Published_ 12 July 2023

ရန်ကုန်တိုင်းတွင် ပထမ၆လတာအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၄၉၈ဦးရှိ၍ သေဆုံးသူ၃ဦးရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု တတိယအများဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကသိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရန်ကုန်တိုင်း၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတတိယအများအဖြစ်ရှိနေ၍
တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ အင်းစိန်၊ လှိုင်သာယာ လူဦးရေထူထပ်သည့်နေရာများတွင် သွေးလွန်ဖြစ်ပွားမှုပိသွေးလွန်ဖြစ်ပွားမှုပိုများနေကြောင်း၊ တနသ် ာရီတိုင်းသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ပထမအများဆုံးဖြစ်ကြောင်း သိရသည်။

"သွေးလွန်တုပ်ကွေးရောဂါက ကာကွယ်ဆေးတိုက်တာ၊ ဆေးထိုးတာတို့နဲ့ကာကွယ်လို့မရသေးလို့ ခြင်ကိုက် မခံရအောင်ပဲနေရမှာပါ"ဟု ရန်ကုန်တိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကသိရသည်။

ပြီးခဲ့သည့် ၂၀၂၂ခု နှစ် ပထမ ၆လတာ ကာလတူအတွင်းတစ်နိုင်ငံလုံးအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၇၈၃၅ဦးရှိ၍ သေဆုံးသူ ၃၁ဦးရှိခဲ့ကြောင်းသိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီးအထူးသဖြင့် အသက် ၅နှစ်မှ ၉နှစ်အရွယ်ကလေးများတွင် အများဆုံးဖြစ်ပွားလေတုပ်ကွေးရောဂါဖြစ်ပွားသူဦးကလေးများ နေ့လည်အချိန်တွင် ခြင်ကိုက် မခံရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် များကို လိုက်နာကြရန်လည်း ကျန်းမာရေးဝန်ကြီးဌာနကတိုက်တွန်းထားသည်။
Yangon-Times/BM
#Local_News
#YMG #Yangon_Times