၁၃ ဧပြီ ၂၀၂၅

မြန်မာနစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုုင်ကို  ယခုလစောစောပိုင်းက ဘန်ကောက်မြို့တွင် နိုင်ငံတကာ ထိပ်သီးဆွေးနွေးပွဲတစ်ခုသို့ ဗိုလ်ချုပ်မှူးကြီးတက်ရောက်လာစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါတရာက‌ တွေ့ဆုံခဲ့တယ်လို့ ဧပြီ ၁၃ ရက် နေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သက်ဆင်က ဗိုလ်ချုပ်မှူးကြီးနှင့်တွေ့ဆုံစဉ် မြန်မာခေါင်းဆောင်ကို ခုခံရေးအဖွဲ့များနှင့် ငြိမ်းချမ်းရေးစကား ပြောဆိုဖို့ အကြံပြုခဲ့တယ်လို့ ပြောပါတယ်။

သူတို့နှစ်ဦးသည် ဧပြီ ၄ရက်က ဘန်ကောက်တွင်ကျင်းပတဲ့ ဘင်မ်စတက်အစည်းအဝေးကာလအတွင်း တွေ့ဆုံ ခဲ့ကြတာဖြစ်တယ်လို့လည်း သက်ဆင်က ထုတ်ဖော်ပြောပါတယ်။

“ သူ့ကို ကျွန်တော်ပြောဖို့အခွင့်အရေးရခဲ့တယ်။ ဘာဖြစ်လို့လဲဆုတော့ ကျွန်တော့်အနေနှင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်ဖြစ်ထွန်းတာကို မြင်တွေ့လိုလို့ဖြစ်တယ်” လို့ သက်ဆင်ကပြောပါတယ်။

သက်ဆင်က သူ့အနေနှင့် အဲဒီတွေ့ဆုံမှုမတိုင်ခင် ကမ္ဘာ့စူပါပါဝါနိုင်ငံတွေနှင့် ဆက်သွယ်ပြောဆိုခဲ့တယ် လို့လည်းဆိုပါတယ်။ သူအနေနှင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးမှုများကတစ်ဆင့်  အကြမ်းဖက်  မှုတွေ အဆုံးသတ်တာ ထိုင” ်းနိုင်ငံအနေနှင့်မြင်တွေ့လိုတဲ့ဆန္ဒရှိတယ် လို့လည်း သူကပြောပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးမှုများကတစ်ဆင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်တာ မြင်တွေ့လိုတဲ့   အကြောင်း စူပါပါဝါနိုင်ငံတွေကို ကျွန်တော် အမြဲပြောခဲ့တယ်” လို့ သူကပြောပါတယ်။

ငြိမ်းချမ်းရေးအတွက်လမ်းကြောင်းရှာဖွေရာမှာ နစကအစိုးရနှင့် တိုက်ရိုက်စကားပြောဖို့လိုတယ်လို့ သက်ဆင်က ပြောဆိုလိုက်ပြီး ထိုင်းနိုင်ငံအနေနှင့် နစက နှင့် ခုံခံရေးအဖွဲ့တွေအကြား စေ့စပ်ဖြန်ဖြေသူအဖြစ် ဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံဟာ စစ်အစိုးရကို ထောက်ခံတယ်လို့ တွက်ဆကြမှာ စိုးရိမ်တဲ့အတွက် သူ့သမီးဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝါတရာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နီးနီးကပ်ကပ် မဆက်ဆံဖို့ ထိုင်းပညာရှင်တွေက ပြောနေတဲ့ကြားထဲကနေ သူ့အနေနှင့် ဗိုလ်ချုပ်မှူးကြီးကိုတွေ့ဆုံခဲ့တာဖြစ် တယ်လို့လည်း သက်ဆင်က  ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့ အကြံပြုချက်ကို လက်ခံတယ်လို့ သက်ဆင်က ပြောပါတယ်။ ပြီးတော့  တရားဝင်  ဆွေးနွေးပွဲမစတင်ခင် နောက်ထပ်ဆွေးနွေးတာတွေလိုအပ်လိမ့်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောတယ် လို့ သူက ဆိုပါတယ်။

“ ကျွန်တော့်အကြံပြုချက်ကို သူအလေးထားပါတယ်။  ငြိမ်းချမ်းရေးဆွေးနွေမှု မစတင်ခင်မှာ သူနှင့် ကျွန်တော် သူ အကြိမ်များစွာ ပြောဖို့လိုပါဦးမယ်” လို့ သက်ဆင်ကပြောကြားလိုက်ပါတယ်။

သက်ဆင်က သူ့အနေနှင့် မြန်မာနိုင်ငံမှာစီစဉ်ထားတဲ့ရွေးကောက်ပွဲကိစ္စကိုတော့ မဆွေးနွေးဖြစ်ခဲ့ဘူးလို့ ဆိုပါ တယ်။  အာဆီယံအနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစမလုပ်ဘဲ၊ နိုင်ငံရေးအကျဉ်းသားတွေမလွှတ်ဘဲ ရွေးကောက်ပွဲလုပ်မှာကို ဆန့်ကျင်တဲ့ရပ်တည်ချက်ရှိတာကိုလည်း သူသိပါတယ်လို့ သက်ဆင်ကပြောပါတယ်။

Source The Nation