#LocalNews
Published _ 11 June 2022

 

ကုန်သေတ္တာသင်္ဘောလိုင်း အသီးသီး၏ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားလျှက်ရှိပြီး ဇွန်လအတွင်း ကုန်သေတ္တာတင် သင်္ဘော ၅၃ စီး ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

 

ဇွန်လတွင် သင်္ဘောလိုင်း ၁၅ လိုင်းမှ သင်္ဘောများ ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ပြီး SEALAND MAERSK ASIA လိုင်းမှ ၁၂ စီး၊ SITC LINE မှ ငါးစီး၊ I.A.I LINE မှ လေးစီး၊ SAMUDERA LINE မှ လေးစီး၊ C.S.L လိုင်းမှ သုံးစီး၊ EVER GREEN လိုင်းမှ သုံးစီး၊ GOLD STAR LINE မှ သုံးစီး၊ LAND & SEA လိုင်းမှသုံးစီး၊ M.F.S.L လိုင်းမှ သုံးစီး၊ NEW GOLDEN SEA(COSCO) လိုင်းမှ သုံးစီး P.I.L လိုင်းမှ သုံးစီး၊ R.C.L LINE မှသုံးစီး၊ X-PRESS FEEDERS LINE မှနှစ်စီး၊ BAY LINE မှ တစ်စီး၊ BLPL SHPPING လိုင်း မှ တစ်စီး စုစုပေါင်း ၅၃ စီး ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်စီမံပံ့ပိုးမှုဖြင့် ကုန်သေတ္တာဆိပ်ကမ်း တံတားများ၊ သင်္ဘောလိုင်းများနှင့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကုန်သေတ္တာသင်္ဘောများကို Turnaround Time ပျမ်းမျှသုံးရက်ခန့်ဖြင့် ဝန်ဆောင်မှုများ ပေးနိုင်ခဲ့သောကြောင့် သင်္ဘောဝင်ရောက်မှုနှင့် ကုန်ကိုင်တွယ်မှုများ မြင့်တက်လာခဲ့ကြောင်းလည်း သိရသည်၊၊

 

ymg/NN
#Yangon_Media_Group