Published_ 12 july 2023

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ရှိ ဓညဝတီအားကစားကွင်းကို ပြည်နယ်အဆင့်အားကစားပွဲများကျင်းပနိုင် သည့် မိုးလုံလေလုံအားကစားရုံ၊ ခေတ်မီပြေးလမ်းနှင့်ပွဲကြည့်စင်ပါ အားကစားကွင်းနှင့် အဆင့်မီရေကူးကန်တို့ တည်ဆောက်နိုင်ရေး နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၁ ရက်က စစ်တွေမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် စတုဒီသာများ ချက်ပြုတ်နေမှုများအား သွားရောက်ကြည့်ရှုသည့် ခရီးစဉ်အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ခရီးစဉ်အတွင်း နစက ဥက္ကဌ နှင့် ဇနီး၊ အဖွဲ့ဝင်များအနေဖြင့် စစ်တွေမြို့၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှု ပြတိုက်သို့ သွားရောက်၍ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရခိုင် ရှေးဟောင်းမြို့တော်များပြခန်း၊ ရခိုင်စာပေကဏ္ဍပြခန်း၊ ရခိုင်ရှေးဟောင်း ဒင်္ဂါး များပြခန်း၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများပြခန်း၊ ရခိုင်ဓလေ့ထုံးစံများ ပြခန်း၊ ရခိုင် ပြည်နယ်နှင့် ဗုဒ္ဓယဉ်ကျေးမှုပြခန်း၊ ရိုးရာ ကျင်အားကစားပြခန်း တို့အတွင်းလေ့လာခဲ့ကြကြောင်းလည်း သိရသည်။
Yangon_Times/BM
#Local_News
#YMG #Yangon_Times