#Local _News
Published _ 22 November 2022

 

ယာယီဖွဲ့စည်းထားသည့် ရန်ကုန်စီးတီးတက္ကစီအသင်းအား တရားဝင်ဖွဲ့စည်းရန် အလုပ်အမှုဆောင်ရွေးချယ်ပွဲအား ဒီဇင်ဘာလ ၃ ရက် နံနက် ၈ နာရီတွင် စတင် ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ တာဝန်ရှိသူထံမှ သိရသည်။

 

"ယာယီဖွဲ့စည်းထားတဲ့ ရန်ကုန်စီးတီးတက္ကစီအသင်းကို တရားဝင်အဖွဲ့အစည်းတစ်ခုအဖြစ် အတည်ပြုဖွဲ့စည်းတည်ထောင်ဖို့ အလုပ်အမှု ဆောင်ရွေးချယ်ပွဲပြုလုပ်သွားမှာဖြစ်ပါတယ်"ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန် က ပြောသည်။

 

ရန်ကုန်စီးတီးတက္ကစီအသင်း(ယာယီ)အား ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် စီးတီးတက္ကစီယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်အောင် ထိန်းသိမ်းနိုင်ရန်၊ ခရီးသည်ပို့ဆောင်ခြင်းလုပ်ငန်းများကို ပိုမိုကောင်း မွန်စွာဝန်ဆောင်မှုပေးနိုင်ရန်နှင့်စီးတီးတက္ကစီယာဉ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဒါ့အပြင် အသင်းဝင်လိုသည့် စီးတီးတက္ကစီယာဉ်ပိုင်ရှင်များ အနေဖြင့် ရန်ကုန်စီးတီးတက္ကစီအသင်း (ယာယီ)ရုံးတည်ရှိသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ၂၉ ရပ်ကွက်၊ ပင်လုံလမ်း၊ အမှတ် ၂၆ တွင်မှတ်ပုံတင်၍ လျှောက်ထားနိုင်ကြောင်းလည်း သိရှိရသည်။

 

ကျင်းပမည့် အလုပ်အမှုဆောင်ရွေးချယ်ပွဲတ၌လည်း စီးတီးတက္ကစီယာဉ်ပိုင်ရှင်များအနေဖြင့် အလုပ်အမှုဆောင်အဖြစ် ဝင်ရောက်ရွေး ချယ်ခံနိုင်ပြီး ၂၅ယောက်တိတိ ရွေးချယ်ကာ မဲခွဲဆုံးဖြတ်ချက်များနှင့် ရာထူးအသီးသီးရွေးချယ်သွားမည်ဟု YRTC ရဲ့ တာဝန်ရှိသူက ဆိုထားသည်။

 

#ymg/NN
#Yangon_Media _Group