#Local_News
Published_ 22 November 2022

 

မြန်မာနိုင်ငံရှိဘွဲ့ကြို၊ ဘွဲ့မရသေးတဲ့လူငယ်များအနေဖြင့် ကနေဒါနိုင်ငံက "The University of Toronto"ကပေးသည့် ပညာသင်ဆု Scholarship လျှောက်ထားနိုင်ကြောင်း သိရသည်၊၊

 

Student Scholarship အတွက် နောက်ဆုံးလျှောက်ထားရမည့်ရက်ကတော့ ၂၀၂၃ခုနှစ် ဇန်နဝါရီ ၁၆ ရက်ဖြစ်သည်၊၊

 

ပညာသင်ဆုလျှောက်ထားသူများ ရွေးချယ်ခံရပြီဆိုရင်
၄နှစ်စာအတွက် ကျောင်းစရိတ်၊ စာအုပ်ကြေး၊ နေထိုင်စရိတ်၊ကျန်းမာရေး အာမခံတို့ကို Free ရရှိမည်ဖြစ်သည်၊၊

 

ပညာသင်ဆုရပြီးရွေးချယ်သင်ယူနိုင်မယ့် ဘာသာရပ်များကတော့ Life Science၊ Engineering၊ Computer Science၊ Music, and Architecture Commerce & Management၊ Humanities & Social Sciences၊ kinesiology & Physical Education၊ Physical & Mathematical Sciences စသော စီးပွားရေး၊ လူမှုရေး၊ အနုပညာအင်ဂျင်နီယာပိုင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားရမည်ဖြစ်သည်၊၊

 

University of Toronto သည် ကနေဒါနိုင်ငံတွင်း အဆင့် (1) တက္ကသိုလ်တစ်ခုဖြစ်ပြီးကမ္ဘာ့အဆင့် (16) နေရာမှာ ရပ်တည်နေကြောင်းနှင့် scholar လျှောက်ထားလိုသူများနှင့်အသေးစိတ်သိလိုသူများ https://future.utoronto.ca/pearson/about/ တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group