Published_ 06 October 2023

လာမည့်အောက်တိုဘာလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ “World Design Assembly Tokyo ” ကျင်းပသွားမည် ဖြစ်ကြောင်း UMFCCIမှသိရသည် ။

အဆိုပါ World Design Assembly” နှင့်အတူ အာဆီယံ-ဂျပန် နှစ်(၅၀)ပြည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအထိမ်းအမှတ် အာဆီယံနှင့်ဆက်စပ်သည့် အခမ်းအနားများ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည် ။

အာဆီယံ-ဂျပန်စင်တာ (AJC) အနေဖြင့် Japan Institute of Design Promotion (JDP)၊ World Design Assembly နှင့် အာဆီယံဒေသတွင်း တီထွင်ဆန်းသစ်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလျက်အာဆီယံဒေသတွင်း နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာ ထုတ်ကုန်များ၊ ဒီဇိုင်းထုတ်ကုန်များ၊ ပြသနိုင်ရေးအတွက်မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူများ ပါဝင်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည် ။

အဆိုပါ World Design Assembly တွင် အာဆီယံနိုင်ငံ တစ်နိုင်ငံလျှင် ကုမ္ပဏီ (၅) ခု (သို့မဟုတ်) ထုတ်ကုန် (၅) ခုစီ ပြသနိုင်ရေး လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း ပြခန်းကို အာဆီယံ-ဂျပန်စင်တာမှ ပံ့ပိုးမည်ဖြစ်၍ ကျန်ကုန်ကျစရိတ်ကို ပြသသည့်ကုမ္ပဏီမှ ကျခံရမည်ဖြစ်ကြောင်းလည်း သိရသည် ။

ထို့ကြောင့် “World Design Assembly Tokyo” နှင့် ဆက်စပ်အခမ်းအနားများသို့ ပါဝင်တက်ရောက် ပြသရန် စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှုအသင်းချုပ်ရှိ အသင်းသားများ၊ ညီနောင်အသင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ Company Letterhead ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲ့ အမည်၊ Email Address ၊ ဖုန်းနံပါတ် နှင့် ပြပွဲတွင်ပြသမည့် ပစ္စည်းအမျိုးအစား၊ အရေအတွက်စာရင်းတို့နှင့်တကွ ပူးတွဲပါ FORM အား ပြည့်စုံစွာ ဖြည့်စွက်၍ (၁၁.၁၀.၂၀၂၃) ရက်နေ့ထက်နောက်မကျစေပဲ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ Email: This email address is being protected from spambots. You need JavaScript enabled to view it. နှင့် This email address is being protected from spambots. You need JavaScript enabled to view it. သို့ စောလျှင်စွာ တိုက်ရိုက်စာရင်းပေးပို့ နိုင်ကြောင်း သိရသည် ။

ထို့အပြင် ကုန်သည်/ စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email: This email address is being protected from spambots. You need JavaScript enabled to view it.၊ ဖုန်း၀၁-၂၃၁ ၄၃၄ (Ext: ၃၀၁)၊ သို့ မိတ္တူပေးပို့နိုင်ပါရန် အသိပေး အကြောင်းကြား ဖိတ်ကြားထား ကြောင်းသိရသည်။
#Yangon-Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group