#Local_News
Published 11 December 2025

▪️ ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံ၌ ဆီဘောက်ဆာယာဉ်မှ ရပ်ထားသောယာဉ်(၁)စီးအား ဝင်တိုက်ပြီး မီးလောင်၍ နာရီဝက်ကျော်ကြာ ငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။

▪️ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၁၀နာရီ ၁၇မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ဘုရားလေးလမ်းကွေ့တွင် ဆီဘောက်ဆာယာဉ်(၁)စီးသည် ရပ်ထားသောယာဉ်(၁)စီးအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

▪️ အဆိုပါ မီးလောင်နေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အင်းစိန်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ LUF-60 ယာဉ်(၁)စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၀နာရီ ၅၄မိနစ် အချိန်တွင်မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည် ။

#YMG/NN #Yangon_Times