#Local_News
Published 11 January 2025
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ယခုနှစ်ဆန်း၌ နိုင်ငံခြားငွေကြေးများဗဟိုဘဏ် ဆက်တိုက်ထုတ်ရောင်းနေကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ငွေလဲနှုန်း ၃၅၈၈ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ငွေလဲနှုန်း ၅၃၈ ကျပ်ဖြင့် တရုတ်ယွမ် ၆၇၈၃၅၄ ၊ ငွေလဲနှုန်း ၁၂၉.၉ ကျပ်ဖြင့် ထိုင်းဘတ် ၂.၄ သန်းကိုလည်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ဇန်နဝါရီလ ၆ ရက်နေ့တွင် ငွေလဲနှုန်း ၃၅၉၁ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ငွေလဲနှုန်း ၁၃၀.၃ ကျပ်ဖြင့် ထိုင်းဘတ် ၂.၈ သန်းများ ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်း ငွေလဲနှုန်း ၅၃၉.၆ ကျပ်နှင့် တရုတ်ယွမ် ၇၁၄,၈၅၃ကိုထုတ်ရောင်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times