၁၀ ဒီဇင်ဘာ၊၂၀၂၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမြောက်ပိုင်း အဓိကမိသားစုကြီးလေးစု မှ ထွက်ပြေးတိမ်းရှောင်နေကြသူ လေးဦးအပါအဝင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများမှ ထွက်ပြေးလွတ်မြောက်  နေသော ငွေကြေးထောက်ပံ့သူသူဋ္ဌေးကြီးများနှင့် အဓိက ခေါင်းဆောင် (၁၀၀) ဦးတို့ကို အလိုရှိကြောင်း ဒီဇင်  ဘာ ၉ရက်က ကြေညာခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မိသားစုကြီး လေးစု ရာဇဝတ်ဂိုဏ်းမှ အဓိက ထွက်ပြေးနေသူများဖြစ်ကြသော ဝူချီဖျင် (Wu Qiping)၊ ဝူချင်း   ကျိန့် (Wu Qingzheng)၊ ဖူရှောင်ဘင်း (Fu Xiaobin) နှင့် အုချန်ဟွာ (Ou Changhua) တို့ ဖြစ်ကြ ကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။

စစ်ဆေးတွေ့ရှိချက်များအရ ဝူချီဖျင်၊ ဝူချင်းကျိန့်၊ ဖူရှောင်ဘင်း၊ အုချန်ဟွာ စသည့် ရာဇဝတ်မှု  သံသယ ရှိသူ များသည် ပြည်ပအင်အားစုများ၏ အကာအကွယ်ကို ရယူကာ လူအင်အားစုဆောင်း၍ အဖွဲ့များဖွဲ့စည်းခြင်း၊ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်းလိမ်လည်မှုများကို ရေရှည်ကျူးလွန်ခြင်းတို့ လုပ်ဆောင်ခဲ့  ရာ လိမ်လည်မှုပမာဏမှာ ကြီးမားပြီး ၎င်းတို့၏ လုပ်ရပ်သည်အလွန်ဆိုးရွားကြောင်း အဆိုပါဝန်ကြီးဌာနက ပြောပါတယ်။

အထူးသဖြင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာမြောက်ပိုင်းရှိ တရုတ်နိုင်ငံနှင့်ပတ်သက်သော ရာဇဝတ်မှု   များကို နှိမ်နင်းရန် အထူးစီမံချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း၊ ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဖိအား  ပေး အရေးယူနေသည့် အခြေအနေအောက်တွင်ပင် အထက်ပါ သံသယရှိသူများသည် လုပ်ရပ်များကို လျှော့ချ  ခြင်း၊ ရပ်တန့်ခြင်း မရှိဘဲ ဥပဒေချိုးဖောက်သော ရာဇဝတ်မှုများကို ဆက်လက်၍ အကြီးအကျယ် ကျူးလွန် နေကြဆဲဖြစ်တယ်လို့ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဆက်လက် ရေးသားထားပါတယ်။

အဆိုပါ ထွက်ပြေးနေသူများ၏ ကျူးလွန်မှုအချက်အလက်များမှာ ထင်ရှားပြီး သက်သေအထောက်  အထား   များလည်း ခိုင်လုံပြည့်စုံသည့်အတွက် ဂျဲ့ကျန်းပြည်နယ် (ဟန်ကျိုး၊ ဝမ်ကျိုး)၊ ဖူကျန့်ပြည်နယ် (ချွမ်ကျိုး၊ လုံယန်)၊ ဟဲနန်ပြည်နယ် (ဖိန်တိရှန်)၊ ကွမ်တုံးပြည်နယ် (ရှန်ကျန့်)၊ ယူနန်ပြည်နယ် (ကူမင်း) နှင့် ချုံချင့် စသည့် ဒေသအသီးသီးမှ ရဲတပ်ဖွဲ့များသည် ထိုသူတို့အား ဆုကြေးငွေထုတ်၍ လူသိရှင်ကြား ဝရမ်းထုတ် အလိုရှိကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ထွက်ပြေးနေသူများအနေဖြင့် လက်ရှိအခြေအနေမှန်ကို အမှန်အတိုင်း ရှုမြင် သုံးသပ်ကြရန်၊ အချိန်မနှောင်းမီ လမ်းမှားမှ ပြန်လှည့်ကြရန်နှင့် မိမိတို့သဘောဆန္ဒအလျောက် လာရောက်အဖမ်းခံ အလင်းဝင်၍ သက်ညှာစွာ စဉ်းစားပေးမှုကို ရယူကြရန်လည်း တရုတ်ရဲတပ်ဖွဲံက တိုက်တွန်းထားပါတယ်။

အလိုရှိတရားခံနှင့်ပတ်သက်တဲ့ ခိုင်လုံသော သတင်းအချက်အလက် ပေးပို့ပြီး အာဏာပိုင်များ ဖမ်းဆီး ရမိ   အောင် ကူညီပေးသူ မည်သူ့ကိုမဆို ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးအဖွဲ့များက ဆုကြေးငွေ ယွမ် ၂ သိန်း (အမေရိကန်ဒေါ်လာ၂၈,၂၅၉ခန့်) ချီးမြှင့်သွားမှာဖြစ်တယ်လို့လည်း ဆင်ဟွာသတင်းတစ်ပုဒ်တွင် ဖော်ပြထားပါတယ်။

Ymg/knl

kp2kp3kp4kp5kp6kp7kp8