#World_Health
Published 25 October 2022
အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ဖို့လေ့လာနေတဲ့ Sofwave ကုမ္ပဏီဟာ အစ္စရေးလ်ရှိ အလှအပရေးရာဆေးပညာလောကမှာ သူတို့ရဲ့ဆန်းသစ်တီထွင်ထားတဲ့စက်ပစ္စည်းကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်။
အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်တဲ့ Synchronous Ultrasound Parallel Beam(SUPERB) နည်းပညာကိရိယာဟာ အာထရာဆောင်းရောင်ခြည်ပေါ် အခြေခံထားပါတယ်။
မျက်နှာနဲ့ လည်ပင်းအသားအရေ တင်းရင်းခြင်း၊ မျက်ခုံးနဲ့ မေးစေ့ပင့်တင်ခြင်းတို့အတွက် FDA မှ အသိအမှတ်ပြုထားကာ တဲလ်အေဗစ်မှာ အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက်အတွင်း အလှအပရေးရာနဲ့ အိုမင်းရင့်ရော်ခြင်းဆန့်ကျင်ရေး နိုင်ငံတကာကွန်ဂရက်မှာ မိတ်ဆက်ပြသသွားမှာဖြစ်ပါတယ်။
၂၀၁၉ ဒီဇင်ဘာလ အမေရိကန်မှာထုတ်လုပ်ခဲ့တဲ့ ကိရိယာဟာ ကျွမ်းကျင်ဆရာဝန်များထံမှ အသိအမှတ်ပြုမှုများနဲ့ နိုင်ငံတကာဆုများကို ရရှိထားပြီးဖြစ်ပါတယ်။
SUPERB ကုသမှုဟာ ရိုးရှင်းလျင်မြန်ပြီး ခန္ဓာကိုယ်ခွဲစိတ်ရတာမျိုးမလိုအပ်ဘဲ တစ်ကြိမ်နှစ်ကြိမ်သာ လုပ်ဆောင်ရပါတယ်။
ကုသမှုထိရောက်မှုနဲ့ ဘေးကင်းစိတ်ချရမှုက အသားအရည်အရောင်၊ အမျိုးအစားနဲ့ အရည်အသွေးပေါ် မူတည်ခြင်းမရှိဘဲ ကုသပြီးတဲ့အခါမှာ နီမြန်းခြင်းမရှိသလို အရေပြားတင်းရင်းမှုကို ကြာရှည်စွာပေးစွမ်းနိုင်ပါတယ်။
အာထရာဆောင်းဖြင့် အရေပြားအပြင်လွှာကို တိကျစွာဖြတ်သန်းကာ အရေပြားတစ်ရှူးအလယ်ဗဟို အနက် ၁.၅ မီလီမီတာမှာ မှန်ကန်တဲ့အပူချိန်ဖြင့်အပူပေးကာ အခြားတစ်ရှူးများ၊ အာရုံကြောများ၊ သွေးကြောများ ထိခိုက်ခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။
Sofwave ဟာ အမေရိကန်နဲ့ ဥရောပရှိ ပလတ်စတစ်ခွဲစိတ်ဆရာဝန်များနဲ့ အရေပြားအထူးကုဆရာဝန်များ ဦးဆောင်ကာ စမ်းသပ်မှုများစွာ ပြုလုပ်ထားပြီးဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားမြောက်ပိုင်း လေဆာကုထုံးနဲ့ အရေပြားခွဲစိတ်ကုသရေးစင်တာပိုင်ရှင် အရေပြားအထူးကုဆရာဝန် ဒေါက်တာ'ဆူဇန်ကီလ်မာ'ဟာ ထိုကိရိယာကို တစ်နှစ်ကျော်တိုင်အောင် အသုံးပြုနေခဲ့ပါတယ်။
"Sofwave ကုသနည်းက အခုအချိန်အထိ လူနာတိုင်းမှာ အလုပ်ဖြစ်နေပြီး အချိန်တိုအတွင်း ကုသပြီးစီးနိုင်ကာ ရလာဒ်ကောင်းများ ရရှိထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#LocalNews
Published_24 October 2022
အကယ်ဒမီ မီးလင်းရွှေရည်ညွှန်းဈေးနှုန်းကို ဗဟိုဘဏ်ကသတ်မှတ်တဲ့ ဈေးနဲ့သာ တွက်ချက်နေရတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။
#Yangon_Media_Group
#World_Legislation
Published 24 October 2022
'ဆာတိုကိုနာဂါမူရာ'နဲ့ သူ့ချစ်သူအမျိုးသမီးတိုဟာ သုတ်ပိုးအလှူခံပြီး သားယောက်ျားလေးရရှိထားပေမယ့် ဂျပန်နိုင်ငံမှာ ဥပဒေအသစ်အရ အမျိုးသမီးလိင်တူချစ်သူများနဲ့ တစ်ကိုယ်ရေအမျိုးသမီးများအတွက် ထိရောက်စွာတားမြစ်ထားပါတယ်။
#Yangon_Media_Group
Published 24 Oct 2022
ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နေရာ ယှဉ်ပြိုင်ဘက်များ နှုတ်ထွက်သွားတဲ့အတွက် ရီရှီဆူနတ်ဟာ တနင်္လာနေ့မှာ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်ဖြစ်လာတော့မှာဖြစ်ပါတယ်။သူဟာ လူသန်းပေါင်းများစွာ ဆင်းရဲစေတော့မယ့် အနေအထားဖြစ်နေတဲ့ စီးပွားရေးကျဆင်းမှုတစ်လျောက် ကွဲပြဲနေတဲ့ နိုင်ငံကို ကိုင်တွယ်ထိန်းကျောင်းရတော့မှာပါ။
ဗြိတိန်နိုင်ငံ ဝက်မင်စတာမှာ အချမ်းသာဆုံးနိုင်ငံရေးသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဆူနတ်ဟာ ၄၄ရက်သာ တာဝန်ယူလိုက်ရတဲ့ လက်ရှိဝန်ကြီးချုပ်လစ်ထရပ်စ်နေရာကို အစားထိုးဝင်ရောက်မှာဖြစ်ပြီး ဗြိတိန်ဘုရင်မင်းမြတ် ချားလ်စ်က သူ့ကို အစိုးရအဖွဲ့ ဖွဲ့စည်းခိုင်းမှာဖြစ်ပါတယ်။
သူဟာ အမတ်တွေဆီက ခိုင်လုံတဲ့ မဲမရခဲ့တဲ့ centrist နိုင်ငံရေးသမား ပင်နီမော်ဒေါ့ ကို အနိုင်ယူပြီး သူ့ရဲ့ ပြိုင်ဘက် နောက်တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ကလည်း သူဟာပါတီကိုညီညွတ်အောင်မလုပ်နိုင်လို့ဆိုကာ ပြိုင်ပွဲက နှုတ်ထွက်သွားလို့ ပြိုင်ဘက်ကင်းသွားခဲ့တာဖြစ်ပါတယ်။
မော်ဒေါ့ နောက်ဆုတ်သွားတဲ့သတင်းကြောင့် ပေါင်စတာလင်က ခဏတာ မြင့်တက်လာခဲ့ပေမယ့် သိပ်မကြာ ဒုံရင်း အတိုင်းပြန်ဖြစ်သွားပါတယ်။
အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယခင် ဘဏ္ဍာရေးဝန်ကြီးဟောင်းဟာ ဆူနတ်ဟာ (၂)လတာမကြာသေးတဲ့အတွင်း ဗြိတိန်ရဲ့ တတိယမြောက်ဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ။
ဆူတန်ဟာ ယူကေနိုင်ငံမှာ ပထမဆုံး အိန္ဒိယအနွယ်ဖွားတဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်လာတော့မှာပါ။ သူ့ရဲ့ မိသားစုဟာ ၁၉၆၀ပြည့်လွန်နှစ်တွေမှာ ဗြိတိန်ကို ရွှေ့ပြောင်းလာကြပါတယ်။ အဲဒီအချိန်က ကိုလိုနီနိုင်ငံဟောင်း အိန္ဒိယက လူတော်တော်များများကို ဗြိတိန်ပြောင်းရွှေ့လာဖို့ ကူညီအားပေးခဲ့တဲ့ အချိန်ဖြစ်ပါတယ်။
သူဟာအောက်စ်ဖို့ တက္ကသိလ်က ဘွဲ့ရခဲ့ပြီးနောက် သူဟာ စတန်ဖို့ တက္ကသိုလ်ဆက်တက်ခဲ့ပါတယ်။ စတန်းဖို့ဒ်မှာ သူဟာ ဇနီးလောင်း အက်ရှာတာမာသီနှင့်ဆုံတွေ့ခဲ့ပါတယ်။ သူ့ဇနီးလောင်းရဲ့ ဖခင်ဟာ အိန္ဒိယဘီလျံနာ အင်န်အာရ် နာရာယာနာ မာသီဖြစ်ပြီး ပြင်ပအလုပ်လက်ခံကုမ္ပဏီကြီးဖြစ်တဲ့ Infosys Ltdကိုတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။
Source Reuters
#Rishi_Sunak
#Britain’s_New_P.M
#UK_Politics


#LocalNews
Published_24 October 2022
မြန်မာနိုင်ငံကထွက်ရှိတဲ့ ပြောင်းတွေကို GACC လမ်းကြောင်းကနေတစ်ဆင့် တရုတ်နိုင်ငံကို မကြာခင်တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောပါတယ်။
#Yangon_Media_Group
Published 24 October 2022
သိုးအုပ်တွေဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့လယ်လမ်းမတွေပေါ်မှာ နိုင်ငံမြောက်ပိုင်းက တောင်တန်းတွေဆီ ဆောင်းခိုဖို့ အတွက် စတင်ထွက်ခွာနေကြပါတယ်။ တောင်ပိုင်းက ယာခင်းတွေက ခြောက်သွေ့လာတဲ့အခါ သူတို့ဟာ မြောက်ပိုင်းကို ရွှေ့ပြောင်းလေ့ရှိကြတာဖြစ်ပါတယ်။ သိုးအုပ်တွေဟာ ကီလိုမီတာ ၁၀၀၀ကျော်(မိုင်၆၂၀ ကျော်)ခရီးကို လျှောက်လှမ်း ခရီးနှင်နေကြတာလို့ သိုးထိန်းတစ်ဦးဖြစ်တဲ့ ဂျေဆပ် ဂါဇွန် ဟေ့ဒ်က ပြောပါတယ်။ သိုးအုပ်တွေ အုပ်လိုက်အုပ်လိုက် ခရီးထွက်သွားကြတဲ့ မြင်ကွင်းဟာ ထူးခြားအံအားသင့်စရာကောင်းလှတာကို အေအက်ဖ်ပီကမှတ်တမ်းတင်ထားပါတယ်။
Source AFP
#LocalNews
Published_24 October 2022
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၄/ ၂၀၂၂) အစည်းအဝေးမှာ ကန်ဒေါ်လာ သန်းနှစ်ရာနီးပါးတန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၃ ခုကို ခွင့်ပြုပေးခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ကြေညာထားပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 24 October 2022
ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံကို စံနှုန်းသတ်မှတ်ချက်မပြည့်မှီသေးတဲ့ စာရင်းထည့်သွင်းလိုက်တဲ့ ဂယက်ကြောင့် ပြည်တွင်းမှာရှိတဲ့ ကုန်ဈေးနှုန်းတွေ လှုပ်ခတ်လျက်ရှိနေခဲ့ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 24 October 2022
၁။ စားအုန်းဆီဈေးနှုန်း ပြင်ပဈေးကွက်တွင် ၉၀၀၀ ကျပ်အထိ ပြန်တက်လာ
၂။ ကန်ဒေါ်လာ သန်းနှစ်ရာနီးပါးတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၃ ခု MIC ခွင့်ပြု
၃။မြန်မာ့ပြောင်းများကို GACC လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ မကြာခင်တင်ပို့မည်
၄။ ဂျပန်နိုင်ငံမှ သုတ်ပိုးလှူဒါန်းခြင်းဥပဒေမူကြမ်းကြောင့် အငြင်းပွားမှုဖြစ်ပေါ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published _24 october 2022
အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ တန်ဆောင်တိုင်ကာလမှာ ခရီးသွားလာမှုအဆင်ပြေစေဖို့အတွက် လေအိတ်အထူးရထားတွေနဲ့ အထူးခရီးစဉ်တွေ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 24 October 2022
ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ်အတွင်းတွေ့ရှိသည့် ဆင်ကို ဆင်ဖြူ ဟုတ်မဟုတ် စိစစ်ရန် အချိန်ယူရမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်စက်တင်ဘာလ ဒုတိယပတ်က တိုက်ကြီးမြို့နယ်အတွင်း ကျက်စားသွားလာနေကြသည့် ဆင်အုပ်တစ်အုပ်ထဲတွင် အဖြူရောင် ဆင်တစ်ကောင်ပါလာခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံတစ်ခု လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေပြီး ယင်းဆင်ဖြူမှာ ဆင်ဖြူတော် ကြန်အင်လက္ခဏာနှင့် ပြည့်စုံမှု ရှိမရှိကို မသိရသေးကြောင်းနှင့် သက်ဆိုင်ရာက ကျုံးသွင်းဖမ်းဆီးရန် စီစဉ်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
အဆိုပါ သတင်းများအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က "ဆင်ဖြူတော် ဟုတ်မဟုတ် စိစစ်ဆဲဖြစ်ပါတယ်။ မြေပြင်စိစစ်ရန်အတွက် တောတောင်ထဲဖြစ်သဖြင့် အချိန်ယူရမှာဖြစ်ပါတယ်။ ကျွမ်းကျင်သူများက မျက်မြင်တွေ့ စိစစ်ပြီးမှသာ သိရှိနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်"ဟု မီဒီယာများကို ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးကို မွေးဖွားခဲ့ပြီး မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိရာမှ ယခုအခါ အသက် ၃ လသားတွင် အရပ်အမြင့် ၂ ပေ ၉ လက်မ၊ ကိုယ်လုံးလုံးပတ် ၄ ပေ၊ ကိုယ်အလေးချိန် ၂၆၀ ပေါင်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆင်ဖြူတော်ကလေးမှာ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူ ရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ယင်းဆင်ဖြူကလေးကို လူနှင့် ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်စေရန်၊ ပိုမိုယဉ်ပါးလာစေရန် Human Friendly Training စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 24 October 2022
အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများက ကြာသပတေးနေ့မှာအထူးအစည်းအဝေးတစ်ရပ်ကျင်းပပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးကြမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပမှာဖြစ်ပြီး မြန်မာ နစက နှင့် ဆွေးနွေးထားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဘုံသဘောတူညီချက် အချက်ငါးချက်နှင့် ပတ်သက်လို့ အကောင်အထည်ဖော်မှုကိစ္စတွေကို ဆွေးနွေးကြမယ်လို့ လက်ရှိ အာဆီယဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ ချမ်ဆောင်ရီကပြောတဲ့အကြောင်း ဟောင်ကောင်အခြေစိုက် တောင်တရုတ်နံနက်ခင်း သတင်းစာမှာဖော်ပြထားပါတယ်။
လာမယ့်လမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လို့ရှေ့သို့ တွန်းမလဲဆိုတာနှင့်ပတ်သက်တဲ့ ထောက်ခံတင်ပြချက်တွေကို အစည်းအဝေးမှာ ဆွေးနွေးရှာဖွေကြမယ်လို့ သူက ပြောပါတယ်။
မလေးရှာနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖုဒင် အဘူဒူလာက ငြိမ်းချမ်းရေးဘုံသဘောတူညီချက်ဟာ သုံးလို့ရသေးသလာဆိုတာကို နိုဝင်ဘာနောက်ဆုံးထားပြီး အာဆီယံက ဆုံးဖြတ်ဖို့လိုတယ်လို့ ပြီးခဲ့တဲ့လက ပြောကြားထားတဲ့အကြောင်း သတင်းမှာရေးသားထားပါတယ်။
Source: SCMP/Reuters
#ASEAN_FM_Meeting
#Myanmar_Politics
#ASEAN_Myanmar
Page 1598 of 2055