMSP၊ KNU/KNLA -PC၊ UWS A၊ NDAA၊ ALP၊ PNLO၊ DKBA အဖွဲ့တို့ ဖြစ်ကြပြီး ဒုတိယအကြိမ်တွေ့ဆုံမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း နစကရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။
ygm_mnn
#Yangon_Media_Group
Published 3 August 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက်တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့တို့ ယနေ့ ဩဂုတ်(၃)ရက်နေ့ နေပြည်တော်၌ တွေ့ဆုံခဲ့ကြကြောင်း နစကရဲ့ သတင်းအရင်းအမြစ်များအရ သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဩဂုတ်(၃)ရက် မနက်က မြန်မာနိုင်ငံ နေပြည်တော်သို့ အလုပ်သဘော ရောက်ရှိလာတာဖြစ်ပြီး မနက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်တဲ့ အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဗိုလ်ချူပ်မှူးကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ တို့ တွေ့ဆုံတဲ့ သတင်းအသေးစိတ်ကိုတော့ နှစ်ဘက်လုံးက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
မြန်မာနှင့်ရုရှားတို့ဟာ နှစ်နိုင်ငံအကြား ပြန်လည်ပြုစုထားတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာတစ်ခုကို လက်မှတ်ရေးထိုးနိုင်အောင်ပြင်ဆင်ထားတယ်လို့ ရုရှားနိင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်(၂)ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ နှစ်နိုင်ငံအကြား ကော်မရှင်ရဲ့ တတိယအစည်းအဝေးကို ဒီနှစ်နှစ်ကုန်ပိုင်းမှာ ပြုလုပ်ရန်ရှိပြီး ပြန်လည်ပြုစုထားတဲ့ မဟာဗျူဟာကို လက်မှတ်ထိုးဖို့ ပြင်ဆင်နေတယ်လို့ ရုရှားကပြောပါတယ်။
မြန်မာဟာ ရုရှားထံမှ ရေနံဓာတ်ငွေ့ရည်အပါအဝင် စွမ်းအင်ဝယ်ယူဖို့စိတ်ဝင်စားနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
“ ရုရှားကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ကြဖို့လည်း မြန်မာက စိတ်ဝင်စားနေတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မနက်က တွေ့ဆုံပွဲမှာအဆွေတော်ရဲ့ခရီးဟာ ရုရှားနှင့်မြန်မာ နီးကပ်စွာဆက်သွယ်ဖို့ အတည်ပြုလိုက်တာဖြစ်တယ်လို့ နစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကပြောခဲ့ပြီး သိပ်အရေးကြီးတဲ့ခရီးစဉ်ဖြစ်တယ်လို့လည်းထပ်လောင်းပြောကြားခဲ့တယ်လို့ TASS သတင်းဌာနက သတင်းရေးသားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးကလည်း “ မြန်မာဟာ အာရှပစိဖိတ်ဒေသမှာ နှစ်ရှည်လများ ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဖက်ကောင်း နိုင်ငံဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံဟာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ချစ်ကြည်ရင်းနှီးမှုနှင့် ထောက်ခံအားပေးမှုတွေမှာ ဆယ်စုနှစ်တစ်စုကျော် ခိုင်မြဲ ခဲ့တယ်လို့လည်းသူကပြောတဲ့အကြောင်း အဆိုပါ သတင်းမှာဖော်ပြ ထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ခရီးစဉ်အတွင်း နိုင်ငံရေးဆွေးနွေးမှု၊ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ကာကွယ်ရေးနှင့်လုံခြုံရေးနယ်ပယ်အပြန်အလှန်ဆက်သွယ်မှုနှင့် လူသားချင်းစာနာထောက်ထားဆက်ဆံမှုတွေအပါအဝင် ရုရှား-မြန်မာဆက်ဆံရေး ကျယ်ပြန့်တဲ့နယ်ပယ်တစ်ခုလုံးကို ဆွေးနွေးကြမယ်လို့ ယမန်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအပြင်အရေးတကြီးဖြစ်နေတဲ့ နိုင်ငံတကနှင့်ဒေသဆိုင်ရာ ပြဿနာတွေကိုလည်း ဆွေးနွေးကြဖို့ စဉ်းစားထားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Ymg/knl
#Russia_Myanmar
#Sergey Lavrov
#Geo_Politics





#Local_News
Published_3 August 2022
ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရောက်လည်ပတ်သူများအား နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် တစ်ပတ်နေထိုင်ခွင့်ကို သြဂုတ်လ ၂ ရက်ကစ၍ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ခွင့်ပြုလိုက်သည်။
"Border Pass နဲ့ ၆ ည အိပ် ၇ရက်အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ အရင်ကဆိုရင် ၃ ရက်ပဲ ရတယ်လေ၊ ဘယ်ကိစ္စကြောင့် သွားတာပဲ ဖြစ်ပါစေ ရက်တိုးလိုက်တော့ ပိုပြီး အဆင်ပြေတာပေါ့"ဟု ကော့သောင်းဒေသခံတစ်ဦးက ဆိုသည်။
ယင်းအပြင် Temporary Border Pass(ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်)ကိုလည်း ယခင်က ၂ ညအိပ် ၃ရက်မှ ယခု ၆ ညအိပ် ၇ရက် နေထိုင်ခွင့်ပြုလိုက်ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစ၍ ၂နှစ်ကျော်ကြာ ပိတ်ထားခဲ့သော ကော့သောင်း-ရနောင်းနယ်စပ် ဂိတ်ကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
Published 3 August 2022
မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဟ်ဟာ ဒီကနေ့ ဩဂုတ် (၃)ရက် မနက်က နေပြည်တော်မှာ မြန်မာ နစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံခြားရေးဝန်ကြီးတွေဦးဆောင်တဲ့ နှစ်နိုင်ငံအဖွဲ့ဟာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ဆွေးနွေးကြတဲ့ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
Source: MOFA Russia



Page 1604 of 1915