#Local_News
Published_22 November 2022

 

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးနှုန်းများ မြင့်တက်လာသော်လည်း ပြည်တွင်းအခေါက်ရွှေဈေးနှုန်းမှာ ၂၆ သိန်းဝန်းကျင်ဖြင့် ဈေးတည်ငြိမ်နေကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ သိရသည်။

 

နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၄၂ ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ငွေကျပ် ၂၀၅၂၀၀၀ ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်းဈေးကွက်တွင် ရွှေစုဆောင်းလိုမှုလျော့ကျလာကာ ဝယ်လိုအားထက် ရောင်းလိုအားပိုများနေပြီး ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်နေသော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ ယခင်အပတ်ဈေးကွက်ပေါက်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 

ပြည်တွင်းရွှေဈေးနှုန်းအတတ်၊ အကျမှာ ငွေလဲနှုန်းနှင့် ကမ္ဘာ့ရွှေဈေးနှုန်းပေါ်မူတည်နေပြီး လက်တလောတွင်လည်းကမ္ဘာ့ရွှေဈေးမှာ အကျဘက်သို့ ပြန်လည်ဦးတည်လာနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောပြချက်အရ သိရသည်။

 

#ymg/sth
#Yangon_Media_Group