#Local_News
Published_3 September 2022
ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့ (Peace Process Steering Team- PPST) ၏ ဦးဆောင်နာယကအဖြစ်မှ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှုတ်ထွက်လိုက်ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး အနေဖြင့် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်မယူသင့်ကြောင်း ဆုံးဖြတ်ခဲ့သောကြောင့် ဦးဆောင်နာယကအဖြစ်တာဝန်ယူမည့်ကိစ္စကို ရုတ်သိမ်းကြောင်း PPST အဖွဲထံ စာရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။
ယင်းစာတွင် ''PPST ၏ ဦးဆောင်နာယက အဖြစ်တာဝန်ယူရန်သဘောတူကြောင်း ကျွန်တော်မှ ၄/၈/၂၀၂၂ ရက်စွဲဖြင့် PPST သို့ စာပေးပို့ခဲ့သလို PPST ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၊ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၏ ရည်ညွှန်းစာပါ အကြောင်းကြားစာကိုလည်း လက်ခံရရှိခဲ့ပါသည်။ ကျွန်တော်၏ ကိုယ်ပိုင်သဘောထားဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်းကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်အရ လွတ်လပ်စွာ ပါဝင်ရန် ပြန်ကြားစာပေးပို့ခဲ့သော်လည်း ၃၁.၈.၂၀၂၂ ရက်တွင်ကျင်းပသော KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ကျွန်တော်သည် PPST ၏ ဦးဆောင်နာယက အဖြစ် တာဝန်မယူသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ KNU ၏ ဥက္ကဌတစ်ဦးဖြစ်သော ကျွန်တော်သည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သူဖြစ်ပြီး KNU က ချမှတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေများကို တာဝန်ခံထိန်းသိမ်းရန်တာဝန်ရှိသည့် အလျောက် ပုဂ္ဂိုလ်ရေးအမြင်ထက် အဖွဲ့အစည်း၏ "မူ"၊ လမ်းစဉ်အပေါ် ဦးစားပေး ရှေ့ဆောင်မှုပြုရန် ရည်ရွယ်၍ PPST ၏ ဦးဆောင်နာယက အဖြစ်တာဝန်ယူရန်သဘောတူသည့်ပေးစာကို ပြန်လည် ရုတ်သိမ်းပါကြောင်း လေးစားစွာအကြောင်းပြန်အပ်ပါသည်" ဟု ပါရှိသည်။
"PPST ရဲ့ ပထမဆုံးနာယကကြီးဟာ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဖြစ်လာခဲ့တာပဲ။ သူ့ကို လက်ရှိ PPST ရဲ့ တာဝန်ရှိသူတွေက ကမ်းလှမ်းတောင်းဆိုခဲ့တာပါ၊ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ PPST မှာ နိုင်ငံရေးလမ်းညွှန်မှုနဲ့ ဦးဆောင်မှုတွေပေးနိုင်မယ်လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ယုံကြည်ထားကြပါတယ်။ PPST ရဲ့ လုပ်ငန်းလမ်းညွှန်ချက်မှာ အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုမပါဘဲ ကိုယ်ပိုင်လွတ်လပ်တဲ့ ဆန္ဒအရ ပါဝင်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး အနေနဲ့ KNU ဥက္ကဌ ဖြစ်ပေမဲ့လည်း အဖွဲ့ကို ကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်အနေနဲ့ ပါဝင်လာခဲ့တာပါ"ဟု PPST ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့် က YMG ကို ပြောထားဖူးသည်။
PPST တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပါဝင်ကြကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 3 September 2022
သွေးအမျိုးအစား-အေ ပိုင်ရှင်တွေဟာ အသက်စောစောအချိန်မှာပဲ လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ချေ များနေပြီး အို-သွေးပိုင်ရှင်တွေကတော့ ဖြစ်နိုင်ချေနည်းတဲ့သူတွေဖြစ်ပါတယ်။
Neurology ဂျာနယ်မှာ ဗုဒ္ဓဟူးနေ့ကဖော်ပြရာမှာ လေဖြတ်ထားတဲ့လူ ၁၇,၀၀၀ နီးပါးနဲ့ လေဖြတ်ခြင်းမဖြစ်ဖူးသူ ၅၇၀,၀၀၀ ကျော်တို့ကို လေ့လာခဲ့ကြပါတယ်။
"လေ့လာသုံးသပ်ချက်များအရ လူတွေရဲ့မျိုးဗီဇနဲ့ပတ်သက်ပြီး သွေးအမျိုးအစားနဲ့ စောစီးစွာလေဖြတ်ခြင်းဖြစ်နိုင်ချေတို့ ဆက်စပ်မှုရှိနေတာကို တွေ့ရှိခဲ့ပါတယ်၊ အသက်အရွယ်နောက်ပိုင်းမှ လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ချေဆက်စပ်မှုက အသက်အစောပိုင်းဖြစ်နိုင်ချေလောက် အထောက်အထားမပြနိုင်ပါဘူး"လို့ စုံစမ်းရေးမှူး'ဘရက်စ်တန်မစ်ချဲလ်'က ဆိုပါတယ်။
မေရီလန်းဆေးပညာတက္ကသိုလ်မှ 'မစ်ချဲလ်'နဲ့သုတေသီအဖွဲ့က သွေးအမျိုးအစားနဲ့ လေဖြတ်ခြင်းအန္တရာယ်ကြား ဆက်စပ်ပုံကို လေ့လာခဲ့ကြပါတယ်။
သွေးအမျိုးအစား အေ၊ အေဘီ၊ ဘီ၊ အို တို့ကို လေ့လာခဲ့ကြရာ အေ-သွေးပိုင်ရှင်တွေက အသက် ၆၀ မတိုင်ခင်မှာ လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ချေအများဆုံးဖြစ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
တွေ့ရှိချက်ကို ကောက်ချက်ချနိုင်ရန် သုတေသီတွေက စမ်းသပ်ခံသူတွေကို သွေးအမျိုးအစားအလိုက် ခွဲခြားပြီး စောစီးစွာလေဖြတ်ခြင်း၊ အသက်အရွယ်နောက်ပိုင်းလေဖြတ်ခြင်း၊ လေဖြတ်ခြင်းအန္တရာယ်မဖြစ်ခြင်းဆိုတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။
အေ-သွေးပိုင်ရှင်တွေက စောစီးစွာလေဖြတ်နိုင်ချေရှိနေပြီး အို-သွေးပိုင်ရှင်တွေကတော့ သိပ်ပြီးဖြစ်နိုင်ချေမရှိပါဘူး။
ဘီ-သွေးပိုင်ရှင်တွေကတော့ စောစီးစွာဖြစ်နိုင်ချေအပြင် အသက်အရွယ်နောက်ပိုင်းမှလည်း ဖြစ်နိုင်ချေရှိနေပါတယ်။
၂၀၂၀ ခုနှစ်အတွင်း လေဖြတ်ခြင်းကြောင့် သေဆုံးသူ ကမ္ဘာတဝှမ်းမှာ ၃.၅ သန်းနီးပါးရှိခဲ့ကြောင်း အမေရိကန်နှလုံးအဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။
ဒီလိုတွေ့ရှိချက်ကြောင့် သွေးအမျိုးအစားက လေဖြတ်နိုင်ချေနဲ့ဆက်စပ်နေတာကို ပိုပြီးစူးစမ်းစရာဖြစ်လာပါတယ်လို့ 'ဒင်းမာ့ခ်ဂလက်ဝင်း'က မှတ်ချက်ပြုခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_3 September 2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ဧရာဝတီဘဏ်ခွဲ(၂၆)ကို ဝင်ရောက်ဓားထောက်ဓားပြတိုက်ခဲ့သူအား ဖမ်းဆီးရမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
စက်တင်ဘာလ ၂ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပြည်လမ်းရှိတဲ့ ဧရာဝတီဘဏ်ခွဲ(၂၆)မှာ အတွင်းသို့ အသက်(၃၀)နှစ်ခန့်ရှိ MASK တပ်ထားသူ အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး ဘဏ်ဝန်ထမ်း မဆွေဆွေဝင်းအား အသင့်ယူဆောင်လာသောဓားဖြင့်ထောက်ကာ ခြိမ်းခြောက်၍ ကောင်တာပေါ်မှ ငွေများကို ပါလာသည့်ကျောပိုးအိတ်အတွင်းထည့်ခိုင်းခဲ့ကြောင်း သိရသည်။
ယင်းသို့ ခြိမ်းခြောက်လုယက်နေစဉ် ဘဏ်အတွင်းရှိဝန်ထမ်းများ၊ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့သောကြောင့် ဓားထောက်ဓားပြတိုက်သူက ကျောပိုးအိတ်ကိုထားကာ ဘဏ်အတွင်းက ထွက်ပြေးသွားခဲ့ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ညနေ ၄ နာရီ ၁၅ မိနစ်ခန့်အချိန်တွင် ၎င်းအား လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ မြကန်သာ(၂) လမ်း၊ အမှတ်(၆၇၈)အနီးတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဓားပြမှာ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ သီရိမြိုင် (၈)လမ်း၊ တိုက်(၅၉၅)နေ အသက် ၂၉ နှစ်ရှိ စိုးသီဟဆိုသူဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_2 September 2022
ကိုဗစ်နဲ့ပတ်သက်လို့ ဆက်သွယ်အကူအညီတောင်းခံနိုင်တဲ့ Hotline တွေနဲ့ ကွာရန်တင်းစင်တာတွေ ထပ်တိုးဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#World_Climate
Published 2 September 2022
ဆိုးဆိုးရွားရွားမိုးခေါင်ရေရှားခြင်းကြောင့် စပိန်နိုင်ငံရှိရေလှောင်ကန်များမှ ရေမျက်နှာပြင်များ ကျဆင်းလာကာ အရင်ကရေအောက်မှာနစ်မြုပ်နေခဲ့တဲ့ အထိမ်းအမှတ်ကျောက်တုံးအစုအဝေးကြီးနဲ့ ရာစုနှစ်သက်တမ်းရှိ ဘုရားကျောင်းတစ်ခုတို့ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။
#Yangon_Media_Group
Published- 2Sept 2022
အိန္ဒိယနိုင်ငံက နိုင်ငံရဲ့ ပထမဆုံးပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကြီးကို စက်တင်ဘာ ၂ရက် သောကြာနေ့က ပွဲထုတ်လိုက်ပါတယ်။ ဒါဟာ အိန္ဒိယအစိုးရရဲ့ နိုင်ငံခြားလက်နက်တွေကို မှီခိုနေရတာကိုလျှော့ချဖို့နှင့် ဒေသအတွင်း တရုတ်ရဲ့စစ်ရေးအရယုံကြည်စိတ်ချ မှုတိုးပွားလာနေတာ ကို တန်ပြန်နိုင်ဖို့အတွက်ကြိုးပမ်းမှုဖြစ်ပါတယ်။
INS Vikrant (အိုင်အင်န်အက်စ် ဗစ်ကရန့်) လို့ အမည်ပေးထားတဲ့ အဲဒီ လေယာဉ်တင်သင်္ဘောကြီးဟာ အလျား ၈၆၀ ပေရှိပြီး ကမ္ဘာ့အကြီးဆုံးလေယာဉ်တင်သင်္ဘောတွေထဲမှာ တစ်စီးဖြစ်ကာ နှစ်ပေါင်း ၁၇နှစ်ကြာ တည်ဆောက်မှုနှင့်စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် လုပ်ငန်းခွင်ထဲ ဝင်ရောက်တော့မှာဖြစ်ပါတယ်။
၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲအတွင်း ပါကစ္စတန်ရေတပ်ကို ပိတ်ဆို့နိုင်ခဲ့လို့ နာမည်ကြီးခဲ့ပြီး အနားယူသွားတဲ့ လေယာဉ်တင်သင်္ဘောကြီးရဲ့ အမည်ကို အမွေဆက်ခံထားတာလည်းဖြစ်ပါတယ်။
“ ယနေ့မှာ အိုင်အင်န်အက်စ် ဗီကရန့်ဟာ နိုင်ငံကို ယုံကြည်မှုအသစ်တွေနှင့် ဖြည့်ဆည်းပေးလိုက်ပါပြီ။ ဖန်တီးပေးလိုက်ပါပြီ “ လို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက တောင်ပိုင်း ကရာလာပြည်နယ်မှာပြုလုပ်တြ့ သင်္ဘော တပ်တော်ဝင် အခမ်းအနားမှာ ပြောကြားပါတယ်။
“ ပြည်တွင်းမှာ ဒီလို လေယာဉ်တင်သင်္ဘောတွေ တည်ဆောက်နိုင်တဲ့ အနည်းငယ်သော နိုင်ငံအုပ်စုထဲ ကျွန်တော်တို့ ဝင်ရောက်လိုက်ပါပြီ” လို့လည်းသူကပြောပါတယ်။
အိန္ဒိယရဲ့ တစ်စီးတည်းသော အခြားလေယာဉ်တင်သင်္ဘောရဲ့တိုက်လေယာဉ်တွေမှာ အမှုထမ်းနေသူ ၁၆၀၀ဦးခန့်ကို ယခုလေယာဉ်တင် သင်္ဘောကြီးမှာ တာဝန်ပေးမှာဖြစ်ပါတယ်။
အဲဒီအခြားလေယာဉ်တင်သင်္ဘောကြီးကို အိန္ဒိယရဲ့ အဓိက လက်နက်ရောင်းနိုင်ငံဖြစ်တဲ့ ရုရှားထံမှ တစ်ပတ်ရစ်သင်္ဘောကြီးအဖြစ် အိန္ဒိယက ဝယ်ယူခဲ့တာဖြစ်ပါတယ်။
မိုဒီအစိုးရဟာ နိုင်ငံက နိုင်ငံခြားကနေ စစ်ရေးပစ္စည်းတွေ ဝယ်ယူမှီခိုနေရတာကို ဖြတ်တောက်ဖို့ နည်းလမ်းရှာဖွေခဲ့ပြီး ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်းစက်မှုလုပ်ငန်းတွေကို တည်ဆောက်ခဲ့ပါတယ်။
အခုဆို စစ်သင်္ဘောတွေနှင့် ရေငုပ်သင်္ဘောတွေ အစီးရေ သုံးဒါဇင်ကျော်ကို နိုင်ငံရဲ့ သင်္ဘောကျင်းတွေမှာ တည်ဆောက်နေပါတယ်။
အိန္ဒိယရဲ့ ကိုလိုနီခေတ်က ကျန်ရစ်ခဲ့တဲ့ ဗြိတိသျှကိုလိုနီသရုပ်သကန်တွေမပါတော့ တဲ့ ရေတပ်အလံအသစ်ကိုပါ သောကြာနေ့က စတင်အသုံးပြုပြသခဲ့ပါတယ်။
“ ဒီနေ့ဟာ သမိုင်းဝင်နေ့ဖြစ်တယ်။ ကျွန်တော်တို့ သမိုင်းတစ်ခုလုပ်ခဲ့ကြပြီ။ ကျွန်တော်တို့လက်အောက်ခံဘဝ အမှတ်လက္ခဏာတွေကို ဖယ်ရှားပစ်ခဲ့ပြီ” လို့ လည်း မိုဒီက ပြောပါတယ်။
ရေတပ်အလံသစ်မှာ ယခင်ကပါခဲ့တဲ့ အင်္ဂလန် နိုင်ငံတော်အလံက စိန့်ဂျော့ကြက်ခြေခတ်နေရာမှာ ဟိန္ဒူစစ်ဘုရင် ချတ်ထရာပါတီ ရှီဗာဂျီရဲ့ တော်ဝင်တံဆိပ်ကို အစားထိုးခဲ့တာဖြစ်ပါတယ်။
Source: AFP
#India
#India_Home_made_aircraft_carrier
#INS_Vikrant
#Local_News
Published_2 September 2022
ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမယ့် မြောက်ဦးဒေသရှိမြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကို အဆင့်မြှင့်တင်ပြုပြင်တာတွေဆောင်ရွက်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)ညွှန်ကြားရေးမှူး ဦးကြည်ခင်ကပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 2 September 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ တစ်ကျပ်သား ငါးမူးသားနဲ့ တစ်မတ်သား ရွှေဒင်္ဂါးပြားတွေကို ဒီကနေ့ စက်တင်ဘာလ ၂ရက်နေ့ကစပြီး ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ကျောက်မြတ်ရတနာခမ်းမတွင် စတင်ရောင်းချပေးနေပြီပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-2 Setember 2022
ဒီနေ့ (စက်တင်ဘာလ ၂ ရက်) မှာလည်း စက်သုံးဆီဈေး၊ ရွှေဈေး၊ ဒေါ်လာဈေး ထပ်မံကျဆင်းလာတယ်လို ဈေးကွက်အတွင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 2 September 2022
၁။ စက်သုံးဆီဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးထပ်မံကျဆင်းလာ
၂။ ရွှေဒင်္ဂါးပြားများကို ရွှေဈေးကွက်တည်ငြိမ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ယနေ့မှစ၍ ရောင်းချပေးနေ
၃။ အာဆီယံနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုခြင်းသည် လာမည့်ခရီးသွားရာသီအတွက် အထောက်အကူပြုဟုဆို
၄။ လွန်ခဲ့သည့်ရာစုနှစ်(၄)ခုမှ အဝတ်ဒီဇိုင်းပုံစံအား ပြန်လည်ဖန်တီးလျက်ရှိသည့် ပြင်သစ်အိန္ဒိယလူမျိုးဒီဇိုင်နာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 2 September 2022
ဒီဘဏ္ဍာနှစ်အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်ကာလတူထက် ၂၄၅ သန်းကျော် လျော့ကျ နေတယ်လို စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
#Yangon_Media_Group
Published_2 Septmber 2022
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်း (Vicky Bowman) နှင့် ခင်ပွန်းဖြစ်သူ ဦးထိန်လင်းတို့ ကို နစက က ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
စက်တင်ဘာလ ၁ ရက် ကြာသပတေးနေ့က အင်းစိန်ထောင်တွင်းတရားရုံး၌ ရုံးထုတ်ကြားနာပြီး စက်တင်ဘာလ ၂ ရက် (ယနေ့)တွင် ထောင်ဒဏ် တစ်နှစ်စီ အသီးသီး ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်တွင် လိပ်စာပြောင်းလျှောက်ထားရန် ပျက်ကွက် သဖြင့် ဗြိတိန်နိုင်ငံသူ သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း နစက အနေဖြင့် သတင်းထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်သည်။
မစ္စဗစ်ကီဘိုးမန်း၏ ဗီဇာနေထိုင်ခွင့်သက်တမ်းမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၂ ရက်အထိဖြစ်ပြီး စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာတွင် နေထိုင်ရမည့် မှတ်ပုံတင်လက်မှတ်ကို မတ်လ ၉ ရက်က ထုတ်ပေးခဲ့ကြောင်း၊သို့သော်လည်း
ယင်းတို့နှစ်ဦး က ထုတ်ပေးသည့် နေရပ်လိပ်စာတွင် မနေဘဲ ရှမ်းပြည်နယ် ကလောမြို့နယ်ရှိဦးထိန်လင်း၏ နေအိမ်၌ ၂၀၂၁ ခုနှစ် မေလ ၄ ရက်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက်ထိ နေထိုင်သည့်အတွက်မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မစ္စဗစ်ကီဘိုးမန်း မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် အမှုဖွင့်ခဲ့ကာ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းကို ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေအပေါ် ဆန့်ကျင်လျက် ဇနီးဖြစ်သူ၏နေရပ်လိပ်စာပြောင်းရွှေ့နေထိုင်မှုကိုသိသော်လည်း ဆက်လက်နေထိုင်ရန် ကူညီအားပေးအားမြှောက်ပြုခဲ့ခြင်းကြောင့် ပုဒ်မ ၁၃(၅) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အားပေးကူညီမှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ygm/mt
Yangon_Media_Group
Page 1546 of 1912