#World_Health
Published 22 November 2022
ခန္ဓာကိုယ်ထဲက မကောင်းတဲ့ကိုလက်စ်ထရောတွေကို လျှော့ချဖို့ဘယ်လောက်အရေးကြီးလဲဆိုတာကို နှလုံးသွေးကြောရောဂါအဖြစ်အပျက် ဖြစ်ဖူးသူတိုင်းသိပြီးသားပါ။
နှလုံးဌာနမှ ကျွမ်းကျင်ဆရာဝန်'ယာရွန်အာဘယ်လ်'က နှလုံးဖောက်ခြင်းဖြစ်ရတဲ့အကြောင်းအရင်းများနဲ့ ကိုလက်စ်ထရောအမျိုးအစားတွေကြား ကွာခြားချက်တွေအကြောင်း ရှင်းပြသွားပါတယ်။
နှလုံးမှာ ထောက်ပံ့ထားတဲ့ သွေးကြော ၃ ခုရှိပြီး နှလုံးဖောက်တဲ့အခါ သွေးကြောတစ်ခုခုက ပိတ်သွားတာကြောင့် နှလုံးမှာ သွေးအလုံအလောက်မရရှိတော့ပါဘူး။
အဲဒီအခါ တဖြည်းဖြည်းနဲ့ ဆဲလ်တွေ စတင်သေဆုံးလာကြပါတယ်။
မကုသဘူးဆိုရင် နှလုံးရဲ့အချို့နေရာတွေ အလုပ်မလုပ်တော့ဘဲ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
အခုအချိန်မှာလည်း နှလုံးဖောက်ခြင်း၊ နှလုံးရပ်ခြင်းတို့ ရုတ်တရက်ဖြစ်လာကြကာ အသက်သေဆုံးကြရပါတယ်။
ခန္ဓာကိုယ်မှာ အဆီအလွှာများ အချိန်နဲ့အမျှစုဝေးလာကာ သွေးကြောများပိတ်ဆို့ကုန်ကြပါတယ်။
တစ်ခါတစ်ရံမှာ သွေးကြောပေါက်ပြီး သွေးခဲဖြစ်ပေါ်လာကာ သွေးကြောပိတ်ခြင်းနဲ့ နှလုံးဖောက်ခြင်းတို့ ဖြစ်ပေါ်လာကြပါတယ်။
ဒီလိုတွေဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ ကျန်းမာရေးမညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံ၊ အိပ်ရေးပျက်ခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆီးချို၊ ကိုလက်စ်ထရောများခြင်း၊ သွေးတိုးခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
နှလုံးဖောက်ခြင်းဟာ ပိန်ပိန်ပါးပါးလူတွေနဲ့ အသက် ၄၀ ကျော်အရွယ်တွေမှာပါ ဖြစ်နိုင်ချေရှိနေပြီး မျိုးရိုးလိုက်ခြင်းကလည်း အရေးပါနေပါတယ်။
အကြောင်းအရင်းတွေထဲက တစ်ခုလောက်ဖြစ်နေပြီဆိုရင်တောင် နှလုံးအထူးကုနဲ့ ပြသသင့်ပြီး မိသားစုဆရာဝန်တွေကလည်း အတော်အသင့်ဖြေရှင်းနိုင်စွမ်းရှိပါတယ်။
အာဘယ်လ်က နောက်ထပ်ရှင်းပြရာမှာ ကိုလက်စ်ထရောများလာလေ နှလုံးရောဂါဖြစ်နိုင်ချေများလာလေဖြစ်ပြီး သွေးကြောကျဉ်းခြင်းနဲ့ လေဖြတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
မကောင်းတဲ့ကိုလက်စ်ထရောတွေက ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်သွားလာနေပြီး ကောင်းကျိုးပြုကိုလက်စ်ထရောတွေကတော့ မကောင်းတဲ့အဆီတွေကို ဖယ်ရှားပေးပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 22 November 2022
မြန်မာနိုင်ငံက သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ သန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ဒီကနေ့တွင် ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
ဒေါက်တာသက်ခိုင်ဝင်းက အမေရိကန်ဒေါ်လာ (၁ ဒသမ ၄၈) သန်းကျော်တန်ဖိုးရှိ အိမ်သုံးဆေးဝါးများ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ၊ ပဋိဇီဝဆေးများ၊ နာတာရှည် ရောဂါဆိုင်ရာဆေးဝါးများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများစသည်တို့ လှူဒါန်းရသည့် အကြောင်းအရင်းအား ရှင်းလင်း ပြောကြားပါတယ်။ စက်တင်ဘာ ၂ ရက်တွင်လည်း နစကဥက္ကဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံက သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁,၀၀၀) ကိုလည်းလွဲပြောင်းလှူဒါန်းခဲ့ ပါသေးတယ်။
မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးက ပြောကြားရာတွင် ၂၀၁၇ ခုနှစ် သီရိလင်္ကာနိုင်ငံတွင် ရေဘေးကြုံတွေ့ရသည့် အချိန်တွင် မြန်မာနိုင်ငံမှ ဆန်တန်ချိန် တန် (၃၀၀) လှူဒါန်းပေးခဲ့ပါကြောင်း၊ ယခုနှစ် စက်တင်ဘာ ၂ ရက်ကလည်း ဆန်တန်ချိန် (၁,၀၀၀) လှူဒါန်းပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ ကူညီထောက်ပံ့ပေးမှုများသည် သီရိလင်္ကာနိုင်ငံ၏ ခက်ခဲသည့်အချိန်များတွင် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံပီသမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများအား အလေးထားကြောင်း ပြသရာရောက်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါတယ်။
သီရိလင်္ကာနိုင်ငံသို့ ယနေ့လှူဒါန်းသည့် ဆေးဝါးနှင့်ဆေးပစ္စည်းများသည် ကျန်းမာရေးဝန်ကြီးဌာနှင့် မြန်မာနိုင်ငံဆေးနှင့်ဆေး ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ပူးပေါင်းလှူဒါန်းခြင်းဖြစ်ပြီး တန်ဖိုးငွေအားဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၈ သန်း ကျော် တန်ဖိုးရှိကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. J.M.J.P Bandara၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။
#ygm_mnn
#Yangon_Media_Group
Published_ 21 November 2022
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာ ဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H.E. Mr. Vinay Mohan Kwatra အား ဒီကနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်၌ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် ကာကွယ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေးများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေ များ၊ စိုက်ပျိုးရေးနည်းပညာများ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ပါတယ်။
ကုလားတန်မြစ်ကြောင်းစီမံကိန်း ဆောင်ရွက်လျက်ရှိမှုနှင့် ပင်လယ် ရေကြောင်း တိုက်ရိုက်ကုန်သွယ်ရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နယ်စပ်ဒေသ ဖွံဖြိုးတိုးတက်ရေးအတွက် ပိုမိုမြှင့်တင် ဆောင်ရွက်မည့်အခြေအနေများ၊ ကုန်သွယ်မှု လုပ်ငန်းများတွင် နှစ်နိုင်ငံငွေကြေးများဖြစ်သည့် ရူပီးနှင့်ကျပ်ငွေတိုကို တိုက်ရိုက်ပေးချေ နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့မှုကြောင့် ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နစကအနေဖြင့် နိုင်ငံတော်တာဝန်အား ထမ်းဆောင်ခဲ့ရမှုနှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိမှု အခြေအနေ များ၊ မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန် စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group


#Local_News
Published_21 November 2022
အသင်းကနေ တစ်ပါတ်တစ်ကြိမ်ထုတ်ပြန်ပေးနေတဲ့ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဟာ အနည်းငယ်ဈေးတက်လာပေမယ့် ပြင်ပဈေးကွက်ထဲမှာတော့ ၆၀၀၀ အထိဈေးကျနေတာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Mystery
Published 21 November 2022
ကိုလံဘီယာအမေဇုန်ဒေသက ခေတ်မီလူနေမှုနဲ့ဝေးကွာတဲ့ တိုင်းရင်းသားလူမျိုးစုတွေမှာ မိမိကိုယ်ကိုသတ်သေခြင်းဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
#Yangon_Media_Group
Published 21 Nov 2022
ဂျပန်ဗဟိုဘဏ်က ၂၀၂၄ခုနှစ်မှာ ယန်းငွေစက္ကူအသစ်တွေ ထုတ်လုပ်တော့မှာဖြစ်လို့ အဲဒီငွေစက္ကူအသစ်တွေကို ငွေစက္ကူရေတွက်စက်နှင့်စမ်းသပ်ကြည့်နေပါတယ်။
ငွေစက္ကူအသစ်တွေကို အတုအပလုပ်လို့မရတဲ့ နည်းပညာတွေနှင့် ထုတ်လုပ်မှာဖြစ်ပါတယ်။ အဲဒီအထဲမှာ သုံးဖက်မြင်ရုပ်လုံးကြွ ဟိုလိုဂရမ်နည်းပညာလည်းပါဝင်ပါတယ်။
“ဟိုလိုဂရမ်က အရာဝတ္ထုရဲ့ပုံရိပ်ကို သုံးဖက်မြင်ရုပ်လုံးကြွစေပြီးလှည့်ပတ်ပေးတယ်။ ငွေစက္ကူတွေမှာ ဒီနည်းပညာကို အသုံးပြုတာဟာ ကမ္ဘာပေါ်မှာ ဒါဟာ ပထမဆုံးဖြစ်တယ်” လို့ ဂျပန်ဘဏ်ရဲ့ အရာရှိ ဟီရိုယူကီကန်နို ကပြောပါတယ်။
Source: AFP
#Japan_new_banknotes
#anti-counterfeit_technology_in_banknotes
#Japan_modern_banking
#Local_News
Published_ 21 November 2022
အခုရက်ပိုင်းအတွင်းမှာ မီးထွန်းဖို့လိုအပ်ချက်တွေရှိတဲ့အတွက် အားသွင်းမီးလုံးတွေနဲ့ ဆိုလာမီးလုံးတွေအဝယ်များလာပြီး ရောင်းအားတွေတက်လာတယ်လို့ အီလက်ထရော်နစ်ဆိုင်တွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 21 November 2022
လက်ရှိအနေအထားအရ လျှပ်စစ်ဓာတ်အားချို့ယွင်းမှုတွေ ဖြစ်ပေါ်နေသည့်အတွက် အေးခဲပြီးရောင်းချရတဲ့ အအေးခန်းငါးဈေးကွက်ဟာ ပေါက်ဈေးထက်လျှော့ပြီး ရောင်းနေရတဲ့အနေအထားမျိုးတွေနဲ့ ကြုံနေရတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနရဲ့တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
Published 21 Nov 2022
✅ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် ယနေ့နိုဝင်ဘာ ၂၁ရက်က ပြင်းထန်ပြီးတိမ်သော ငလျင်ကြီးတစ်ခုလှုပ်ရှားသွားရာ အဆောက်အအုံများနှင့် နံရံများပြိုကျပျက်စီး၍ လူပေါင်း ၅၆ ဦး အနည်းဆုံးသေဆုံး၊ ရာပေါင်းများစွာဒဏ်ရာရ
✅ လူတွေက လမ်းတွေပေါ်ပြေးထွက်သဖြင့် ဒဏ်ရာရသေဆုံးကြပြီး အချို့မှာ သွေးများနှင့် အဖြူရောင်အပိုင်းအစများဖြင့် ဖုံးလွှမ်းသွားခဲ့
✅ အဓိကဆေးရုံကြိးတွေရဲ့အပြင်ဖက်၊လှေကားထစ်ပွဲကြည့်စင်တွေနှင့် ကားရပ်နားနေရာတွေမှာ ဒဏ်ရာရရှိသူတွေကို အရေးပေါ်လုပ်သားတွေက ကုသမှုပေးနေကြရ
✅ အတော်များများဟာ ကလေးငယ်တွေဖြစ်ပြီး အဲဒီထဲကအချို့ကို အောက်ဆီဂျင်မျက်နှာဖုံးစွပ်တပ်ဆင်ပေးထားကြရပြီး IV လိုင်းများတပ်ဆင်ပြီး အသက်ကယ်နေကြရ
✅ ၅.၆ပြင်အားရှိငလျင်ကြီးဟာ အနက်၆.၂ မိုင်အကွာမှာ အနောက်ဂျာဗားပြည်နယ် ဆီယမ်ဂျာဒေသကို ဒီကနေ့ မွန်းလွဲပိုင်းက လှုပ်ရှားသွားပြီးနောက် ဒေသခံတွေ အချို့မှာ ကလေးတွေကိုချီလျက်နှင့်ပျက်စီးနေတဲ့အိမ်တွေထဲက အပြင်ကိုထွက်ပြေးကြ
✅ အဆိုပါငလျင်ကြောင့် အထပ်မြင့်အဆောက်အအုံတွေ လှုပ်ယမ်းသွားတဲ့ မြိုတော်ဂျာကာတာဒေသတစ်ဝိုက်မှာလည်း လူတွေ ထိတ်ထိတ်ပျာပျာဖြစ်ကုန်
✅ ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်ငယ်လေးတွေ အကြိမ် ၂၀ထပ်မံလှုပ်ရှားခဲ့သေးကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးဇလဌာနက သတင်းထုတ်ပြန်
Source: AP
#Strong_Earthquakes_Java_Indonesia
#Cianjur_region_West_Java
#Indonesia_Earthquake



#Local_News
Published_21 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၁၁ ရက်အထိ ခုနှစ်လကျော်ကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၉၄ သန်းရရှိထားပြီး ပြီးခဲ့နှစ်ထက် ၈ သန်းကျော်လျော့ကျထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 21 November 2022
၁။ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၃၉ ဒသမ ၉၄ သန်းရရှိထား၊ ယမန်နှစ်ထက် ၈ သန်းကျော်လျော့ကျ
၂။ လျှပ်စစ်မီးပျက်တောက်မှုများနေ၍ အအေးခန်းငါးဈေးကွက် ဝယ်လိုအားကျဆင်းနေ
၃။ အားသွင်းမီးလုံးနှင့်ဆိုလာမီးလုံးများနယ်မှာရော ရန်ကုန်မှာပါရောင်းအားတက်
၄။ကိုလံဘီယာအမေဇုန်ဒေသတွင် တိုင်းရင်းသားလူမျိုးစုများ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းအဖြစ်များလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 21 November 2022
ဈေးကွက်တွင် မြေထောက်ပဲကို ဝယ်လက်တွေက ဝယ်ယူမှုများလာတာကြောင့် သုံးတင်းဝင်တစ်အိတ်လျင် ကျပ် ၂၄၀၀၀၀ ထိဈေးကောင်းရလာတယ်လို့ မန္တလေးကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
Page 1550 of 2055