#Local_News
Published _ 29 October 2022
ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား တစ်ခုထက်ပို၍ ကိုင်ဆောင်ထားရှိပါက နိုဝင်ဘာလလ ၁၅ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ လာရောက်အပ်နှံရမည်ဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ (အထစ) တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားခြင်းရှိပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် ကတ်အပိုများအပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများကို ပယ်ဖျက်စာရင်းသွင်းမည်ဟု ကြေညာချက်၌ ဖော်ပြထားရှိသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ် တစ်မျိုးမျိုးကိုင်ဆောင်သူ ၅၂ သန်းကျော်ကို စာရင်းသွင်းပြီးဖြစ်သောကြောင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြား အသိအမှတ်ပြုကတ်များ ၊ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်းများ ကွဲလွဲခြင်း ၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ်လဝကရုံးများသို သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟုလည်း သိရသည်။
အဆိုပါ အသိပေးကြေညာချက်အား နိုဝင်ဘာလ ၁ ရက်အထိ သတ်မှတ်ထားသော်လည်း ပြည်သူများ၏ ပညာရေးအောင်လက်မှတ် ၊ ဘွဲ့လက်မှတ်များ၊ ဘဏ်ငွေစာရင်းများနှင့် စီးပွားရေးလုပ်ငန်းများ၊ အိမ် ၊ ခြံမြေပိုင်ဆိုင်မှုများ၊ တယ်လီဖုန်းများစသည့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်နေသဖြင့် နိုဝင်ဘာလ ၁၅ ရက်အထိ တိုးမြှင့် သတ်မှတ်လိုက်ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
#World_Science
Published 29 October 2022
ရေခဲပြင်များ အရည်ပျော်လာခြင်းဟာ ရှေးဟောင်းပိုးမွှားဗိုင်းရပ်စ်တွေ ပတ်ဝန်းကျင်ကို ပျံ့နှံ့လာနိုင်တယ်လို့ အိုဟိုင်ယိုတက္ကသိုလ်မှ အဏုဇီဝပညာရှင်'ဇီဖင်ရှောင်'က ရှင်းပြခဲ့ပါတယ်။
သုတေသီတွေရဲ့ နည်းပညာများဖြင့် ရေခဲပြင်များအတွင်း ဘယ်လိုအရာတွေရှိသလဲဆိုတာကို ပိုမိုသိရှိလာကြပါတယ်။
တိဘက်ကုန်းပြင်မြင့်ရှိ ဂူလီယာရေခဲထုမှ နှစ်ပေါင်း ၁၅,၀၀၀ သက်တမ်းရှိ ဗိုင်းရပ်ဒါဇင်ကျော်နဲ့ သူတို့ရဲ့လုပ်ဆောင်ပုံများကို သိရှိခဲ့ကြပါတယ်။
အဆိုပါရေခဲပြင်များအတွင်း ဗိုင်းရပ်စ်တွေ ကျန်ရှိနေတာဖြစ်နိုင်ပြီး အဏုဇီဝပိုးမွှားလည်း ရှိနေနိုင်ကြောင်း သုတေသီအဖွဲ့က ဖော်ပြခဲ့ပါတယ်။
သုတေသီများတွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ် ၃၃ မျိုးမှာ ၂၈ မျိုးက အရင်က မမြင်တွေ့ဖူးပါဘူး။
ထိုဗိုင်းရပ်စ်တွေက အေးလွန်းတဲ့ဒေသမှာ ရှင်သန်ကူးစက်နိုင်တာကို နောက်ထပ်အဏုဇီဝပညာရှင်ဖြစ်တဲ့ 'မက်သယူးဆာလီဗန်'က ပြောပြလိုက်ပါတယ်။
အဆိုပါရေခဲပြင်များမှ အများဆုံးတွေ့ရတဲ့ဗိုင်းရပ်စ်တွေက မီသိုင်လိုဘက်တီရီယမ်လို့ခေါ်တဲ့ ဘက်တီးရီးယားတွေဖြစ်ပါတယ်။
အေးခဲနေတဲ့ဗိုင်းရပ်စ်တွေက အပင် ဒါမှမဟုတ် မြေကြီးကနေ အစပြုနိုင်ပြီး သူတို့ရဲ့လက်ခံကောင်များအတွက် အဟာရရရှိဖို့ အကူအညီပေးတာဖြစ်နိုင်ပါတယ်။
ကိုဗစ်ကပ်ရောဂါနောက်ပိုင်း အခုလို ရှေးဟောင်းဗိုင်းရပ်စ်များ ပေါ်ပေါက်လာတာဟာ စိုးရိမ်စရာဖြစ်လာပြီး ရေခဲအရည်ပျော်ခြင်းကနေ မီသိန်းနဲ့ ကာဗွန်အများအပြားပါရှိခြင်းက အန္တရာယ်ကြီးမားတဲ့အနေအထားဖြစ်ပါတယ်။
အဆိုပါဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ရာသီဥတုပြောင်းလဲမှုကို ဘယ်လိုတုံ့ပြန်သလဲ၊ ရေခဲခေတ်ကနေ အခုပူနွေးတဲ့ကာလကိုရောက်တဲ့အခါ ဘာတွေဖြစ်မလဲဆိုတာတွေကို သိပ်မသိရသေးပါဘူး။
အဆိုပါဗိုင်းရပ်စ်များနဲ့ပတ်သက်ပြီး လေ့လာစရာတွေ အများကြီး ကျန်နေပါသေးတယ်။
Source: Science Alert
#Yangon_Media_Group
#Local_News
Published _ 29 october 2022
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်ရှိ သောက်သုံးရေကန်အတွင်း ရေနစ်ပျောက်ဆုံးသွားသည့် အသက် ၄၀နှစ်ရှိဟု ယူဆရသည့် အမျိုးသား၏ ရုပ်အလောင်းအား ယနေ့ အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
နံနက် ၉ နာရီခန့်က ရှာဖွေရေးလုပ်နေသည့် လူမှုကူညီရေးအသင်းများနှင့်ရပ်ကွက်နေသူများက ရေကန်အတွင်းရှာဖွေနေရာမှ ယခုလို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတွေပေါင်းပြီး မနက်မိုးလင်းထဲက ရှာဖွေရေးလုပ်ခဲ့ပါတယ်။ ရှာနေရင်း မနက် ၈ခွဲကျော်လောက်မှာ အလောင်းကိုပြန်တွေ့ခဲ့တာပါ မနေ့ကလည်း ဖြစ်စဉ်သိတဲ့အချိန်က စပြီး ရှာဖွေရေးတွေလုပ်ခဲ့ပါတယ်" ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံမှ YMG ကို ပြောခဲ့သည်။
သေဆုံးသူ၏ ရုပ်အလောင်းအား ပေးဆပ်သူလူမှုကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေး ရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သူကဆိုသည်။
ယင်းအမျိုးသားသည် အောက်တိုဘာလ ၂၈ ရက် နံနက်ပိုင်းက ၁/အနော်မာရပ်ကွက်ရှိ သောက်သုံးရေကန်အတွင်း၌ ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ထိုရေကန်တွင် အောက်တိုဘာလ ၂၀ ရက်ကလည်း အမျိုးသား ၁ဦး ရေနစ်သေဆုံးခဲ့သဖြင့် ရှာဖွေကာ သင်္ဃန်းကျွန်းစံပြဆေးရုံရင်ခွဲ ရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#World_Health
Published 29 October 2022
HIV လူနာတွေလိုမျိုး ခုခံအားအပြင်းအထန်ကျဆင်းတဲ့သူတွေမှာ မျောက်ကျောက်ရောဂါကြောင့် ရောဂါလက္ခဏာပြင်းထန်နိုင်သလို သေဆုံးသည်အထိအန္တရာယ်ရှိကြောင်း ဗုဒ္ဓဟူးနေ့က အမေရိကန်လေ့လာချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
မျောက်ကျောက်ရောဂါအပြင်းအထန်ဖြစ်ပွားနေတဲ့ အမေရိကန်လူနာ ၅၇ ဦးကိုလေ့လာခဲ့ရာ ၈၃ ရာခိုင်နှုန်းနီးပါးက ခုခံအားအလွန်အမင်းကျဆင်းနေပြီး ဒါဟာ HIV ကူးစက်ခြင်းကြောင့်ဖြစ်လာရတာ ဖြစ်ပါတယ်။
ဒါ့အပြင် AIDS ဖြစ်နေတဲ့လူနာအများစုဟာ ကုသမှုခံယူခြင်းမရှိကြပါဘူး။
မျောက်ကျောက်ရောဂါနဲ့ HIV နှစ်မျိုးစလုံးကူးစက်ခြင်းက ပိုမိုဆိုးရွားတဲ့အဖြစ်ကို ဦးတည်နေတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)မှ မျောက်ကျောက်ရောဂါဆိုင်ရာတာဝန်ခံ ဒေါက်တာ'ဂျိုနသန်မာမင်'က ဖော်ပြထားပါတယ်။
မျောက်ကျောက်က နိုင်ငံ ၉၀ ကျော်မှာ ပျံ့ပွားနေကြောင်း တင်ပြထားကြကာ ကူးစက်သူပေါင်း ၇၆,၇၅၇ ဦးရှိပြီး အရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် WHO က ကြေညာထားပါတယ်။
မေလက အမေရိကန်မှာ စတင်ပျံ့ပွားခဲ့ရာ လူပေါင်း ၂၈,၀၀၀ ကျော်ကူးစက်ခဲ့ပြီးနောက် ကာကွယ်ဆေးအကူအညီဖြင့် ဩဂုတ်လလယ်ခန့်မှာ သိသိသာသာကျဆင်းခဲ့ပါတယ်။
မျောက်ကျောက်ရောဂါက အနီးကပ်ထိတွေ့ခြင်းမှ ကူးစက်တတ်သလို အပြင်းထန်ဆုံးလက္ခဏာတွေအကြောင်း ကျန်းမာရေးအရာရှိများက လေ့လာနေကြပါတယ်။
ထိုထဲကမှ ၄၇ ဦးဟာ HIV ပါကူးစက်နေပြီး ၄ ဦးသာ HIV ကုသနည်းခံယူလျက်ရှိပါတယ်။
၉၅ ရာခိုင်နှုန်းက အမျိုးသားများဖြစ်ပြီး ၆၈ ရာခိုင်နှုန်းက လူမည်းလူမျိုးများဖြစ်ပါတယ်။
လူနာ ၁၇ ဦး အထူးကြပ်မတ်ဆောင်မှာ တင်ခဲ့ရကာ ၁၂ ဦးသေဆုံးထားပါတယ်။
ကျန်းမာရေးဝန်ထမ်းများအနေနဲ့ မျောက်ကျောက်ရောဂါသံသယရှိ လူနာတွေအားလုံးကို HIV ပါစစ်ဆေးကြဖို့ သုတေသီများက တိုက်တွန်းထားပါတယ်။
HIV ကူးစက်ထားပြီး မျောက်ကျောက်ရောဂါသံသယရှိသူတွေကို ရောဂါအတည်မပြုနိုင်ခင်မှာပဲ အစောဆုံးကုသမှုဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
မျောက်ကျောက်ရောဂါကူးစက်သူတွေကိုလည်း HIV ကုသနည်းဖြင့် အမြန်ဆုံးကုသပေးဖို့ အကြံပြုထားပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published _ 28 october 2022
ရွှေဆိုင်လိုင်စင်သက်တမ်းတိုးတာနဲ့ ရွှေတုံးရွှေခဲ လိုင်စင်လျှောက်ထားရာမှာ လုပ်ငန်းအမျိုးအစား ခွဲခြားဖော်ပြရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Yangon_Media_Group
#World_Industry
Published 28 October 2022
တောင်အာဖရိကမှ မိဘတွေက သူတို့ကလေးတွေကို ဝိုင်ထုတ်လုပ်အလုပ်လုပ်ဖို့ သဘောကျကြမှာမဟုတ်ပါဘူး။
#Yangon_Media_Group
#Local_News
Published_28 October2022
ဒါးပိန်ပန်းပု ကျေးရွာကို ခရီးသွားနေရာအသစ်သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့က သိရပါတယ်။
#Yangon_Media_Group
Published 28 October 2022
နာဆာသိပ္ပံပညာရှင်တွေဟာ Reconnaissance Orbiter (MRO) မစ်ရှင်အဖြစ် ၁၆နှစ်တာ အင်္ဂါဂြိုဟ်ကို စောင့်ကြည့်နေခဲ့တာကနေ ဥက္ကာပျံထိမှန်ခဲ့ပြီးကျန်ခဲ့တဲ အကြီးမားဆုံး တွင်းသစ်ကြီးတစ်ခုရဲ့ ပုံတွေကို ဖော်ထုတ်ပြသခဲ့ကြပါတယ်။ ၂၀၂၁ ဒီဇင်ဘာလတုန်းက ဥက္ကာပျံကြီးတစ်ခု ထိမှန်လို့ တွင်းကြီးတစ်ခုဖြစ်ခဲ့တာပါ။ ကျောက်တုံးကြီးအရွယ် ရေခဲတုံးတွေတွေကို အင်္ဂါဂြိုဟ်ရဲ့ မြေပြင်တစ်လျောက် တွေ့ရှိခဲ့ကြပါတယ်။ အကြီးဆုံးတွင်းကြီးတစ်ခုဖြစ်ပေါ်ခဲ့တာ နှင့်ပတ်သက်ပြီး ဘာဖြစ်တာလဲ ဘယ်တုန်းက ဘာတွေလုပ်လို့လဲဆိုတာ ပြောနိုင်တာက အကြီးအကျယ်ရှာဖွေ့တွေ့ရှိမှုကြီးနှစ်ခုပါလို့ သိပ္ပံပညာရှင် လီလီယာပိုဆီယိုလိုဗာ ကပြောပါတယ်။
Source AFP/NASA
#Local_News
Published_28 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၁၄ ရက်အထိ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၇ ဘီလီယံရရှိထားတယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _28 October 2022
ပြည်တွင်း၊ ပြည်ပခရီးသွားတွေအများဆုံးသွားတဲ့ ပုဂံ၊ ကျိုက်ထီးရိုးနဲ့ကမ်းခြေဒေသတွေမှာ မသန်စွမ်းခရီးသွားတွေအတွက် သွားလာရလွယ်ကူအောင်ဆောင် ရွက်ပေးထားစေချင်တယ်လို့ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းဥက္ကဌဒေါက်တာကိုကိုဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 28 October 2022
၁။ ခရီးသွား Site များတွင် မသန်စွမ်းခရီးသွားများသွားလာရ လွယ်ကူအောင်ဆောင်ရွက်ပေးစေချင်ဟုဆို
၂။ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၇ ဘီလီယံရရှိထား
၃။ ဒါးပိန်ပန်းပု ကျေးရွာကို ခရီးသွားနေရာအသစ်သတ်မှတ်ရန် စီစဉ်နေ
၄။ ယခင်က လူဖြူများသာပိုင်ဆိုင်ခဲ့သည့် ဝိုင်လုပ်ငန်းများတွင် တောင်အာဖရိကလူမည်းလူမျိုးများ ဝင်ရောက်လာကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_28 October 2022
YBS ယာဉ်လမ်းကြောင်းတွေမှာ တရားမဝင်ပြေးဆွဲနေတဲ့ လုပ်ငန်းလိုင်စင်မဲ့ကြားကားတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုအားနည်းနေတယ်လို့ YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
Page 1590 of 2055