သီလဝါဆိပ်ကမ်းဒေသရှိ ဆိပ်ခံတံတားတွေမှာ ဆီတင်သင်္ဘောလေးစီးမှ သိုလှောင်ကန်များသို့စက်သုံးဆီများ ဖြည့်တင်းပေးနေပြီး သင်္ဘောခြောက်စီးလည်း ရန်ကုန်မြစ်ဝတွင် ရောက်ရှိနေပြီ ဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 24 August 2024
#ဆီတင်သင်္ဘောခြောက်စီး #ရန်ကုန်မြစ်ဝရောက်ရှိ
#YMG/NN #Yangon_Times
၂၄ ဩဂုတ် ၂၀၂၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ ရှိတဲ့ မြင်းခြံ ဓာတ်အားပေးစက်ရုံကို ပြန်လည်လည်ပတ်နေပြီလို့ အဆိုပါ စက်ရုံကို လည်ပတ်နေတဲ့ စင်္ကာပူ အခြေစိုက် Sembcorp Industries (Sembcorp) က ဩဂုတ် ၂၃ရက်က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ဓာတ်အားပေးစက်ရုံကို လုံခြုံရေးအခြေအနေအရ ပြီးခဲတဲ့ ဩဂုတ် ၁၂ရက်က လည်ပတ်မှု ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါ တယ်။
စက်ရုံအနီးဝန်းကျင်တစ်ဝိုက်မှာ ပဋိပက္ခအခြေအနေတွေ လျော့ပါးသွားပြီး ကုမ္ပဏီဝန်ထမ်းတွေအတွက် အန္တရာယ် မရှိ တော့ လို့ စက်ရုံပြန်လည်ပတ်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်ရုံပြန်လည်လည်ပတ်ရက်ကို မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့တာလို့လည်း သိရပါတယ်။
အဆိုပါဓာတ်အားပေးစက်ရုံသည် သဘာဝဓာတ်ငွေ့သုံး combined-cycle gas turbine အမျိုးအစားဖြစ်ပါတယ်။
#Daily_News
Published 23 August 2024
၁။ ရန်ကုန်၊ မန္တလေးလေဆိပ်များအပါအဝင် နယ်စပ်ဝင်ထွက်ပေါက်(၅)နေရာတွင် မျောက်ကျောက်ရောဂါစောင့်ကြပ်စစ်ဆေးခြင်းများ စတင်နေ
၂။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများ စက်တင်ဘာ(၁)ရက်မှ စတင်လျှောက်ထားနိုင်
၃။ ဓာတ်ဆီနှင့်ဒီဇယ်ဈေးအနည်းငယ်ပြန်ကျ
၄။ တရုတ်ပြည်ထုတ် ARJ21 အရပ်ဖက်သုံးလေယာဉ်အား ကုန်းပြင်အမြင့်ပိုင်းဒေသများ၌ စမ်းသပ်ပျံသန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 23 August 2024
▪️ ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်ရှိလမ်းဘေးစားသောက်ဆိုင်များအား ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရုံးဝန် ထမ်းများတာဝန်ရှိသူများပူးပေါင်း၍အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ စက်ရုံလမ်းရှိလမ်းဘေးစားသောက်ဆိုင်များအားဝမ်း ပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက်ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများရောင်းချနိုင်ရေးကျန်းမာ ရေးအသိ ပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်ပေးဝေခြင်း၊ ရေသန့်ဆေးပြားများပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးဝန် ထမ်းများတာဝန်ရှိသူများပူးပေါင်း၍ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ စိန်စီဂုဏ် ရောင်လမ်းရှိလမ်းဘေးစားသောက်ဆိုင်များအားဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာ ကွယ်ရေးအတွက်ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများရောင်းချနိုင်ရေး ကျန်းမာရေးအသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခု ၂၀၂၄ ခုနှစ် ၇ လတာကာလအတွင်း မြန်မာနိုင်ငံကို ပြည်ပခရီးသွား ၇သိန်းနီးပါး လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 23 August 2024
#ပြည်ပခရီးသွား #ဟိုတယ်နှင့်ခရီးသွားလာရေး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယမန်နေ့က ဒေါ်လာ၃၁သန်းထပ်မံထုတ်ရောင်းလာပြီး အခုရက်ပိုင်း အတွင်းသန်းပေါင်း ၁၃၀ကျော်အထိ ရောင်းချပြီးဖြစ်တယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
#Local_News
Published 23 August 2024
#ဗဟိုဘဏ် #ဒေါ်လာ၃၁သန်းထပ်မံထုတ်ရောင်း
#YMG/NN #Yangon_Times
ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေဖြစ်တဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဈေးတွေ ယမန်နေ့ကထက်အနည်းငယ်ပြန်ကျလာပြီး တစ်ပတ်တာအတွင်းနှိုင်းယှဉ်ရင်တော့ ဈေးဆက်တက်နေဆဲဖြစ်တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 23 August 2024
#ဓာတ်ဆီနှင့်ဒီဇယ်ဈေး #အနည်းငယ်ပြန်ကျ
#YMG/NN #Yangon_Times
Page 285 of 1964