#Local_News
Published -4 August 2022

 

လက်ရှိနယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့မှုသာ မြင့်တက်နေပြီး သွင်းကုန်ပစ္စည်း တင်သွင်းမှုသည် များစွာလျော့ကျနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

 

၂၀၂၂ ခုနှစ်၏ ဘဏ္ဍာနှစ် ၄ လနီးပါးကာလအတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၇၆၅ သန်းကျော် ကုန်သွယ်မှုဆောင်ရွက်ထားနိုင်ပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၆၃၉ သန်းကျော်သာ ဆောင်ရွက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

ယင်းအပြင် ကုန်သွယ်မှုပိုင်းနှင့် ပတ်သက်သည့် ကုန်စည်သယ်ယူပို့ဆောင်ရမှု များစွာလျော့ကျလာပြီး အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လည်ပတ်မှုသည်လည်း ပိုမိုနှေးကွေးလာကြာင်း သိရသည်။

 

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁၅၃ သန်းကျော် ပိုမိုဆောင်ရွက်ထားနိုင်ပြီး သွင်းကုန်အနေဖြင့်အမေရိကန်ဒေါ်လာ ၃၄၅ သန်းကျော် လျော့ကျဆောင်ရွက်ထားကြောင်း သိရသည်။

 

ပြည်တွင်းမှာရှိသည့် ကုန်စည်များကို ပင်လယ်ရေ လမ်းကြောင်းမှ အများဆုံးတင်ပို့နေကြောင်းလည်း သိရသည်။

 

ymg/sth
#Yangon_Media_Group