#LocalNews
Published- 19 Jan 2022
ထိုင်းနိုင်ငံတွင်အလုပ်အကိုင်ရရှိမည်ဟုဆိုကာ ထိုင်းနိုင်ငံသို့တရားမဝင်ပို့ဆောင်ရန် လူစုဆောင်းထားခြင်းခံရသော အမျိုးသားအမျိုးသမီး ၂၀၀ကျော်ကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ကယ်တင်လိုက်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ကသိရပါတယ်။
လက်ရှိကမ္ဘာ့ကပ် ရောဂါ ဘေး ကြောင့် ပြည်တွင်အလုပ်အကိုင်များ ခက်ခဲလျက်ရှိရာ ပြည်ပအလုပ်အကိုင်ရှာ ဖွေ ရေးလုပ်ငန်းများသည်လည်း အလွန်အမင်းထိခိုက်လျက်ရှိရာ တရားဝင် အေဂျင်စီများရဲ့ ထိုင်း၊မလေးရှားသို့ လုပ်သားတင်ပို့ခြင်းလုပ်ငန်းများလည်း ရပ်ဆိုင်းလျက်ရှိတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးနှိမ်နင်း ရေး ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၆ရက် နေ့တွင်လည်း ကောင်း၊ ဇန်နဝါရီ ၁၈ရက် နေ့တွင်လည်း ကောင်း ထိုင်းနိုင်ငံသို့တရားမဝင်ပို့ ဆောင်ခြင်းခံရမယ့် လုပ်သားစုစု ပေါင်း၂၀၀ ကျော်အား ကယ်တင်တားဆီးနိုင်ခဲ့ပြီး ပွဲစားများအား လိုက်လံဖမ်းဆီးလျက်ရှိတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၆ရက် နေ့က ရွှေတိဂုံ စေတီ တော်အ ရှေ့ဖက်မုဒ် ဘုန်းတော်ကြီး ကျောင်းတခုတွင် ပွဲစား၃ဦးမှစု ဆောင်းထား သော ယောကျ်ား၊မိန်းမ ၁၆၀ ကျော်ကိုလည်း ကောင်း၊ ၁၈ရက်နေ့တွင် ရန်ကုန်မြို့ ၊ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ၄၃ရပ်ကွက်၊မင်းရဲ ကျော်စွာလမ်းမှ အဆောင်တခုတွင် ပွဲစားများမှစု ဆောင်းထား သော ယောကျာ်း၊မိန်းမ ၅၁ဦးတို့ ကိုကယ်တင်ပေးခဲ့ပြီး ပွဲစားများသိမ်းဆည်းထား သော နိုင်ငံကူးလက်မှတ်များနဲ့ ငွေကြေးများပြန်လည်ရရှိစေရန် ဆောင်ရွက် ပေးနေပြီးပွဲစားများကို ဖမ်းဆီးရမိမှုမရှိ သေး ဘူးလို့သိရပါတယ်။
"ကျွန်တော်တို့က ဖြူးမြို့ကပါ။ ပွဲစားက တရားဝင်လမ်းကြောင်းက ပို့ ပေးမယ် ပြောလို့လိုက်လာတာပါ။။ passport စာအုပ်ဘိုး ၁သိန်း၇ သောင်းအရင် ပေးခဲ့ရတယ်။ မနေ့ကမှ ၁၈သိန်းသွင်းခဲ့တာပါ။ ထိုင်းနိုင်ငံက အီလက်ထ ရောနစ်စက်ရုံမှာ အလုပ်ရမယ်။ တနေ့ဘတ်၃၃၀ရမယ်။ရန်ကုန်မှာ စာချုပ်ချုပ်မယ်။ ခုလော လောဆယ် OWICကဒ်လုပ်ဖို့ ဒီအ ဆောင်မှာ စောင့်ပါဆိုလို့ စောင့် နေတာပါ။ ရန်ကုန် ရောက်တာ ၁၀ရက် ကျော်ကြာပါပြီ။ ၁၈သိန်းလည်း သွင်းပြီးပါပြီ။"လို့ မြောက်ဒဂုံတွင် အလိမ်ခံခဲ့ရသော အလုပ်သမားတစ်ဦးကပြောပါတယ်။။
သဲ တော၊ဝမ်းတွင်း၊ဧရာဝတီတိုင်း ငပု တော၊ တောင်ငူ၊ ဖြူးမြို့နယ်၊ နေပြည် တော်၊လယ်ဝေး အစရှိ သော နေရာအသီသီးမှ လိမ်လည်စုဆောင်းခံခဲ့ ရသော လူငယ်လူရွယ်များဖြစ်သည်။တရားမဝင်လမ်းမှ ပို့ ဆောင်မည်ကို သိရှိခဲ့သောလူငယ်များလည်းပါဝင်လျှက်ရှိ ကြောင်း တွေ့ရသည်။
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ အမှုဆောင်များက ယင်းလုပ်သားများကို တရားဝင်လုပ်ငန်းများအား အသိပညာပေးနှစ်သိမ့်ဆွေးနွေးခဲ့ပြီး မိဘများထံပြန်လည်အပ်နှံ ရေးနဲ့နေရပ်အသီးသီးသို့ပြန်လည် ပို့ဆောင်နိုင်ရန် ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ymg/hm