#LocalProduct
Published- 19- Jan 2022
ဖေဖော်ဝါရီလ ၁ရက်နေ့မှ စတင်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင်ပြသမည့်လူနာများ လာရောက်စောင့်ဆိုင်းချိန်ကြာမြင့်မှုကိုလျှော့ချရန် Online booking တင်ပြီး ပြသနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် လူနာများ နံနက်စောစော လာရောက်တန်းစီ၍ စာရင်းသွင်းရန်စောင့်ဆိုင်းရခြင်း ၊ ပြသရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း ကြောင့်လည်းကောင်း ၊ လူစုလူဝေးကြောင့် ကိုဗစ် ၁၉ ရောဂါကူးစက်မှု မှကာကွယ်ရန် အတွက်လည်းကောင်း လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာ online booking စနစ် စတင် စမ်းသပ်သုံးစွဲသွားမယ်လို့ သိရပါတယ်။
ပြသလိုတဲ့လူနာများအနေဖြင့် Viber (သို့မဟုတ်) Messenger (သို့မဟုတ်) caremebot application မှတဆင့် Booking ပြုလုပ်ရမည်ဖြစ်ကာBooking ပြုလုပ်ရမယ့် နည်းလမ်းတွေကို Yangon General Hospital ရဲ့လူမှုကွန်ယက်စာမျက်နှာကထုတ်ပြန်ထားပါတယ်။
ymg/hm