#LocalNews
Published - 19 Jan 2022
ထိုင်းရောက် MOU မြန်မာလုပ်သားဇနီးမောင်နှံ ထိုင်းထီပထမဆု ဘတ်(၆)သန်းဆု ကံထူးရှင်ဖြစ်ခဲ့တယ်လို့ ထိုင်းနိုင်ငံရှိ မြန်မာ့ရွှေ့ ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေး နေသည့် (AAC)အဖွဲ့ က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ကံထူးရှင်ဇနီး မောင်နှံဟာ ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်၊ ဝပ်နောင်စွန်း CalCompCD စက်ရုံမှ MOU မြန်မာလုပ်သားဇနှီးမောင်နှံဖြစ်ပြီး ထိုင်းထီအမြင့်ဆုံးဆုထိုင်းဘတ်ငွေသိန်းပေါင်း (60)ဘတ်ကို ဆွတ်ခူးရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းထီကံထူးရှင်မှ AAC မဟာမိတ်အဖွဲ့ကို ဆုငွေထုတ်ပေးပါရန် အကူအညီတောင်းခံလာသဖြင့် AAC အဖွဲ့ မှ ဆုငွေထုတ်ယူနိုင်ရေးကိစ္စရပ်များကို လိုက်ပါဆောင်ရွက်ပေးခဲ့ပြီး လုံခြုံစိတ်ချစွာဖြင့် ဆုငွေများကိုအောင်မြင်စွာထုတ်ယူနိုင်ခဲ့တယ်လို့လည်း AAC အဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။
ymg/kg
#Yangon_Media_Group