#LocalNews
Published - 26 April 2022

 

ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ အသက် (၄၀)အထက်ကို Booster များ ထပ်မံထိုးနှံပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

လက်ရှိမှာလည်း အကြိမ်ပြည့်ကာကွယ်ဆေးထိုးနှံဖို့ အကြုံးဝင်နေပြီဖြစ်တဲ့ အသက် ၁၅ နှစ်အထက်ရှိသူများကို ယခု ဧပြီလမှစလို့ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးနှံပေးနေတာဖြစ်ပါတယ်။

 

"ယခင်ကဆို အသက် ၁၈ နှစ်အထက်ပဲ ထိုးပေးနေရာက ယခု အသက် ၁၅ အထက်ထိုးပေးမှာပါ။
Booster ဆိုလဲယခင်က အသက် ၆၀ အထက်ကိုသာ ထိုးပေးနေရာကနေ အခုဆိုအသက် ၄၀ အထက် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီး ၆ လပြည့်ပြီးသူကို ထိုးပေးမှာမို့ မိမိတိုရပ်ကွက်ရုံးမှာ ဆက်သွယ်ပြီး စာရင်းပေးထိုးနှံနိုင်ကြောင်း အသိပေးအပ်ပါတယ်။

 

အသက် ၁၂ နှစ်အထက်ကျောင်းနေတဲ့ကလေးတွေလဲ ဆက်ထိုးပေးသွားမှာပါ။"လို ကျန်းမာ ရေးပညာရှင် ဒေါက်တာ ခင်ခင်ကြီး က အသိ ပေးပြောကြားထား
ပါတယ်။

 

ဒါ့အပြင် ဒုတိယအကြိမ် (၉)လနှင့်(၁၀)လပိုင်းတွင် ဆေးထိုးထားပြီးသူများသည် တတိယအကြိမ် အပိုထပ်ဆောင်းထိုးပေးခြင်း Booster Dose အစီအစဥ်တွင် မဖြစ်မနေ လာရောက်ထိုးနှံနိုင်ကြောင်းနှင့် ကိုယ်ဝန်ဆောင်များနို့တိုက်မိခင်များလည်း ထိုးနှံနိုင်ပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။

 

ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးတဲ့သူတွေဟာ ကာကွယ်ဆေးထိုးနှံထားပြီးသူတွေထက် (၇)ဆ နီးပါးလောက် သေဆုံးနှုန်းမြင့်မားတာ တွေ့ရသည့်အတွက် ကိုဗစ်ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြဖို့ကိုလည်း ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားပါတယ်။

 

ယခုဆိုရင် မြန်မာနိုင်ငံအတွင်း ၂၈ ဒဿမ ၉၇ သန်းဟာ ကာကွယ်ဆေးထိုးနှံပြီးသွားပြီဖြစ်ပြီး ထပ်ဆောင်းကာကွယ်ဆေးအနေနဲ့ ၁ ဒဿမ ၂ သန်းကို ထိုးနှံပြီးသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ဖြူးမြို့တွင် ဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုများအား ယခုလိုတွေ့မြင်ရစဥ်။

 

ymg/kg
#Yangon_Media_Group