Published_ 12 July 2023

စနစ်ဟောင်းဖြင့် တက္ကသိုလ်ဝင်တန်းမဖြေဖြစ်သူများနှင့် စနစ်ဟောင်းGrade11ကျရှုံးခဲ့သူများအနေဖြင့် စနစ်သစ် ဒွါဒဿမတန်း Grade12 စာမေးပွဲတွင် ပြင်ပဖြေအနေဖြင့် ဖြေဆိုနိုင်သည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှသိရသည်။

စနစ်ဟောင်းနဝမတန်း( Grade 10)အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းဒဿမတန်း Grade11ကိုမတက်ရောက်ဖြစ်သူများအနေဖြင့် ဒွါဒဿမတန်း Grade12 စာမေးပွဲတွင် ပြင်ပဖြေအနေဖြင့် ဖြေဆိုနိုင်မည်ဖြစ်သည်။

‘စနစ်ဟောင်းမှာ ကျရှုံးခဲ့တဲ့သူတွေလည်း စနစ်သစ်မှာပြင်ပဖြေဖြေခွင့်ရတယ်ဆိုရတယ်ဆိုတာအခုမှသိရတာပါ။

စနစ်ဟောင်းစနစ်ဟောင်းဒဿမတန်း Grade11နဲ့ စနစ်သစ် ဒွါဒဿမတန်းGrade12ကတော့ သင်ရိုးတွေကွာခြားတဲ့အတွက် ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ဒွါဒဿမတန်းGrade12သင်ရိုးကို ပြန်သင်ယူပြီးတော့ဖြေဆိုရမှာြဖစ်ပါတယ်’အထက်တန်းပြဆရာမတစ်ဦးမှပြောသည်၊၊

၂၀၂၃ခုနှစ်တွင် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သူ ၁၆၁၈၅၀ဦးရှိခဲ့ပြီး အောင်မြင်သူ၁၀၉၈၅၁ဦးရှိကာ ကျရှုုံးသူ ၅သောင်းကျော်ရှိခဲ့ကာကျရှုံးသူများအနေဖြင့် ၂၀၂၄ခုနှစ်စနစ်သစ် ဒွါဒဿမတန်းGrade12စာမေးပွဲတွင် ပြင်ပဖြေ အနေဖြင့်ပြန်ဖြေဆိုခွင့် ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
Yangon-Times/tthl
#Local_News
#YMG #Yangon_Times