#LocalNews
Published - 13 June 2022

 

MPTA ၏ ခွင့်ပြုချက်ရ စက်သုံးဆီဆိုင်များအနေဖြင့် မိမိဆိုင်အတွင်း ဆီမပြတ်လပ်စေရေး စီမံဆောင်ရွက်ပြီး ပြတ်လပ်ပါက ဝန်ကြီးဌာနမှ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ကြေညာထားသည်။

 

အဆိုပါကြေညာချက်ကို ဇွန်လ ၁၂ ရက်တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စက်သုံးဆီမပြတ်လပ်စေရန် Importer ကုမ္ပဏီများ၊ စက်သုံးဆီဆိုင်များ၊ SME စက်သုံးဆီဆိုင်များ ဆီပြတ်လပ်မှုမရှိစေရန်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ယင်းအပြင် မိမိဆိုင်တွင်စက်သုံးဆီပြတ်လပ်မည့် အခြေအနေများဖြစ်ပေါ်ပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူများထံ ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ရန်ကုန်တိုင်းအပါအဝင် အခြားတိုင်းနှင့်ပြည်နယ်အသီးသီးတို့တွင် စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ဝယ်ယူရာတွင်လည်း အခက်အခဲများရှိနေကြောင်း ကိုယ်ပိုင်ယာဉ်မာင်းနှင့် အငှားယာဉ်မောင်းတို့၏ ပြောပြချက်အရ သိရသည်။

 

ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည့် စက်သုံးဆီဈေးနှုန်းမှာ ၉၅ တစ်လီတာ ၂၃၇၀ ကျပ်၊ ၉၂ တစ်လီတာ ၂၃၀၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၆၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၁၀ ကျပ်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group