Published 22 Oct 2022

တရုတ် ကွန်မြူနစ်ပါတီရဲ့ အကြိမ်(၂၀)မြောက် အမျိုးသားကွန်ဂရက် ပိတ်ပွဲကို စနေနေ့က ကျင်းပပြုလုပ်ရာမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကို ပြင်ဆင်မှုတစ်ခုနှင့်ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ခဲ့ကြပါတယ်။

ဘေဂျင်းမြို့တော် မဟာခန်းမဆောင်မှာကျင်းပတဲ့ အဲဒီအမျိုးသားကွန်ဂရက်ပိတ်ပွဲမှာ ရှီကျင့်ဖျင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ပိတ်ပွဲအတွင်း ၁၉ ကြိမ်မြောက်  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့အစီရင်ခံစာနှင့် ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မရှင်ရဲ့ စည်းကမ်းထိန်းသိမ်းစစ်ဆေးရေးအစီရင်ခံစာတွေကိုလည်း အတည်ပြုခဲ့ကြပါတယ်။

ဗဟိုကော်မတီရဲ့ အစီရင်ခံစာဟာ အပိုင်း (၁၅)ပိုင်းပါဝင်ပြီး ခေတ်မီဆိုရှယ်လစ်တရုတ်နိုင်ငံကို တည်ထောင်ရာမှာ လာမယ့်ငါးနှစ်နှင့်နောက်ပိုင်းမှာအတွက် ကဏ္ဍစုံပါဝင်တဲ့ ပါတီရဲ့ အသေးစိတ်ပုံစံတစ်ခုဖြစ်တယ်လို့သိရပါတယ်။

ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ အဆိုပါ ပါတီကွန်ဂရက်ကို အောက်တိုဘာ ၁၆ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ နှစ်၁၀၀ပြည့်ပွဲ ၂၀၂၁ခုနှစ်မှာကျင်းပအပြီး ပထမဆုံးအကြိမ်ကျင်းပတဲ့ ကွန်ဂရက်လည်း ဖြစ်ပါတယ်။

Source CCTV+

#20th_National_Congress

#Communist_Party_of_China

#Amendment_CPC_Constitution

Published 22 Oct 2022 တရုတ် ကွန်မြူနစ်ပါတီရဲ့ အကြိမ်(၂၀)မြောက် အမျိုးသားကွန်ဂရက် ပိတ်ပွဲကို စနေနေ့က ကျင်းပပြုလုပ်ရာမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့"/>