၁၃ ဧပြီ ၂၀၂၅

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် သင်္ကြန်အဖြစ်ယနေ့ မြန်မာနိုင်ငံအနှံ့စတင်ဆင်နွှဲကျင်းပနေရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်၌ ကျင်းတဲ့ ” အေးသင်္ကြန်” ၌ တက်ရောက် ဆင်နွှဲခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ နစကကောင်စီဝင်များနှင့်ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြပါတယ်။

မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သပြေခက်များဖြင့် အတာသင်္ကြန်ရေကိုပက်ဖြန်းပေးပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ဆင်ယင်ကျင်းပနေခြင်းဖြစ် ပါတယ်။ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီးတို့က .မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်စုကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကိုဂုဏ်ပြုသော အားဖြင့် သနပ်ခါးလိမ်းသည့်ဓလေ့အား .သရုပ်ဖော်ခြင်းကို ကြည့်ရှုအားပေးကြပြီး သနပ်ခါးများလိမ်းခြယ်ပေးခဲ့ ကြပါတယ်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် သက်ကြီးရွယ်အို အဘိုးအဘွားများအား လက်ဆောင် ပစ္စည်းများပေးအပ်ပြီး မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း၊ လက်သည်းညှပ်ပေးခြင်းတို့ ပြုလုပ်ပေးနေမှုများနှင့် စတုဒီသာကျွေးမွေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါတယ်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သည် ယမန်နှစ်က ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ပါဝင်ခဲ့ရာ ယခုနှစ်သင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ထူးခြားစည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း မတ် ၂၈ ရက်တွင်ဖြစ်ပွားခဲ့

သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်ခံစားခဲ့ကြရသည့် ဒေသများ၌နစ်နာဆုံးရှုံးခဲ့ရမှုများကို စာနာထောက်ထားသောအားဖြင့် ယခုနှစ်  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အပျော်အပါးနှင့်သီဆိုကခုန်ခြင်းမပါဘဲ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု   အစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့ သည့်သင်္ကြန်၊ အေးချမ်းသာယာသည့်သင်္ကြန်အဖြစ် ကျင်းပ၍ နှစ်သစ်အတာကူးပြောင်းကြမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Thingyan2Thingyan4Thingyan7