#Local_News
Published _ 5 August 2022

 

လူစုလူဝေး ဖြစ်ပေါ်၍ JLPT (ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ)2022 December ရန်ကုန်စာဖြေဌာနမှ လျှောက်လွှာ ရောင်းချခြင်းအား ရပ်ဆိုင်းလိုက်ကြောင်း (JLPT) ဂျပန်စာအရည်အချင်းစစ် စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။

 

ယနေ့ ရန်ကုန်စာဖြေဌာနအတွက် N4 Level လျှောက်လွှာများစတင်ရောင်းချမည်ဖြစ်ရာ၊ ယခု နံနက်၅ နာရီ အချိန်တွင်ပင် လာရောက်တန်းစီသူ ခန့်မှန်းဦးရေ ၅၀၀၀ ဦးခန့်ရှိနေပြီးဖြစ် လူစုလူဝေးအဖြစ်သိုh ရောက်ရှိနေပါသောကြောင့် လျှောက်လွှာရောင်းချရန် ခက်ခဲသည့်အခြေအနေဖြစ်ပေါ်နေ၍ N4 Level လျှောက်လွှာရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

 

လျှောက်လွှာများအား Online စနစ်ဖြင့်သာ လက်ခံသွားတော့မည် ဖြစ်ကာ လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်အား ထပ်မံကြေ ညာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ymg/NN
#Yangon_Media_Group