#LocalNews
Published -9 Apr 2022

 

ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက်၊YCDC ဂေါက်ကွင်းအတွင်းသို့ ရှော့တိုက်ဒုံးဟူယူဆရသော အရာကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဂေါက်ကွင်းဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ကသိရပါတယ်။

 

ရှော့တိုက်ဒုံးဟုယူဆရသောအရာဖြင့် ပစ်ခတ်ခဲ့တာကြောင့် ဂေါက်ကွင်းအတွင်းရှိ ကျင်းအမှတ် (၁၈) နေရာအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဂေါက်ကယ်ရီသမားတစ်ဦး ခါးထိမှန်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကာ ပေါက်ကွဲသည့်နေရာမှ အလျား (၄)လက်မ၊အချင်း(၅)လက်မရှိ သံပိုက်အပိုင်းအစ (၁)ခု တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

 

"ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဝန်ထမ်းတစ်ဦးထိခိုက်မိပါတယ် လတ်တလောမှာ ဖြစ်စဉ်ကိုစုံစမ်းနေဆဲဖြစ်တာကြောင့် ကျန်တာတွေ ပြောလို့မရသေးပါဘူး"ဟု ရဲအရာရှိတစ်ဦးကပြောပါတယ်။

 

ဧပြီလ ၉ ရက် နံနက် ၇ နာရီခန့်က အဆိုပါပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခြားနေရာအချို့တွင်လည်း အလားတူ ပစ်ခတ်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ကို စိစစ်နေဆဲလို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group