#LocalNews
Published - 19 Jan 2022

ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့်နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေရသူ ၅၀၀၀၀
ကျော်အထိရှိလာပြီဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့(ဇန်နဝါရီ ၁၉)ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် KNU ထိန်းချုပ်နယ်မြေတပ်မဟာ ၅ ခုတွင် ၁၅ ရက်အတွင်း တိုက်ပွဲ ပေါင်း ၁၈၁ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ၁၅၉ ဦးသေဆုံးခဲ့ကာ KNLA ဘက်မှ ၁၃ ဦး ကျဆုံးခဲ့တယ်လို့ KNU ၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ပွဲများဟာ(KNU)၏ ကော်သူးလေနယ်မြေအတွင်း တပ်မတော်နှင့် KNLA၊ KNDO တပ်ဖွဲ့များကြား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ထို့အပြင် ထိခိုက်ဒဏ်ရာရစာရင်းများအရလည်း ယင်းတိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ ၁၀၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ဘက်တွင် ၁၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ နှစ်ဖက်ထိ တွေ့ တိုက်ပွဲများနှင့် တပ်မ တော်ဘက်မှ လေကြောင်း ပစ်ကူတိုက်ခိုက်မှု တွေကြောင့် ကော်သူးလေနယ်မြေ ဒေသအတွင်းရှိ အပြစ်မဲ့ ပြည်သူလူထု
၇ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း KNU ကထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး၏ဒူးသထူခရိုင် ၊ ညောင်လေးပင်ခရိုင် ၊ ဘိတ်ထားဝယ်ခရိုင် ၊ မူတြော်ခရိုင် နှင့် ဒူးပလာယာခရိုင်များအတွင်းတွင် ယနေ့အထိ စစ်ဘေးရှောင်ပြည်သူလူထုပေါင်း ၅၀၀၀၀ ကျော်အထိ ရှိနေပြီဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူလူထုများအတွက် ကူညီထောက်ပံ့မှုများရရှိရန် လိုအပ်နေတယ်လို့လည်း KNU ၏ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

Photo - KNU/ Ye Min(AAC)

ymg/kg
#Yangon_Media_Group