#LocalNews
Published - 11 May 2022

 

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၂၈/၂)နှင့် (၁၂၈/၃)ကြားတွင် ဒီကနေ့
နံနက်ပိုင်းအချိန်က Hilux Surf ယာဥ်တစ်စီး နောက်ဘီးပွင့်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့
သိရပါတယ်။

 

အဆိုပါ ဖြစ်စဥ်ဟာ ဒီကနေ့ မေလ ၁၁ ရက်၊ နံနက် ၈ နာရီ ၅၀ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဥ်ကြောင့် ကားပေါ်လိုက်ပါလာသူ လူ ၅ ဦးလုံး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

 

Hilux Surf ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီး
သတ်တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းကြက်ခြေနီတပ်ဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ဒေသခံလူမှုကူညီရေးအသင်းတွေက ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက်ကူညီဆောင် ရွက်ပေးခဲ့ရတာပါ။

 

ဒါ့အပြင် ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၄)ဦး တို့ကိုဒေသခံ လူမှုကူညီရေးအသင်း၏ လူနာတင်ယာဥ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

Photo - MFSD

 

ymg/kg
#Yangon_Media_Group