#LocalNews

Published - 10 Dec 2021

 

မြန်မာနိုင်ငံတွင် ကလေးသူငယ် ၅ သန်းအပါအဝင် ခန့်မှန်းခြေ လူဦးရေ ၁ ဒသမ ၄ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ ယူနီဆက်က (UNICEF)က ထုတ်ပြန်ထားပါတယ်။

 

လာမယ့် ၂၀၂၂ ခုနှစ်မှာ ကလေးသူငယ် ၁ သန်းကျော်အတွက် ကလေးသူငယ်တွေရဲ့ အသက်ကို ကယ်တင်ဖို့၊ အနာဂတ်တွေကို ကာကွယ်ဖို့နဲ့ မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးမှုတို့ကို ရှောင်ရှားနိုင်ဖို့အတွက် စတဲ့အရေးကြီးဝန်ဆောင်မှုတွေ ဆောင်ရွက်ဖို့ ရန်ပုံငွေ ဒေါ်လာ ၁၅၁ ဒသမ ၄ သန်း လိုအပ်နေတယ်လို့ ယူနီဆက်က ဖော်ပြထားပါတယ်။

 

ဒ့ါအပြင် ယူနီဆက်ရဲ့ ၇၅ နှစ် သမိုင်းတစ်လျှောက် ကိုဗစ်ဟာ ကလေးသူငယ်တွေအတွက် အဆိုးရွားဆုံး အကျပ်အတည်း ဖြစ်စေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များအေဂျင်စီက မနေ့က အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

 

“ ကိုဗစ် ရောဂါက ကျွန်မတို့ ၇၅ နှစ် သမိုင်းတစ်လျှောက် ကလေးသူငယ်တွေတိုးတက်မှုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ဆေး၊ လုံလောက်တဲ့အစားအစားနဲ့ မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ ကလေးသူငယ်အရေအတွက်မှာ ကျဆင်းနေပါတယ်” လို့ UNICEF အမှုဆောင်ညွှန်ကြားရေးမှူး Henrietta Fore က ပြောပါတယ်။

 

ကပ်ရောဂါမဖြစ်မီကပင် ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ် တစ်ဘီလီယံခန့်ဟာ ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာ၊ အာဟာရ၊ မိလ္လာစနစ် (သို့ ) သောက်သုံးရေးတို့ကို လက်လှမ်းမမီဘဲ ၎င်းတို့အနက် အနည်းဆုံးတစ်ခုကို ဆုံးရှုံးခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ကိုဗစ်ကူးစက်ရောဂါကြောင့် နောက်ထပ် ကလေးသူငယ် အရေအတွက် သန်း ၁၀၀ ဟာ ဘက်ပေါင်းစုံမှ ဆင်းရဲစွာ နေထိုင်ကြရတယ်လို့ UNICEF က ခန့်မှန်းထားကြောင်း သိရပါတယ်။

#Photo Crd..

#Yangon_Media_Group