#Local_News
Published - 5 August 2022

 

ပြည်တွင်း စက်သုံးဆီ စက်သုံးဆီ ၉၂ တစ်လီတာဈေးနှုန်း၏ ယနေ့ပေါက်ဈေးမှာ ယခင်နေ့ထက်ထပ်မံကျဆင်းခဲ့ပြီး ကျပ် ၁၇၀၀ အောက်ကျဆင်းခဲ့ကြောင်း စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

သြဂုတ် ၄ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ၁၇၃၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၆၈၀ ကျပ်သို့လည်းကောင်း ၊ ၉၅ တစ်လီတာဈေး ၁၈၀၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၇၄၀ ကျပ်သို့လည်းကောင်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

 

ယင်းအပြင် သြဂုတ်လ ၄ ရက်က ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၁၉၉၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၀၅၀ ကျပ်ရှိခဲ့ရာမှ ယနေ့ ( သြဂုတ်လ ၅ ရက်) တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၀၃၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၀၉၀ ကျပ်အထိ အနည်းငယ်စျေးမြင့်တက်လာခြင်းဖြစ်သည်။

 

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

 

ymg/sth
#Yangon_Media_Group