#Local_News
Published_ 4 Aug 2022

ဂျပန်နိုင်ငံမှ Honeys က ယန်း ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုအသစ်ကို မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ ပြုလုပ်မည်ဖြစ်ဖြစ်ကြောင်း သိရပါတယ်။

 

အမြန်ထုတ်လုပ်ဖက်ရှင် Fast-fashion လုပ်ငန်း Honeys သည် လက်လီအရောင်း ဆိုင်ခွဲများ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပြီး ၎င်း၏ ရောင်းကုန် အဝတ်အစားများ၏ ထက်ဝက်ကျော်ကို မြန်မာနိုင်ငံမှ ရယူရန် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

 

ဂျပန်နိုင်ငံတွင် မေလကုန်တွင် စတိုးဆိုင်ပေါင်း ၈၇၁ ဆိုင် ဖွင့်လှစ်ထားသည့် Honeys အတွက် စျေးနှုန်းချိုသာမှုသည် အဓိက အချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

 

ဂျပန်အ၀တ်အထည်ထုတ်လုပ်သူ Honeys Holdings သည် မြန်မာနိုင်ငံတွင် တတိယမြောက်စက်ရုံကို ယခုလတွင် စတင်ဆောက်လုပ်နေတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ရန်ကုန်မြို့ မင်္ဂလာဒုံစက်မှုဥယျာဉ်တွင် တည်ရှိပြီးဖြစ်သော ၎င်း၏ စက်ရုံဘေးတွင် ဧရိယာ ၁,၆၀၀ စတုရန်းမီတာရှိ စက်ရုံသစ်ကို တည်ဆောက်မှာဖြစ်ပြီး Honeys သည် ၂၀၂၄ ခုနှစ် မေလအထိ ဘဏ္ဍာနှစ် ၂ နှစ်အတွင်း စီမံကိန်းမှာ ယန်း ၁.၅ ဘီလီယံ (ကန်ဒေါ်လာ ၁၁.၃ သန်း) ခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပါတယ်။

 

အမျိုးသမီးဝတ် အမြန်ထုတ်လုပ် ဖက်ရှင်ဆိုင်ခွဲများလုပ်ငန်း Honeys သည် ၎င်း၏ ပစ္စည်းများတွင် အကြမ်းဖျင်းအားဖြင့် အရှေ့တောင်အာရှမှာ ၉၀% ကို ထုတ်လုပ်လျက်ရှိရာ၌ မြန်မာနိုင်ငံတစ်ခုတည်းမှာ ၄၄% ကို ထုတ်လုပ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရှိ စက်ရုံများတွင် အခြားနေရာများထက် စျေးသက်သာစွာ ထုတ်လုပ်နိုင်တယ်လို ဆိုပါတယ်။

 

အဆိုပါ စက်ရုံသစ်တွင် လုပ်သား ၁,၅၀၀ ခန့် အလုပ်ခန့်ထားမှာဖြစ်ပြီး တစ်လလျှင် အဝတ်အထည် အရေအတွက် ၁၀၀,၀၀၀ ထုတ်လုပ်မှာ ဖြစ်ပြီး ထုတ်ကုန်အားလုံးကို ဂျပန်နိုင်ငံသို့ တင်ပို့မှာ ဖြစ်ပါတယ်။

 

ygm_mnn
#Yangon_Media_Group