#LocalNews
Published - 19 Jan 2022


ယမန် နေ့(ဇန်နဝါရီလ ၁၈ ရက်)နေ့က မန္တလေးမြို့ ၊ ဓူဝံဆေးရုံကြီးတွင် ဆေးဝါးကုသနေစဉ် သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းကို မန္တလေးမြို့ မှ စစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်းမြို့သို့ ပို့ဆောင်ကူညီပေးခဲ့သည့် ပရဟိတမင်းခေါင် လူမှုယာဉ်တစ်စီးမှာ
ဘုတလင်မြို့နယ်၊ ကြီးဗဒုန်ကျေးရွာ တံတားအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံ ခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ဓူဝံဆေးရုံတွင် ဆေးကုသနေစဉ် သေဆုံးသွားသည့် အသက်(၇)နှစ်အရွယ် သွေးကင်စာဖြင့် သေဆုံးသွားခဲ့ သော ကလေးငယ်ရုပ်အလောင်းကို နေရပ်ပြန်သယ်ရန် အကူအညီတောင်ခံမှုကြောင့် ပရဟိတမင်းခေါင်လူမှုကူညီရေး အသင်းယာဉ်ဖြင့် လိုက်လံပို့ဆောင်ခဲ့စဉ်မှာ ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

"ဟုတ်ပါတယ်။ မနေ့က ကျနော်တို့ ဓူဝံ ဆေးခန်းမှာ သွေးကင်ဆာနဲ့ သေဆုံးသွားခဲ့တဲ့ ကလေးမလေးပေါ့လေ။ သူ့မိသားစုတွေက ဆင်းရဲနွမ်းပါးပြီး မတတ်နိုင်တဲ့ အခါကျနော်တို့ကို ပို့ခိုင်းတာ ပို့ခိုင်း တော့ ကျနော်တို့က သွားပို့ ပေးတာ သွားပို့ ပေးတဲ့အချိန်မှာ ကျနော်တို့အသင်းက ကလေးတွေ ပြောပြတာကတော့ အဲ့နားမှာစစ်တပ်တစ်ခုရှိတယ် ။ စစ်တပ်ဂိတ်မရောက်ခင်မှာ တံတားရှိတယ်။ တံတားနားမှာ မိုင်းကို ကျောက်ပုံထဲ ထည့်ထားတာ ပေါ့။ ထည့်ထားတာကနေ ကားရောက်တဲ့အချိန် မိုင်းကွဲသွားတာပေါ့ ။ ဒါပေမဲ့ ကွဲတာလား၊ ခွဲတာလားဆိုတာက ဘယ်လိုလဲတော့ မသိဘူး။ ကျ နော်တို့ကား တွေက လမ်းလည်ခေါင်က မောင်းတဲ့အခါကျတော့ ဘာဖြစ်လဲ ဆိုတော့ မိုင်းအစ တော့မဟုတ်ဘူးပေါ့။ ကျောက်ပုံထဲက ကျောက်တုံးကြီးက ကျ နော်တို့ကားကို လာမှန်တယ် ဘက်မှန်တစ်ချက်ကွဲသွားတယ်။ လူတွေက တော့ ကံ ကောင်းတယ် ပြောရမှာပေါ့။ လူနှစ်ယောက်ကြားက ကျောက်ခဲတစ်လုံးဝင်လာပြီး နောက်ကြည့်မှန်ကွဲသွားတယ်။ နောက်တံခါးနှစ်ချပ် ကို အရှိန်နဲ့လာမှန်တယ်။အထဲထိ ပေါက်ထွက်သွားတယ်။ ကားပေါ်ပါသွားတဲ့ အသင်းက က လေး တွေက ဘက်မှန်ကွဲတဲ့ မှန်စလေး လောက်ဘဲ လူကိုလာထိခဲ့တာ ပါ။"လို့ ပရဟိတမင်းခေါင် လူမှုကူညီ ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက
ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ် ကြောင့် ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်းယာဉ်ကို ထိခိုက်ပျက်စီးခဲ့ သော်လည်း ယာဉ်ပေါ်ပါလာသူများက တော့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့လည်း သူက ဆက် ပြောပြခဲ့ပါတယ်။

"သတင်း တွေက လူမှုကွန်ရက် ပေါ်မှာ အမျိုးမျိုး ရေးတင် နေကြတာ ပေါ့။ တကယ်တော့ က လေးက ဆေးရုံမှာထဲက သွေးကင်ဆာနဲ့ သေဆုံးခဲ့တဲ့သူပါ။ သေဆုံးသူရဲ့ မိသားစုရှင် တွေကလည်း နွမ်းပါးကြပါတယ်။ ကျနော်တို့ အသင်းက ဆီဖိုး တောင်မယူဘဲ လိုက်လံ ကူညီပို့ဆောင် ပေးခဲ့တာပါ။ ဗုံးကွဲပြီး ဗုံးစမှန်ပြီး ကလေးငယ် သေသွားခဲ့တယ် ဆိုတာမဟုတ်ပါဘူး။ နဂိုထဲက ဆေးရုံမှာထဲက သေဆုံးပြီးသားပါ။ အဲ့လိုဖြစ်ပြီးတော့ ကျ နော်တို့ကားက ရှေ့ဆက်မသွား တော့ဘူး။ သေဆုံးသူက လေးငယ်ရဲ့ ရွာက ထော်လာဂျီနဲ့ဘဲ ကလေးငယ်ရဲ့ Body ကို ပြောင်းတင်ပေးလိုက်ရတယ်။ သူတို့ရွာက လာ ခေါ်တာပေါ့၊ ကျ နော်တို့ အသင်းကားက တော့ အဲ့ကနေဘဲ မန္တလေးမြို့ကို ပြန်လာခဲ့ပါတယ်။"လို့ ၄င်းက ဆက်လက် ပြောပြခဲ့တာပါ။

ယခုကဲ့သို့ ဖြစ်စဉ်မျိုးတွေကို ကြုံတွေ့ခဲ့ရသော်လည်း ပရဟိတမင်းခေါင် လူမှုကူညီ ရေးအဖွဲ့ အနေနဲ့ လူမှုကူညီ ရေးလုပ်ငန်းများလုပ်ဆောင်ခြင်းကို ရပ်တန့်သွားမည်မဟုတ်ဘဲ တတ်အားသရွေ့ ပြည်သူလူထု၏ အခက်အခဲများကို ဆက်လက် ကူညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး နာရေးလမ်းကြောင်းဖြစ် စေ၊ လူနာပို့ ဆောင် ရေးလမ်း ကြောင်းဖြစ်စေ ကူညီ ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း ၄င်းက ထပ်လောင်းပြောပြခဲ့ပါတယ်။

Photo - CJ

ymg/kg
#Yangon_Media_Group