#LocalNews
Published _ 11 June 2022

 

ယမန်နေ့ဇွန်လ ၁၀ရက်တွင် ကန်ပိုက်တီကုန်သွယ်ရေးစခန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကချင်ပြည်နယ်အစိုးရသို့ လှူဒါန်းသည့် အောက်ဆီဂျင်(အိုးခွံ) ၁၀၀၀၊ Mask ၀ ဒသမ ၅ တန်ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယာဉ်စီးရေခြောက်စီးဖြင့် တင်သွင်းခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

ယင်းအပြင်သက်ဆိုင်ရာဌာနများ နှင့်ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ယင်းအပြင်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။

 

ymg/NN
#Yangon_Media_Group