#LocalNews
Published _11 June 2022

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ Micro Enterprise လုပ်ငန်းများ မှတ်ပုံတင်ထားရှိရန် ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်ကြေး ကျပ်တစ်သောင်း ပေးသွင်းပြီးပါက မိမိတို့၏ စားသောက်ကုန်လုပ်ငန်းများကို Supermarket များ၌ တင်ရောင်းနိုင်တော့မည်ဖြစ်ကြောင်း မြို့တော်စည်ပင်မှ သိရသည်။

 

လက်ရှိတွင် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ SME မှတ်ပုံတင်ပြီး အဖွဲ့ဝင်ကတ်ထုတ်ပေးထားသည့်လုပ်ငန်း ခုနစ်သောင်းကျော်နှင့် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း Micro Enterprise - ME ၁၄၀ဝ၀ ကျော်ရှိကြောင်း သိရသည်။

 

MSME လုပ်ငန်းများအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းများရေရှည်ဖွံ့ဖြိုးရေးအတွက် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးကြပ်၍ မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။

 

လက်ရှိတွင် အသေးစားနှင့်အလတ်စား (SME) လုပ်ငန်းရှင်အများစုသည် ကုန်စျေးနှုန်းကြီးမြင့်မှုတို့ကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲများစွာရှိနေပြီး အချို့သောလုပ်ငန်းများသည် ရပ်လုနီးပါးဖြစ်နေကြောင်း သိရသည်။

Photo-DICA 

ymg/sth
#Yangon_Media_Group