#Local_News
Published 11 January 2025

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိလဟယ်မြို့နှင့် ခန္တီးမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ကျင်းပရာတွင် ၂၀၂၅ ခုနှစ်နာဂ ရိုးရာနှစ်သစ်ကူးပွဲတော် ကို  လဟယ်မြို့တွင် ဇန်နဝါရီ၁၅ရက်နေ့တွင် နိုင်ငံတော်အဆင့်အဖြစ် ကျင်းပသွားမည်ဖြစ်သည်။

ထို့အပြင်  ဗဟိုအဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကိုလည်း ခန္တီးမြို့နယ်မှာ ဇန်နဝါရီလ(၁၅)ရက်မှ  (၁၇)ရက် အထိ (၃)ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု(ဗဟို) ၏ (၃၅)နှစ်ပြည့် ကျောက်စိမ်းရတု အထိမ်းအမှတ် နာဂရိုးရာနှစ်သစ်ကူးအားကစားပြိုင်ပွဲဖွင့်ပွဲကိုလည်း ခန္တီးမြို့ နာဂရိုးရာအားကစားကွင်းတွင် ဇန်နဝါရီလ ၇ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသည် ဇန်နဝါရီလ(၁၅)ရက်တွင် ကျရောက်မည့် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု(ဗဟို) ၏ (၃၅)နှစ်ပြည့် ကျောက်စိမ်းရတု အထိမ်းအမှတ်အဖြစ်ကျင်းပနေခြင်းဖြစ်ပြီး အားကစားပြိုင်ပွဲများကို (၈)ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times