#Local_News
Published_8 August 2022
(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေဖြင့်ရွှေတံဆိပ် (၁၄) ခု၊ ငွေတံဆိပ်(၁၂) ခု၊ ကြေးတံဆိပ်(၁၇)ခု နှင့် စုစုပေါင်း ဆုတံဆိပ်(၄၃)ခု ရရှိခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာ၀န်ကြီးဌာနမှသိရသည်၊၊
ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၇)ခု၊ ကြေးတံဆိပ်(၁၁)ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၂)ခု၊ မသန်စွမ်းဘောလုံးအားကစားနည်းမှကြေးတံဆိပ်(၁)ခု၊ အလေးမအားကစားနည်းမှ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ မြားပစ်အားကစားနည်းမှကြေးတံဆိပ်(၁)ခု၊စုစုပေါင်းဆုတံဆိပ်(၄၃)ခုရရှိပြီး၊ မသန်စွမ်းဘော်လီဘောနှင့် မျက်မမြင်ဂိုးလ်ဘောအားကစားမှာ ဆုတံဆိပ်များနှင့် လွဲချော်ခဲ့ရသည်ဟု ဆိုသည်၊၊
အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဆိုလိုမြို့၌ဇူလိုင်လ၃၀ ရက်မှ သြဂုတ်လ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်ရွှေ တံဆိပ် (၁၄) ခု၊ ငွေတံဆိပ်(၁၂) ခု၊ ကြေးတံဆိပ်(၁၇) ခု၊ နိုင်ငံအလိုက်အဆင့်(၆)ရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု အောင်ပွဲရမြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဌ ဗိုလ်မှူးချုပ်လှမိုးခေါင်းဆောင်သောအားကစားအဖွဲ့သည်သြဂုတ်လ(၈)ရက်နံနက် ၅ နာရီခွဲက မြန်မာအမျိုးသားလေကြောင်းလိုင်းစင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှအားကစားသမားများနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်နှင့်တာ၀န်ရှိသူများက ကြိုဆိုခဲ့ကြသည်၊၊
ဆက်လက်ပြီး (၁၂)ကြိမ်မြောက်အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို၂၀၂၃ ခုနှစ်ဇွန်လတွင် အိမ်ရှင်အဖြစ်ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။





ymg/tthl
#Yangon_Media_Group
#Local_News
Published - 8 August 2022
နိုင်ငံခြားငွေကြေးများ တရားမဝင်ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့ အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဈေးကစားခြင်းပြုလုပ်သူများကို တွေ့ရှိပါက ရွှေနှင့်ငွေကြေး ဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်း ကော်မတီ၏ တိုင်ကြားစာစိစစ်ရေးအဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။
ငွေကြေးဈေးကွက်တည်ငြိမ်မှုကို ထိခိုက်စေနိုင်သော ဆောင်ရွက်မှုများဖြစ်သည့် အိမ်ခြံမြေ၊ မော်တော်ယာဉ်ကဲ့သို့ ပစ္စည်းများကိုရောင်းဝယ်ပြီး ပိုင်ဆိုင်မှု လွှဲပြောင်းရာတွင် ဗဟိုဘဏ်၏ ငွေပေးချေမှုကန့်သတ်ချက်များ အတိုင်းလိုက်နာမှုမရှိသူများ၊ ဘဏ်များတွင်အပ်နှံထားသည့် ငွေသားထုတ်ယူရာ၌ ရာခိုင်နှုန်းယူ၍ ငွေသားထုတ်ပေးခြင်းများ၊ ဘဏ်ပြင်ပတွင် ငွေသားလက်ဝယ် ထိန်းသိမ်းထားသူများ ဘဏ်အကောင့်တွင် အပ်နှံထားသည့် ကျပ်ငွေများကို ရာခိုင်နှုန်းယူ၍ ငွေသားဖြင့် လဲလှယ်ထုတ်ပေးခြင်းများတွင် ပါဝင်ပတ်သက်သူများကိုလည်း တိုင်ကြားနိုင်ကြောင်း ကြေညာချက်တွင်ဖော်ပြ ထားသည်။
ယင်းအပြင် ကော်မတီ၏တိုင်ကြားစာ စိစစ်ရေးအဖွဲ့ တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၉၄၆၃၊ လက်ကိုင် ဖုန်းနံပါတ် ၀၉-၄၃၀၀၆၈၃၃နှင့် အီးမေးလ် လိပ်စာ gmm.complaint@ cbm.gov.mm သို တိုင်ကြားနိုင်ကြောင်း သိရသည်။
ဗဟိုဘဏ်သည် ပြီးခဲ့သည့် ဩဂုတ် ၅ ရက် နေ့တွင် ငွေလဲလှယ်နှုန်း အမေရိကန်တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်မှ ၂၁၀၀ ကျပ်သို ပြောင်းလဲသတ်မှတ်ပြီး ပို့ကုန် ရငွေ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်လည်း ထုတ်ပြန်ကြေညာထားသည်။
ဗဟိုဘဏ်မှ ငွေလဲနှုန်း ၂၁၀၀ ကျပ်သို့တိုးမြှင်သတ်မှတ်ပြီးနောက်ပိုင်းတွင် ပြင်ပငွေကြေးစျေးကွက်၌ တစ်ဒေါ်လာကို ၃၀၀၀ ကျပ်အထိ စျေးမြင့်တက်နေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Published: 8 August 2022
ထိုင်ဝမ်ဟာ အမေရိကန်ရဲ့ အစိတ်အပိုင်းတစ်ခုမဟုတ်ဘဲ တရုတ်ရဲ့ ပိုင်နက်သာဖြစ်တယ် လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တနင်္ဂနွေနေ့ကပြောကြားလိုက်ပါတယ်။
ဒါဟာ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်သွားရောက်ပြီးကတည်းက အမေရိကန်မူဝါဒကို ဆန့်ကျင်တဲ့ တရုတ်ရဲ့နောက်ဆုံး သံတမန်ရေးရာ ပြင်းထန်စွာပြောဆိုမှုဖြစ်ပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်ပြဿနာပေါ် တစ်ပတ်ရိုက် ဆက်ဆံဆောင်ရွက်မှုတွေလုပ်နေပြီး ထိုင်ဝမ်နှင့်ပတ်သက်လို့ တရုတ်ရဲ့ ဆောင်ရွက်မှုဟာ သင့်လျော်ပြီး ဥပဒေနှင့်ညီတယ်လို့ သူကပြောပါတယ်။ အဲဒီအပြင် နိုင်ငံရဲ့ အလေးအမြတ်ထားတဲ့ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို စောင့်ကြပ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ဝမ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်နေတဲ့ ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။
Source: Reuters
#China_US
#China_Taiwan
#China_FM_Wang_Yi
#World_Technology
Published 8 August 2022
ခန္ဓာကိုယ်မှာ တက်တူးထိုးထားရုံဖြင့် ကျန်းမာရေးပြဿနာများကို အလိုအလျောက်သတိပေးနိုင်မယ့် စက်ပစ္စည်းကို တောင်ကိုရီးယားက မကြာခင်ထုတ်လုပ်နိုင်ဖွယ်ရှိနေပါတယ်။
ဒယ်ဂျွန်းမြို့ ကိုရီးယားအဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် (KAIST)မှ သုတေသီများက အီလက်ထရွန်နစ်တက်တူးမင်ကို တီထွင်လိုက်ကာ ထိုတက်တူးမင်ကို သတ္တုအရည်နဲ့ ဇီဝလျှပ်ကူးအဖြစ်လုပ်ဆောင်ပေးမယ့် ကာဗွန်နာနိုကျူ့တို့ကို အသုံးပြုပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။
ECG လိုစက်ပစ္စည်း ဒါမှမဟုတ် အာရုံခံပစ္စည်းတစ်ခုခုနဲ့ချိတ်ဆက်လိုက်တဲ့အခါ လူရဲ့နှလုံးခုန်နှုန်းနဲ့ ဂလူးကိုစ်ဓာတ်၊ လက်တိတ်ဓာတ်စတဲ့ အခြားအရေးပါတဲ့အချက်အလက်တွေကို ဖန်သားပြင်မှာ ဖော်ပြပေးမှာဖြစ်ပါတယ်။
သုတေသီများက ဇီဝအာရုံခံပစ္စည်းများနဲ့ ဖြန့်ဝေချိတ်ဆက်နိုင်ဖို့ ရည်ရွယ်နေကြပါတယ်။
"အနာဂတ်မှာ တက်တူးမင်နဲ့ ပေါင်းစပ်ထားတဲ့ ကြိုးမဲ့ဆားကစ်ပြားလေးကို ချိတ်ဆက်ပြီး ခန္ဓာကိုယ်နဲ့ ပြင်ပမှာပြသမယ့်စက်တို့ကြား အပြန်အလှန်ဆက်သွယ်နိုင်ဖို့ မျှော်မှန်းထားပါတယ်" လို့ ဦးဆောင်သုတေသနပြုသူ'စတိဗ်ပါ့ခ်'က ပြောကြားလိုက်ပါတယ်။
လေ့လာချက်အရ ဖန်သားပြင်စက်ကို ကြိုက်တဲ့နေရာမှာ ထားရှိနိုင်ပါတယ်။
တက်တူးမင်က ခန္ဓာကိုယ်တွင်းထဲ ဝင်ရောက်စရာမလိုဘဲ ငွေရောင်သတ္တုပျော့ဂယ်လီယံကရတဲ့ အမှုန်တွေနဲ့ ပြုလုပ်ထားပါတယ်။
ပလတ်တီနမ်အုပ်ထားတဲ့ ကာဗွန်နာနိုကျူ့တွေက လျှပ်ကူးပေးနိုင်ပြီး အကြမ်းခံနိုင်ပါတယ်။
သတ္တုအရည်ကြောင့် အရေပြားမှာထိုးတဲ့အခါ ပွတ်တိုက်မိရင်တောင် တက်တူးကပျက်မသွားဘူးလို့ 'ပါ့ခ်'က ဆိုပါတယ်။
Source: Reuters
#Yangon_Media_Group
#Local-News
Published - 8 August 2022
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၆ဦး ထပ်မံအဖမ်းခံရကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများသည် အလုပ်လုပ်ရန်အတွက် ပွဲစားများနှင့် ချိတ်ဆက်ပြီး တရားမဝင် ဝင်လာသည့် မြန်မာလုပ်သားများ၊ အလုပ်သမားပွဲစားများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖမ်းဆီးခံနေရ သော်လည်း တရားမဝင် ဝင်လာသူတွေ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ဩဂုတ် ၇ ရက် မနက်အစောပိုင်းတွင်လည်း တရားမဝင် ဝင်လာသည့် မြန်မာလုပ်သား ၁၆ ဦးကို ချင်းမိုင်ခရိုင်၊ မယ်ဆိုင်မြို့အခြေစိုက် အမှတ်-၃ မြင်းတပ်ရင်းအထူးတပ်ဖွဲ့က လုံခြုံရေးကင်းလှည့် နေချိန် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူများသည် ဘန်ကောက်မြို့တွင် အလုပ်လုပ်ရန် ထိုင်း-မြန်မာနယ်စပ်ကနေ တောလမ်း၊ ရေလမ်းကြောင်းတွေက တစ်ဆင့် ထိုင်းနိုင်ငံထဲ ဝင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံထဲသို့ တရားမဝင်ဝင်ရောက်သည့် အလုပ်သမားများကို တစ်လထက်မကျော် အချုပ်ထောင်ထဲမှာနေရကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#World_News
Published 8 August 2022
ယခုနှစ်နွေရာသီ ဥရောပတခွင်မှာ အပူလှိုင်းများဖြတ်သန်းလျက်ရှိပြီး အပူချိန်စံချိန်တင် မြင့်မားနေတဲ့အချိန်မှာ အီတလီမှ 'ပို'မြစ်ဟာလည်း မိုးခေါင်ရေရှားမှုဒဏ်ကြောင့် ရေခန်းခြောက်လာခဲ့ကာ မြစ်ရေမျက်နှာပြင် အလွန်နိမ့်ဆင်းသွားခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ရေအောက်နစ်မြုပ်နေခဲ့တဲ့ဗုံးတစ်လုံးကို တွေ့ရှိခဲ့ကြပါတယ်။
မန်တူအာမြို့အနီး ဘော်ဂိုဗာဂျီလီယိုမြောက်ပိုင်းရွာနားမှာ ပေါင်ချိန်၁၀၀၀ ရှိတဲ့ဗုံးကို ဇူလိုင် ၂၅ ရက်နေ့ကတွေ့ရှိခဲ့တာဖြစ်ပါတယ်။
စစ်တပ်မှ ကျွမ်းကျင်သူများက ဗုံးမပေါက်ကွဲနိုင်အောင် ဗုံးဖြုတ်ခဲ့ကြပြီးနောက် တနင်္ဂနွေနေ့က ဘေးကင်းစိတ်ချရတဲ့နေရာမှာ ထိန်းချုပ်ဖောက်ခွဲပစ်လိုက်ပါပြီ။
"မိုးခေါင်မှုကြောင့် မြစ်ရေမျက်နှာပြင်ကျဆင်းလာတဲ့အချိန် ပိုမြစ်ကမ်းနံဘေးမှာ တံငါသည်တွေက အဆိုပါဗုံးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်" လို့ ဗိုလ်မှူးကြီး'မာကိုနာဆီ'က ပြောပြပါတယ်။
ဗုံးကိုဖယ်ရှားရတာကလည်း လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။
ဗုံးဖယ်ရှားရေး မလုပ်ဆောင်ခင် အနီးနားပတ်ဝန်းကျင်က နေထိုင်သူ ၃ ထောင်ခန့်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။
ထိုတဝိုက်က လေကြောင်းသွားလာမှုစနစ်ကို ပိတ်ပစ်ခဲ့ရတဲ့အပြင် ရေကြောင်းလမ်းတလျှောက် သွားလာခြင်းနဲ့ အနီးနားရှိ မီးရထားလမ်း၊ ကုန်းလမ်းသွားလာခြင်းများကိုပါ ရပ်ဆိုင်းပစ်ခဲ့ရပါတယ်။
"အစကတော့ နေထိုင်သူအချို့က မပြောင်းဘူးလို့ ငြင်းဆန်နေကြပေမယ့် နောက်ရက်အနည်းငယ်ကြာတော့ အားလုံးကိုနားဝင်အောင် ပြောပြနိုင်ခဲ့ပါတယ်" လို့ ဘော်ဂိုဗာဂျီလီယိုမြိုတော်ဝန်'ဖရန်ဆက်စ်ကိုအေပေါ်တီ'က ဆိုလိုက်ပြီး လူတွေသာမရွှေ့ပြောင်းဘူးဆိုရင် ဗုံးဖယ်ရှားရေးလုပ်ငန်းကို ရပ်ဆိုင်းလိုက်ရနိုင်ပါတယ်။
အမေရိကန်ထုတ်ဗုံးလက်နက်ကြီးကို ဗုံးရှင်းလင်းရေးအင်ဂျင်နီယာများက ဖယ်ရှားလိုက်ကြကာ စစ်တပ်ရဲ့ပြောကြားချက်အရ ထိုဗုံးထဲမှာ ပေါက်ကွဲရေးပစ္စည်း ၂၄၀ ကီလိုဂရမ်ခန့်ပါဝင်ပါတယ်။
အဲဒီနောက် ရဲတွေရဲ့လိုက်ပါစောင့်ကြပ်မှုနဲ့အတူ ဗုံးရှင်းလင်းရေးအဖွဲ့က ၄၅ ကီလိုမီတာခန့်ဝေးကွာတဲ့ မီဒိုလေဒေသရှိ ကျောက်တူးမိုင်းထံသို ဗုံးကိုသယ်ဆောင်သွားခဲ့ပြီး ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။
အီတလီနိုင်ငံရဲ့ အရှည်ဆုံး ပိုမြစ်နားတဝိုက်မှာ ပြီးခဲ့တဲ့လက အရေးပေါ်အခြေအနေထုတ်ပြန်ထားပါတယ်။
ပိုမြစ်အနီးနားဒေသတွေဟာ နိုင်ငံရဲ့ စိုက်ပျိုးရေးထုတ်လုပ်မှု ၃ ပုံ ၁ ပုံခန့်အထိရှိပြီး နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားမိုးခေါင်ရေရှားမှုကို ကြုံတွေ့နေရတာဖြစ်ပါတယ်။


Source: Reuters
#Yangon_Media_Group
#Local_News
Published 8 August 2022
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင်ယာဉ်တိုက်မှုဖြစ်၍ ၄ ဦးသေ ၊ ၃ဦးဒဏ်ရာရကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မယင်းကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၂/၄၃)နှင့် (၃/၄၃) ကြားတွင် HIJETအမျိုးအစား(အဖြူရောင်)ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး၌ရပ်ထားသော NISSAN DIESEL အမျိုးအစား(အစိမ်းရောင်)(၁၂)ဘီး ကုန်တင်ယာဉ်၏ အနောက်သို့ ဝင်ရောက်တိုက်မိတိမ်းမှောက်မှု ဩဂုတ်လ ၇ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းနေရာသို့ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်တင် ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁)ဦး၊ ခရီးသည် ကျား(၆)ဦး၊ မ(၆)ဦး၊ စုစုပေါင်း (၁၃)ဦးအနက် ယာဉ်မောင်း ကျား(၁)ဦး၊ ခရီးသည် ကျား(၁) ဦး၊ မ(၂)ဦး၊ စုစုပေါင်း(၄)ဦး(သေဆုံး)၊ ကျား(၃)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)နှင့် ကျား(၂)ဦး၊ မ(၄)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား ဘုရားကြီးပရဟိတနာရေး ကူညီမှုအသင်းမှ လူနာတင်ယာဉ်(၂)စီးဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ymg/mt
#Yangon _Media_Group
#World_Health
Published 8 August 2022
သွေးပေါင်ချိန်တိုင်းတာတဲ့အခါ လက်မောင်းတစ်ဖက်တည်းကို တိုင်းတာတာထက် နှစ်ဖက်စလုံးကိုတိုင်းတာသင့်ကြောင်း သိပ္ပံပညာရှင်များက အကြံပြုလိုက်ပါတယ်။
လက်ရှိလူအများစုတိုင်းတာနေတဲ့အတိုင်း လက်တစ်ဖက်တည်းကိုသာ တိုင်းတာပါက သွေးတိုးရောဂါရှိမှန်းမသိလိုက်ရတဲ့ လူတွေအများကြီးရှိနေနိုင်တယ်လို့ ဆိုပါတယ်။
သွေးတိုးရောဂါရှိတဲ့အခါ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ဖြစ်နိုင်ပြီး ဒါဟာ ကမ္ဘာပေါ်မှာ သေဆုံးရတဲ့အကြောင်းအရင်းတွေထဲက အများဆုံး ၂ မျိုးဖြစ်ပါတယ်။
"သွေးတိုးရောဂါက တစ်ကမ္ဘာလုံးမှာကြုံနေရတဲ့ပြဿနာဖြစ်ပြီး သေချာမထိန်းသိမ်းနိုင်ပါက အသက်အန္တရာယ်ရှိပါတယ်" လို့ အိတ်စ်တာတက္ကသိုလ်မှ ဦးဆောင်သုတေသီဒေါက်တာ'ခရစ္စတိုဖာ ကလာ့ခ်'က ဖော်ပြခဲ့ပါတယ်။
"မည်သည့်လက်မောင်းက အတိကျဆုံးလဲဆိုတာကို မသိနိုင်တာကြောင့် နှစ်ဖက်စလုံးကို တိုင်းတာတာက အကောင်းဆုံးပါ၊ သွေးတိုးလက္ခဏာရှိတယ်လို့ မှန်မှန်ကန်ကန်သိတဲ့အခါ သင့်တော်တဲ့ကုသမှုတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်" လို့ ပြောပြခဲ့ပါတယ်။
လူပေါင်း ၅၃,၁၇၂ ရဲ့အချက်အလက်တွေကို လေ့လာခဲ့ကြပြီး Hypertension ဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
သွေးပေါင်ချိန်ဖိအားဆိုတာက သွေးလွှတ်ကြောတွေကို သွေးတွေက ဘယ်လောက်အထိဖိအားပေးလဲဆိုတာကို တိုင်းတာတာဖြစ်ပြီး မီလီမီတာမာကျူရီနဲ့ ဖော်ပြပါတယ်။
အပေါ်သွေးက နှလုံးကနေ တစ်ကိုယ်လုံးဆီသို သွေးညှစ်ထုတ်လိုက်တဲ့ နှလုံးရဲ့တွန်းအားကိုဖော်ပြပြီး အောက်သွေးကတော့ နှလုံးခုန်နှုန်း တစ်ချက်နဲ့တစ်ချက်ကြား နှလုံးရပ်နားသွားတဲ့အချိန်မှာ သက်ရောက်နေတဲ့ ဖိအားကို ဆိုလိုပါတယ်။
သွေးပေါင်ချိန်တစ်မျိုးမျိုးက မြင့်တက်လာတယ်ဆိုရင် သွေးကြောတွေနဲ့ အဓိကအင်္ဂါတွေ တင်းကျပ်လာစေပါတယ်။
ဆရာဝန်တွေကတော့ အပေါ်သွေးများခြင်းကို အဓိကထားဂရုစိုက်လေ့ရှိပါတယ်။
လက်မောင်းတစ်ဖက်နဲ့တစ်ဖက်ကြား အပေါ်သွေးကွာခြားချက် ပျမ်းမျှအားဖြင့် ၆.၆ မီလီမီတာမာကျူရီရှိကြောင်း ဒေါက်တာ'ကလာ့ခ်'နဲ့အဖွဲ့က တွေ့ရှိခဲ့ကြပါတယ်။
လက်မောင်းနှစ်ဖက်စလုံးက သွေးပေါင်ချိန်ကိုတိုင်းတာပြီးတဲ့အခါ အပေါ်သွေး ၁၄၀ မီလီမီတာမာကျူရီထက် ပိုများတဲ့သူ ၆,၅၀၀ နီးပါးကို သွေးတိုးရှိကြောင်း ဖော်ထုတ်ခဲ့ကြပါတယ်။
နိုင်ငံတကာမှ လမ်းညွှန်ချက်တွေမှာလည်း လက်မောင်းနှစ်ဖက်စလုံးကို တိုင်းတာသင့်ကြောင်း အကြံပြုထားပေမယ့် ဆေးရုံဆေးခန်းတွေမှာ လူနာများပြီး အချိန်သိပ်မရတာကြောင့် တစ်ဖက်တည်းကိုသာ တိုင်းတာလေ့ရှိပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published _8_August2022
မြန်မာလုပ်သားတစ်ဦး ထိုင်းနိုင်ငံ၊ စွန်ခလာခရိုင်၊ ဟတ်ရိုင်မြို့ အထည်ချုပ်သင်တန်းကျောင်းဝန်းအတွင်း ပစ္စည်းခိုးမှုဖြင့် အဖမ်းဆီးခံထားရကြောင် ထိုင်းဒေသတွင်းသတင်များကို ကိုးကား၍ မြန်မာရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်နေသူများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၆ရက် ည ၁၀နာရီခန့်က ပစ္စည်းခိုးရန်
ဝင်လာစဉ်ပိုင်ရှင် ထိုင်းအမျိုးသမီးနှင့်အစ်မဖြစ်သူက မြင်တွေ့၍ ဝိုင်းဖမ်းကြရာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းလည်း သိရသည်။
သို့သော်ထွက်ပြေးသွားသည့်သူခိုး၏ ဖိနပ်နှင့်မီးခြစ်တစ်ခု ကျန်ခဲ့ခြင်း၊ စီစီတီဗီကင်မရာမှ တစ်ဆင့် မှတ်တမ်းရယူထားနိုင်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာ ဒေသခံများ သတင်းပေးမှုကြောင့် သူခိုးဟုယူဆရသော မြန်မာနိုင်ငံသားအမျိုးသားတစ်ဦးကို ဟတ်ရိုင်မြို့အနီး ရွာတစ်ရွာတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူက သူ့အနေဖြင့် ထိုင်းနိုင်ငံ၊ ပတ္တာနီခရိုင်တွင်ဆောက်လုပ်ရေးအလုပ် ၆နှစ်ခန့် လုပ်ခဲ့ဖူးကြောင်း၊ လက်ရှိအလုပ်လက်မဲ့ဖြစ်နေသည့်အပြင် နေစရာမရှိလည်းမရှိသောကြောင့် ခိုးရခြင်းဖြစ်သည်ဟု ဝန်ခံထွက်ဆို ထားကြောင်းလည်းသိရသည်။
လက်ရှိတွင် အဆိုပါ မြန်မာနိုင်ငံသားအား ညအချိန်မတော် သူတစ်ပါးပိုင်အိမ်ထဲသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှု၊ သူတစ်ပါးအပေါ်
ခွန်အား အသုံးပြု၍ ဒဏ်ရာရစေအောင်လုပ်မှု၊ နိုင်ငံတွင်းတရားမဝင်နေထိုင်မှုများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_8 August 2022
ရှမ်းပြည်နယ်၊ကျောက်မဲခရိုင်၊ မန်တုံမြို့နယ်တွင်ယနေ့ ဩဂုတ်လ ၈ ရက်နံနက် ၃ နာရီခန့်အချိန်က ချောင်းရေမြင့်တက်၍ အိမ်ခြေ(၅၀)ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
နမ့်ကုန်ချောင်းရေမြင့်တက်မှုကြောင့် မန်တုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ နေအိမ်များကို ရေဝင်ခဲ့ရာ မန်တုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရကြောင်းသိရသည်။
အဆိုပါရေဘေးသင့်သူများအား လက်ရှိတွင်ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးထားကြောင်း သိရသည်။


ymg/mt
#Yangon_Media_Group
#LocalNews
Published 7_August 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ နှလုံးရောဂါဖြင့် သြဂုတ်လ ၇ ရက်နံနက်က ကူမင်းလေဆိပ်၌ ရုတ်တရက်လဲကျကွယ်လွန်သွားကြောင်း သိရသည်။
သံအမတ်ကြီး ဦးမျိုးသန့်ဖေအား တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် မြန်မာသံအမတ်အဖြစ် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်က ပေကျင်းမြို့၌ ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
Published 7 August 2022
နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်ရဲ့ တူးမြောင်းတွေမှာ ကျင်းပတဲ့ တူးမြောင်းစီတန်းလှည့်လှည်ပွဲကို ဩဂုတ် ၆ ရက်နေ့က ကျင်းပပါတယ်။
ဒီပွဲဟာ လိင်တူ LGBTQ Pride တွေဆင်နွှဲကြတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်ပြီး ကိုဗစ်ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ (၂)နှစ်က မကျင်းပဖြစ်ခဲ့ဘဲ ယခုနှစ်မှပြန်လည်ကျင်းပဖြစ်ခဲ့တာပါ
ပွဲတော်လာပရိဿတ်ထောင်ပေါင်းမျာစွာဟာ တူးမြောင်းတလျောက် တန်းစီပြီး တူးမြောင်းလှည့်လှည်ပွဲတော်တော်ကို အားပေးခဲ့ကြပါတယ်။
တူးမြောင်းထဲမှာ အလှဆင်ယင်ထားတဲ့ သင်္ဘောအစီး (၈၀)ပါတဲ့ သင်္ဘောအုပ်စုကြီးတွေ လှည့်လည်နေပြီး သင်္ဘောတွေပေါ်မှာ မိုးပျံဗူဗောင်းတွေ၊သက်တန့်ရောင်စုံအလံတွေ၊ထီးတွေနှင့် လူတွေဟာ ကခုန်သီချင်းသီဆိုနေကြပါတယ်။
အဲဒီ အလှပြသင်္ဘောတွေမှာ လူ့အခွင့်အရေးအုပ်စုတွေ၊အရက်ဘားဆိုင်တွေ၊အဝတ်အထည်အမှတ်တံဆိပ်တွေနှင့် ဒတ်ချ် စစ်တပ်တွေကိုပင် ကိုယ်စားပြုလှည့်လည်ဆင်နွှဲနေကြပါတယ်။
Source : AFP
Page 1595 of 1914