#Local_News
Published_ 4 Aug 2022

 

တက္ကသိုလ်အားလုံးတွင် သုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဌာနကြီးများအနေဖြင့် အနည်းဆုံး သုတေသန ၃ ခု မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားခဲ့ပါတယ်။

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးပွဲမှာ ဝန်ကြီးကပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

သုတေသနစက်ပစ္စည်းများကို အတော်အသင့် ဖြည့်ဆည်းပေးပြီး ဖြစ်သဖြင့် လုပ်ဆောင်မည့်သုတေသနစာရင်းကို ခန့်မှန်း သုတေသနအသုံးစရိတ်နှင့်အတူ ဦးစီးဌာနသို့ ဩဂုတ်လကုန် နောက်ဆုံးထား၍ စာရင်း ပေးပို့ကြဖို့လည်း ပြောပါတယ်။

 

ygm_mnn
#Yangon_Media_Group