မူဆယ်မှလားရှိးသို့ သွားရောက်နိုင်သည့် တောလမ်း မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးပြီး သွားလာရ ခက်ခဲနေဟုဆို
မူဆယ်မှလားရှိးကို သွားရောက်နိုင်တဲ့ နမ့်ခမ်း-မိုင်းဝီး-နမ်မတူ လမ်းပိုင်းဟာ အခုရက်ပိုင်း ရွာသွန်းတဲ့မိုးကြောင့် လမ်းပျက်စီးမှု ဖြစ်ပေါ်နေတဲ့အတွက် သွားလာရ ခက်ခဲနေတယ်လို့ မူဆယ်ဒေသခံတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
တိုက်ပွဲရှောင် မသန်စွမ်းများကို စားနပ်ရိက္ခာနှင့် မသန်စွမ်းအထောက်အကူပြုပစ္စည်းများ လှူရန်ရှိ
‘ရှမ်း၊ရခိုင်၊ကချင်နဲ့အညာဒေသမှာ ပိတ်မိနေတဲ့ မသန်စွမ်းတွေများစွာရှိတယ်။ ရှမ်းမြောက်ပိုင်းက မသန်စွမ်းတွေအနေနဲ့ အိမ်သာသွားဖို့ ခက်ခဲနေတဲ့အတွက် မသန်စွမ်းတွေအသုံးပြုတဲ့ ကမုတ်အိမ်သာလေးတွေ ထောက်ပံ့ပေးရသလို ပြင်းထန်မသန်စွမ်းတွေကို စားဝတ်နေရေး ကူညီပံ့ပိုးပေးနေတာတွေရှိတယ်’ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ဥက္ကဌ ဦးမြတ်သူဝင်း
#Yangon_Times/tthl
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
၁၈ နိုဝင်ဘာ ၂၀၂၃
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်ဘောလုံးအသင်း နှင့် ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နိုဝင်ဘာ ၁၈ရက် ညပိုင်းက ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြောက်ကိုရီးယားအသင်းဟာ ရန်ကုန်မြို့ Inya Lake Hotel တွင် တည်းခိုမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။
မြန်မာအသင်းနှင့်မြောက်ကိုရီးယားအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက် ညနေ (၄)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။
မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်ကြပါတယ်။ ယင်းအပြင် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မယ်လို့လည်းသိရပါတယ်။
-ymg/knl
၁၈ နိုဝင်ဘာ ၂၀၂၃
ဘဏ်များနှင့်ပတ်သက်သည့် ကောလာဟလသတင်းများ၊ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခံသွားသည့် တံတားများပြန်လည်ပြင်ဆင်ပြီးစီးမှုအခြေအနေများ
၁၈-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်လွိုင်ကော်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် ချောင်းနှစ်ခွ တို့တွင်ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုအနေများအား နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ နေ့စဉ် ရှင်းလင်းပြောကြားချက်ကို YMG ကရရှိခဲ့ပါတယ်။ အဆိုပါရှင်းလင်းပြောကြားချက် အပြည့်အစုံကို ပြန်လည်ဖော်ပြပေး အပ်ပါတယ်။
-ymg/knl
#Daily_News
Published_ 18 November 2023
၁။ တန်ဆောင်တိုင်တွင် နဂါးမောက်ဘုရား၌ ဆီမီးငါးထောင်ပူဇော်ပွဲနှင့် စတုဒိသာနိဗ္ဗာန်ဈေးအလှူပွဲရှိ၊ လူဦးရေသောင်းချီကို စတုဒိသာကျွေးမည်
၂။ ရခိုင်ပြည်နယ်ရှိ အချို့မြို့နယ်များတွင် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး ဒေသအတွင်းသွားလာရေး ခက်ခဲနေဟုဆို
၃။ ကားဝယ်ရောင်းဈေးကွက် ရပ်ဆိုင်းနေသော်လည်း နာမည်ရ Show Room များ အရောင်းအဝယ်ကောင်းနေ
၄။ (၂၀၂၃)တွင် ဥရောပသမဂ္ဂ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း အရှိန်ရပ်တန့် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 18 November 2023
ထိုင်းနိုင်ငံ စုဖန်ဘူရီ ခရိုင် အတွင်း တရားမဝင် နေထိုင်မှု ဖြင့် မြန်မာအလုပ်သမား ၁၄ ဦး အဖမ်းခံရကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက် အရ သိရသည်။
နိုဝင်ဘာ ၁၈ ရက် နံနက် ပိုင်း က ခရိုင် လူဝင်မှု ကြီးကြပ်ရေး အဖွဲ့များ က နယ်မြေအတွင်း လိုက်လံ စစ်ဆေးမှု များ ပြုလုပ်ရာမှ အဖမ်းခံရ ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာ အလုပ်သမား ၁၄ ဦး မှာ အထောက်အထား မပြည့်စုံ ခြင်း ကြောင့် အဖမ်းခံရ ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ အရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အတွင်း တရားမဝင် နေထိုင် မှု ဖြင့် အထောက်အထား မပြည့်စုံသည့် မြန်မာအလုပ်သမား များ မကြာခဏ အဖမ်းခံရသလို အလုပ်လုပ်ရန် တရားမဝင် လမ်းကြောင်းမှ ဝင်လာသဖြင့် အဖမ်းခံရသည့် မြန်မာအလုပ်သမား များ လည်း များစွာရှိကြောင်း သိရသည်။
ကိုဗစ်ကာ လပြီး နောက် ပိုင်း ထိုင်းနိုင်ငံ သို့ သွားရောက် အလုပ် လုပ်ကိုင်သည့် မြန်မာအလုပ်သမား များ ပြားလာကာ တစ်လ လျှင် ထိုင်းနိုင်ငံ သို့ MOUမြန်မာအလုပ်သမား အယောက် ၉၀၀၀၀န်းကျင် ဝင်ရောက် အလုပ်လုပ်ကိုင်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News



Published_ 18 November 2023
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကိုတရုတ်ခရီးသွားများပိုမိုလာရောက်နိုင်ရန်အတွက် TikTok တွင်“Myanmar Pavilion” ခရီးသွားမြှင့်တင်ရေးပလက်ဖောင်းဖွင့်ပြီးတရုတ်ခရီးသွားများကိုဆွဲဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ဆောင်ရွက်မည့်အကြောင်းကို မြန်မာ- တရုတ်ခရီးသွားမြှင့်တင်ရေး၏အမှုဆောင်ဥက္ကဌ Mr. David Liu @ Liu Wei ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှမြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးကိုလာရောက်တွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
Mr. Liu Wei ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က တရုတ်နိုင်ငံရှိ TikTok တွင် ဖွင့်လှစ်ထားသော “Myanmar Pavilion” ခရီးသွားမြှင့်တင်ရေး ပလက်ဖောင်းကို တရုတ်နိုင်ငံ၌ မိတ်ဆက်တင်ပြပြီး ယင်းပလက်ဖောင်းကို အသုံးပြု၍ မြန်မာနိုင်ငံ၏ခရီးသွားဆွဲဆောင်မှုများနှင့်ယဉ်ကျေးမှုများကို တရုတ်နိုင်ငံသားတိုင်းသိရှိစေရန် မိတ်ဆက်ပေးနိုင်ရေးအတွက် ခရီးသွားမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တွေ့ဆုံတင်ပြခဲ့သည်။
မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးကလည်း တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ အစားအစာများ၊ ခရီးသွားဆွဲဆောင်ရာနေရာများ ကို မြှင့်တင်ကြော်ငြာ ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ်နိုင်ငံမှ social influencer များ၊ သတင်း မီဒီယာများ၊ ခရီးသွားဘလော့ဂါများနှင့် ခရီးသွားအေဂျင်စီများပါဝင်သော ရင်းနှီးကျွမ်းဝင်မှု ဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip (ဖန်ထရစ်)) အား ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုထည့်သွင်းဆွေးနွေးခဲ့သည်။
ယင်းအပြင်ဝန်ကြီးဌာနမှ တရုတ်ခရီးသွားများ ပိုမိုဝင်ရောက်လာရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များအား ဖိတ်ခေါ်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံနှင့် ပတ်သက်သော သတင်းတုသတင်းမှားများအား အမှန်သတင်းဖော်ပြနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ်- မြန်မာ ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများအကြား communication channel တည်ဆောက်နိုင် ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News

Page 949 of 2199